Tuesday, November 29, 2016

အသုဘ​ရှေ့မှသံဃာများကြွ​ကောင်းပါသလား..

ဝိနယသမူဟ ၀ိနိစ္ဆယတွင် ဖြေထားချက်အား ဖော်ပြပါမည်..။
      ""ယခုကား ကျေးတောရပ်ရွာဒေသများမှာ မသာအသုဘရှိရာ ရွာတွင်း ပြည်တွင်းသို့ဝင်၍ များသောအားဖြင့် မသာရှေ့က သွားကြ လိုက်ကြသည်။
   ယင်းသည် ၀ိနည်း ပညတ် သိက္ခာပုဒ်တော်နှင့် လျော်...မလျော်.. ညီ..မညီ... လဇ္ဇီ သူတော်ကောင်းတို့ အလေ့အကျငိ့ဟုတ်.. မဟုတ် သိလိုပါသည်.....တဲ့ .

➳ ➳ မတာနံပရိဝါရတ္ထံ အာဂစ္ဆန္တူ တိပက္ကော
...   သန္တိ နဂန္တဗ္ဗံ....
  
         လူသေ အသုဘတို့၏ အခြံအရံ အလို့ငှါ ကြွတော်မူပါကုန်လော ဟု ပင့်လာကုန်အံ့.. မလိုက်.. မသွားအပ်...။
           (တတိယပါရာဇိက အဋ္ဌကထာ  )
   ❆ ❆ သိဝထိကဒဿ     နေ . အသုဘ ဒဿ    နေစ မရဿ     တိံ... ပဋိလဘိဿာ မာတိ ကမ္မဋ္ဌာနသိသေန ဂန္တုံ ၀ဋ္ဋတိ....
        သုသာန် တစပြင်ကို မြင်ရသော်လည်းကောင်း... အထူးထူး အထွေထွေ  လူသေတို့ကို မြင်ရသော်၎င်း...    မရဏဿ     တိရကုန်အံ့ဟု အသုဘကမ္မဋ္ဌာန်း မရဏဿဘ. တိ ကမ္မဋ္ဌာန်းကို အရင်းမူသဖြင့်   သွားသင့်၏...။
              ( တတိယပါရာဇိက အဋ္ဌကထာ )
➳ ➳ ➳ ဂန္တုံ ၀ဋ္ဋတီတိ ပရိဝါရတ္ထာယ အာဂစ္ဆန္တူ တိ ၀ုတ္ထေပိဧ၀ံသလ္လက္ခေတွာ ဂန္တုံ ၀ဋ္ဋတိ....
     သွားသင့်၏ ဟူသည်ကား အသုဘ တို့၏ အခြံအရံ အလို့ငှါ ကြွတော်မူပါကုန်လော   ... ဤသို့ ပင့်ခေါ်လာသောလည်း.
ဤသို့အဋ္ဌကထာဆိုတိုင်း ကမ္မဋ္ဌာန်းကို. မှတ်၍  သွားသင့် ...ကြွသင့်၏...။
                        ( သာ၇တ္ထဋီ ) 
       မှတ်ဖွယ်အဓိပ္ပါယ်အချုပ်ကား...
    ❆ ❆ အသင့်အတင့် ကမ္မဋ္ဌာန်းတရားကို နှလုံးထားနိုင်လျှင် ရွာတွင်း.. မြို့တွင်းမဆို... အခြံအရံ အလို့ငှါ ကြွတော်မုပါဟု ပင့်ခေါ်လာသော်လည်း... လိုက်သွားအပ်၏..။
****အသုဘရှုကြွတော်မူပါ...စသော ဓမ္မယုတ္တတရားန့င့် လျော်သော.... ကပ္ပိယ... အပ်သော စကားဖြင့်   ပင့်ခေါ်လာမူကား    သွားအပ်သည်သာတည်း...။
     ❆ ❆ မသာ အသုဘ၏ ပရိသတ် အခြံအရံ အစည်အပင် အတင့်အွ ကိုလိုသော... အယောနိသေညမနသိကညရ...
မသင့်မတင့် နှလုံးသွင်းမူ ကမ္မဋ္ဌာန်းမှ လွတ်သောစိတ်ရှိမူကား  ""အသုဘကြွပါ ..."""စသောူုဓမ္မယုတ္တတရားနှင့် လျော်သော ..ကပ္ပိယ အပ်သော စကားဖြင့် ပင် ပင့်ခေါ်လာသော်လည်း..မသွားအပ် မလိုက်အပ်ပေ...။...။
ထိုသို့မှတ်ယူသော... ပညာရှိနည်းမှီ လဇ္ဇီသူတော်ကောင်းတို့.   ကဲ့ရဲ့ပြစ်တင်ခြင်းမကင်းလွတ်ရာသော သဘောရှိ၍ မပင့်အပ်... မသွားအပ်...ဟု မှတ်ယုရမည်...။....
  #ဤကား၁၂၁၇ ခုနှစ် အမရပူရေ၇ွှမြိုတော် ဗန်းမော်ဆရာတော်ဘုရားကြီး၏  အဆုံးအဖြတ် ဖြစ်ပါသည်..။...

No comments:

Post a Comment