Sunday, November 27, 2016

ပဓာနစကားကြီး ( ၃ ) ခွန်း

(၁) သစ်​ပင်​. ခြုံ. မြက်​. သရက်​. ပိန္နဲ စသည်​တို့မှာ မျိုး​စေ့ရှိမှ ဖြစ်​နိုင်​သည်​..။
(၂ ) လူတို့၏ ချမ်းသာစီးပွား ပစ္စည်းဥစ္စာ တို့မှာ ​ရှေးကုသိုလ်​ကံတို့မှ ရနိုင်​သည်​..။
( ၃ ) လူတို့၏ ယခုဘဝ ယခုသန္တန်​တွင်​ မဂ်​ဥာဏ်​ ဖိုလ်​ဥာဏ်​ နိ​ဗ္ဗာန်​ရ​ရေးမှာ ​ရှေးပါရမီ​ရှိမှ ရနိုင်​ကြသည်​..။

     အထက်​ပါစကားကြီး သုံးခွန်းနှင့်​ပတ်​သက်​၍ သစ်​ပင်​ ခြုံပင်​​ပေါက်​ရန်​ မျိုး​စေ့သည်​ ပဓာန ဖြစ်​​သော်​လည်း ... ထိုမျိုး​စေ့ရှိယုံဖြင့်​ မလုံ​လောက်​ဘဲ ​နေ.. ​ရေ.. ​မြေ. လယ်​လုပ်​သူ၏ ဝီရိယ စသည်​တို့ လို​သေးသည်​..။
    လူတို့စီးပွား.. ပစ္စည်း..  ဥစ္စာ  ချမ်းသာ​ရေး၌ ​ရှေးကုသိုလ်​ကံသည်​ ပဓာနဖြစ်​​သော်​လည်း မိဘ ဆရာသမားတို့၏ အဆုံးအမ .. လူတို့၏ ဝီရိယ စသည်​တို့ လိုအပ်​​သေးသည်​...။
    ထို့​နောက်​ ယခုဘဝ မဂ်​ ဖိုလ်​ ရ​ရေး.. နိ​ဗ္ဗာန်​ရ​ရေးမှာ #​ရှေးပါရမီ​ဟောင်း သည်​ ပဓာန ဖြစ်​​သော်​လည်း လူတို့၏ လက်​ငင်းဘဝ၌ ဥပဇ္ဈာယ်​ဆရာ​ကောင်း ... လူတို့၏ ဝီရိယ စသည်​တို့ လိုအပ်​​ကြောင်း ရှင်​လင်း​သောကြားခဲ့သည်​..။
    လယ်​တီဆရာ​တော်​ဘုရားကြီးကပင်​..
အချို့​သော ​ဗုဒ္ဓဘာသာဝင်​ သူ​တော်​စင်​တို့က ယခုလက်​ငင်း ရရှိထားတဲ့ ဘဝကို တန်​ဖိုးမထားဘဲ ​နောင်​ပွင့်​လတ္တံ့  ​သော အရိ​မေ​တ္တေယျမြတ်​စွာဘုရား လက်​ထက်​၌သာ ကျွတ်​တမ်းဝင်​လို​သော ဆန္ဒ ရှိကြသည်​..။
    ဤသို့​သော ပုဂ္ဂိုလ်​တို့အတွက်​ ​နောင်​အရိ​မေ​တ္တေယျ ဘုရား သာသနာမှာ ရပါလိမ့်​မည်​ဟု ထင်​တတ်​ကြသည်​..။
   သာသနာကြီးနှင့်​ ​တွေ့ကြုံပါလျှင်​ ထင်​ကြတိုင်းပင်​ ပါနိုင်​ကြပါ၏..။
⭐⭐
    သာသနာ​တော်​ကြီး နှစ်​ပါး၏ အကြား၍က သာသနာပ ဘဝ ကန္တာရ ခရီး အမိုက်​နယ်​ကြီးမှာ အ​မှောက်​အမှားကြီး ဘယ်​​ရွှေ့ ဘယ်​မျှ ​တွေ့ကြုံရလိမ့်​မည်​ မသိ..။ သတိမူကြ​လေကုန်​...... ဟူ၍ လယ်​တီဆရာ​တော်​ဘုရားကြီး၏ နိယာမဒီပနီကျမ်းတွင်​​ဖော်​ပြထားသည်​..။
   ➳ ➳  မြတ်​စွာဘုရား ပရိနိဗ္ဗာန်​စံ​တော်​မူခါနီးတွင်​ သုဘဒ်​ရဟန်းအား... """ ငါဘုရား သာသနာ​တော်​တွင်​ ငါ ညွှန်​ကြားပြသခဲ့​သော ဝိပဿနာ တရားကို ​ကောင်းစွာကျင့်​ကြံ အားထုတ်​ပါက ဤ​လောက၌ ရဟန္တာပုဂ္ဂိုလ်​ထူးများ မဆိတ်​သုန်းနိုင်​​သေး.. """" ဟု ​ဟော​တော်​မူခဲ့သည်​..။
    🌹🌹 ဝိပဿနာတရားကို ကျင့်​ကြံအားထုတ်​နိုင်​ပါက ဤဘုရား သာသနာတွင်​ပင်​ ​သောတာပန်​..  သဂဒါဂါမ်​.. အနာဂါမ်​များနှင့်​ ရဟန္တာများလည်း ဖြစ်​နိုင်​​သေး​ကြောင်း.. ( ဝါ ) မဆိတ်​သုန်းနိုင်​​သေး​ကြောင်း ယုံကြည်​စွာ  လက်​ခံပြီး ကျင့်​ကြံအားထုတ်​ရန်​ တိုက်​တွန်းလိုပါသည်​..။

No comments:

Post a Comment