Friday, December 2, 2016

ကြောက်တတ်ရင်ရှေ့တိုး

ဒီရေတက်တော့မယ်ဆိုရင် တံငါလှေတွေဟာ ပင်လယ်အတွင်းပိုင်း ရေနက်ထဲရောက်နိုင်သမျှ ရောက်အောင် တိုးဝက်ရတယ်..။
နောက်ပြန်ဆုတ်ဖို့တော့ မကြိုးစားနဲ့..။

ကမ်းပေါ်မရောက်ခင် ဒီရေလှိုင်းက မှီလာလို့ကတော့ ကမ်းနဲ့လှိုင်းကြားမှာ တစ်စစီဖြစ်သွားမယ်..။
  အဲ့ဒီမှာ သတိထားကြည့်..
   သမုဒ္ဒရာရဲ့ ဒီလှိုင်းရဲ့ ဘေးရန်ကို ကြောက်ရင် နောက်ပြန်မဆုတ်ဘဲ ရေနက်ရာ ရှေ့ကိုတိုးသွားရသလို ..... သာသနာတော်မှာလည်း ကိုယ်စွမ်းနိုင်သမျှ ဒါန.. သီလ.. ဘာဝနာ.. တို့ကို အားထုတ်တဲ့နေရာမှာ ဆင်းရဲတစ်ခုခု ကြုံလာလို.. ဒီဆင်းရဲကို ကြောက်တယ်ဆိုရင် နောက်မဆုတ်လိုက်နဲ့... ရှေ့တိုးနိုင်သမျှ တိုးကျင့်ရမယ်..။
      ရှေ့တိုးနိုင်သမျှ တိုးလို့ အနည်းဆုံး ... သင်္ခါရ တရားတို့ရဲ့ ဖြစ်တတ်..ပျက်တတ်တဲ့ သဘောကို သိမြင်တဲ့ ဝိပဿနာဥာဏ် လောက်မှ အခြေခံ ရှိမထားဘူးဆိုရင်.. ဒုက္ခလှိုင်းကြားထဲမှာ တစ်စစီဖြစ်သွားလိမ့်မယ်..။
     ဒါဟာ သမုဒ္ဒရာ နဲ့ သာသနာတော်တို့ရဲ့ ထူးခြားတဲ့ အံ့ဖွယ်တစ်ပါပဲ..။
   #ဆင်းရဲလေလေသံဝေရရ.. ဆိုတဲ့စကားဟာ ဒီသဘောကို ပြောတာပါ..။
   ဆင်းရဲနဲ့ကြုံရင် သတိနဲ့ယှဉ်တဲ့ #သံဝေဂတရားလက်ကိုင်ထားပြီး.. တရားကိုပိုမိုအားကိုးရမယ်..။ တိုးပြီးအားထုတ်ရမှာဖြစ်တယ်..။
    အိုမှု.. နာမှု့.. အလိုမကျမှု့ဆိုတဲ့ လောကဒုက္ခ. ခန္ဓာဒုက္ခ တွေနဲ့ ရင်ဆိုင်တွေ့တဲ့အခါ ကြောက်လို့်ဆိုပြီး   တရားလက်လွှတ် နောက်ဆုတ်လိုက်ရင် ပူဆွေးငိုကြွေး ရုံကလွဲလို့်  ဘာများတတ်နိုင်ကြသလဲ...။
   ပူဆွေးငိုကြွေး တယ်ဆိုတာဟာ တရားကိုသဘောနဲ့ကြည့်တော့   ဆုတ်နစ်ဒေါသဆိုတဲ့ အကုသိုလ်တရားတွေ..
                      ဒီအကုသိုလ် တရားတွေကို ရင်ဝယ်ပိုက်ပြီး ဘဝတစ်ခုကို နိဂုံးချူပ်လိုက်ရမယ်ဆိုရင်...............
  ရခဲတဲ့လူ့ဘဝ.. ကြုံခဲတဲ့ သာသနာတို့နဲ့ တွေ့ဆုံခွင့် ရတယ်ဆိုတာကလည်း ကံမျိုးစေ့.. ပါရမီမျိုးစေ့ အလွန်ကောင်းခဲ့လို့သာ ကြုံရဆုံရတာပါ..။
    "" ယောစဝဿသတံဇီဝေ."" . စတဲ့ မြတ်စွာဘုရားရှင် အဆုံးအမတော်အရ ဆိုရင် သင်္ခါရ တရားကိုသိတဲ့ ဖြစ်မှု့ပျက်မှု့ကို သိတဲ့ ဥဒယဗ္ဗယ ဥာဏ်ပညာမရှိဘဲ အနှစ်တရာ အသက်ရှည်ရတာထက်.. ဒီဥာဏ်မျိုးရှိပြီး တစ်ရက်လောက် အသက်ရှည်ရသူက သာသနာနဲ့ ကြုံကြိုက်ခွင့် ရကျိုးနပ်သူလို ဆိုနိုင်အောင် မြတ်တယ်လို့ ဆိုထားပြန်တော့....
         ဒီသင်္ခါရတရားတွေ ဖြစ်ပျက်ဖောက်ပြန်နေတာကို ဥာဏ်နဲ့မမြင်ဘဲ ဒဏ်လို့်  ထင်ပြီး ကြောက်လန့်နေသူတို့ အတွက်..
  **တကယ်တမ်း ကြောက်တတ်တယ်ဆိုရင်..........................................×××××××××.................
    ✏ ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

No comments:

Post a Comment