ရှေ့အခါ က ဗာရာဏသီပြည် သာမ မင်းကြီး ၌ ပဏ္ဍဝ မည်သော မင်္ဂလာ မြင်း
တစ်ကောင် ရှိ လေ၏။ ထို မြင်းတော် သည် ခြေခွင် ရောဂါ
ဖြစ်ပေါ်လေ ၏ ။ သမားတော် များ ကုသသော်လည်း မပြောက် ။ ထိုအခါ မင်း
၏ ပညာရှိ အမတ် သည် မြင်းတော် ချေ ခွင်ရခြင်း အကြောင်းကို
လေ့လာစုံစမ်း လေ ၏။ ပညာရှိ အမတ်ကြီး သည် မြင်းတော်ထိန်း
ချေခွင်နေကြောင်း တွေ့ရ ၍ မြင်းထိန်းကို အတုယူမှား
ကာ
မြင်းတော်ခြေခွင် ခြင်း ဖြစ်ကြောင်း သိလေ၏ ။ ထို့ကြောင့်
မြင်းထိန်းပြောင်း ၍ ခြေကောင်းသော မြင်းထိန်း ကို
ထိန်းကျောင်းစေ ၏ ။ မင်္ဂလာမြင်းတော် လည်း ထို အချိန်မှ စ ၍
ခြေခွင် ရောဂါ ပြောက် လေ ၏။ တံငါ နား နီး တံငါ ၊ မုဆိုး နားနီး
မုဆိုး ဖြစ်တတ်လေ၏။ ထိုကြောင့် ကလေး သူငယ် များ၊ တပည့် သား
သမီးများ ၏ အတု ယူ စရာ ဖြစ်အောင် မိဘများ ဆရာများ ဘက်ကလည်း နေထိုင်
တတ်ဖို့ အရေးကြီး လှကြောင်း သတိပြုသင့်ပါသည်။
( မှတ်ချက် ၊ အမြင်မတော် သော ဆရာမ တစ်ဦး ၏
ဝတ်စားပုံ ကို မြင်မိ ၍ ယ္ခုဇာတ်လမ်း ကို ဓမ္မနှင့် အညီ
ရေးသားခြင်းဖြစ်ပါ သည်။ )
အားလုံးသော စာဖတ်သူ ဓမ္မမိတ်ဆွေ အပေါင်း ကျန်းမာချမ်းသာကြပါစေ။
အရှင် ဗုဒ္ဓသိဿ
No comments:
Post a Comment