* အရေးမလှ၊ တွေးသမျှ၊
ဆွေးရတာလည်း ဒီစိတ်ပဲ...
* အပြစ်မမြင်၊ အနှစ်ထင်၊
ချစ်ချင်တာလည်း ဒီစိတ်ပဲ...
* အကန်းအသွင်၊ အရမ်းနင်၊
ကြမ်းချင်တာလည်း ဒီစိတ်ပဲ...
* ချစ်ဖို့လည်းကောင်း၊ မုန်းဖို့ကောင်း၊
ပြောင်းနေတာလည်း ဒီစိတ်ပဲ...
* ဒါန သီလ၊ ဘာဝနာ၊
ပြုချင်တာလည်း ဒီစိတ်ပဲ...
* သာသနာကို၊ မကြည်ညို၊
တွန့်တိုတာလည်း ဒီစိတ်ပဲ...
* တစ်မဂ်တစ်ဖိုလ်၊ ရက်တိုတို၊
ရောက်လိုတာလည်း ဒီစိတ်ပဲ..... ။
{ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံတောင်
ရပ်ကွက်၊ အရှေ့မင်းလမ်း၌ မနာပဒါယီ အရှင်ဝိစိတ္တ(ကိုးရီးယားဆရာတော်) ဟောကြားတော်မူသော
"နေရာတိုင်းမှာ ကုသိုလ်ရှိတယ်" တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်
သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment