Sunday, December 11, 2016

ဦးကျည်ပွေ့ ကို အားနာတယ်

မြန်မာလူမျိုးအများစုဟာ အတန်းပညာမသင်ခဲ့ရဘူးဆိုပြီး ကိုယ့်ကိုကိုယ် အား
ငယ်နေတက်တယ် အဲဒါကြောင့် ကိုယ့်ဘဝကိုကိုယ် မြင့်မားအောင်မစွမ်းဆောင်နိုင်
ကြတော့ဘူး
လွဲလိုက်တဲ့ လွဲချက် ပါပဲ
တခြားအယူဘာသာတွေမှာဆိုရင်တော့ မှန်တယ် ခေတ်ပညာကိုမတက်ရင်တော့
အနည်းနဲ့ အများတော့ အောက်ကျတယ်
အထင်အမြင်သေးတာ ခံရတယ်


ကဲ ဗုဒ္ဓဘာသာမှာ လေးဦး အကြောင်း
ပြောပြမယ်
#ဦးကျည်ပွေ
#လယ်တီဆရာတော်
#မဟာစည်ဆရာတော်
#မိုးကုတ်ဆရာတော်
ဘုရင်က ငရုတ်ကျည်ပွေ့ သာ အတက်ပေါက်မယ် နင်ဘယ်တော့မှ စာမတက်ဘူးလို့ အပြောခံခဲ့ရလို့  မခံချင်စိတ်နဲ့  ဗုဒ္ဓစာ
ပေတွေကိုမနေမနားဖတ်ခဲ့တာ
ဗုဒ္ဓသာသနာတော်ကြီး ကွယ်ပျောက်လုအချိန်မှာ တရုတ်မင်းကူဗလိုင်ခန့် ဆီကို
စကားစစ်ထိုးဖို့ သွားရောက်ခဲ့တယ်
ကူဗလိုင်ခန့် နဲ့ စကားရည်လုတာ
အနိုင်ရ ရှိခဲ့လို့  ဗုဒ္ဓရဟန်းတော်တွေကို
တောထဲကနေပြန်ပင့်ပြီး သာသနာတော်ကိုအသက်ဆက်ခဲ့ရလို့  ဒီနေ့ ထိသာသနာတော် ရှင်သန်ခွင့်ရနေတာ
လယ်တီဆရာတော်ကြီးရဲ့ လယ်တီဒီပနီ
ဆိုတာ ဥရောက ထိပ်တန်းပညာရှင်
လန်ဒန်ပါလီဒေဝီ လိုမျိုးခေတ်
ပညာတက်တွေကတောင် လေ့လာလို့ 
မမှီနိုင်ပါဘူးလို့  ဝန်ခံခဲ့ဘူးတယ်
မဟာစည်ဆရာတော်ဘုရားကြီးရဲ့
ဝိပဿ နာရှူ့ နည်း ကျမ်းစာအုပ်တွေဟာ
ဥရောပတိုက်မှာ အကြိမ်ပေါင်းများစွာ
ရိုက်နှိပ်ထုတ်ဝေခဲ့ရတဲ့ တကမ္ဘာလုံးကပညာရှင်တွေ ဒီနေ့ ထိလေ့လာနေကြရတဲ့
အကြီးကျယ်ဆုံး အခန်းနားဆုံး အလေးနက်ဆုံး ကျမ်းစာအုပ်တွေပေါ့
မေးချင်တာက
အဲဒီဆရာတော်ကြီးတွေဟာ
ဓာတုဗေဒ ရူပဗေဒ ဇီဝဗေဒ စတဲ့
ခေတ်ပညာတွေကို ဘယ်သူ သင်ခဲ့ဘူးလဲ
ပြောချင်တာက
ခေတ်ပညာမတက်ပေမဲ
ဗုဒ္ဓစာပေတွေကိုသာ
ကျွမ်းကျင်အောင် ဖတ်ရှူ့ လေ့လာကြစမ်းပါ
ခေတ်နဲ့ ညီအောင်တွေးခေါ်နိုင်တယ်
အရာရာကိုမှန်ကန်အောင်သုံးသပ်နိုင်
တယ် လောကီပညာတက်သူတွေကို
ဗုဒ္ဓစာပေတွေနဲ့ လွှမ်းမိုးနိုင်တယ်
ဘာသာခြားတွေမှာ
အဲဒီအခွင့်အရေးမျိုးမရှိဘူး
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေက
ခေတ်ပညာမတက်ဘူးဆိုပြီး
ဘာ့ကြောင့်ဝမ်းနည်းနေကြသနည်
ဗုဒ္ဓစာပေတက်ကျွမ်းလေ
ထိပ်ကိုရောက်လေဆိုတာ
ဘယ်တော့မှမမေ့ကြပါနဲ့လို့ 
သတိပေးပါရစေ အကြံပေးပါရစေ
Credit to Than Bula
MS

No comments:

Post a Comment