❦ ❦ ဖြေ.. ❦ ❦
ရှိပါတယ်..။
သောရေယျ သူဌေးသားဟာ လှပသပ္ပါယ် ကြည်ညိုဖွယ်ကောင်းတဲ့ ရှင်ကစ္စည်းမထေရ်ကို တွေ့တဲ့အခါ
...."" ဒီမထေရ် ငါ့မယားလေးဖြစ်ရင် ကောင်းမှာပဲ.. ငါ့မယားလေး ဒီမထေရ်လိုလှရင် ပိုချစ်မှာပဲ.."""...
ဟု စိတ်ကပြစ်မှားမိတယ်..။

သူဌေးသားဟာ ချက်ခြင်း မိန်းမသားဘ၀ပြောင်းသွားတယ်..။
မိန်းမဘ၀နဲ့ သိဟောင်း ကျွမ်းဟောင်းတွေ သိကုန်မှာစိုးလို့ တက္ကသိုလ်ပြည်ကို
ထွက်ပြေ့းပြီး သူဌေးသား တစ်ယောက်နှင့် အိမ်ထောင်ကြကာ သားနှစ်ယောက်ရတယ်..။
ထို့နောက်.. ကန်တော့တောင်းပန်လျှင် အပြစ်ပျောက်မှန်း သိ၍
ရှင်မဟာကစ္စည်းမထေရ်ကို သွားရောက် ကန်တော့တောင်းပန်လိုက်တယ်.. အဲ့ဒီအခါမှ
ယောကျာ်းပြန်ဖြစ်တဲ့ အကြောင်း ဓမ္မပဒ အဋ္ဌကထာ မှာ ပြဆိုထားပါတယ်..။
*** နောက်ထပ်သာဓကတစ်ခုက...
ရဟန်းငယ် တစ်ပါးနှင့် ရဟန်းကြီးတစ်ပါး ဆွမ်းခံအတူတူကြွာရာမှာ အိမ်တစ်အိမ်က ဆန်ပြုတ် တစ်ပန်းကန်စီ ရပါတယ် ။
ရဟန်းငယ် တစ်ပါးနှင့် ရဟန်းကြီးတစ်ပါး ဆွမ်းခံအတူတူကြွာရာမှာ အိမ်တစ်အိမ်က ဆန်ပြုတ် တစ်ပန်းကန်စီ ရပါတယ် ။
ရဟန်းကြီးက ဆာလောင်အားကြီးလို့ လေနာထနေတာနဲ့ လူသူရှင်းတဲ့
တစ်နေရာမှာထိုင်ပြီး ဆန်ပြုတ်ကို ဘုဉ်းပေးလိုက်ပါတယ်..။ ဒါကို
ရဟန်းငယ်မြင်တော့ ..
""" ဒီကိုယ်တော်ကြီးကလဲ အစားငမ်းလိုက်တာ အရှက်မရှိဘူး.."""
လို့ ကဲ့ရဲ့ရှုတ်ချလိုက်ပါတယ်..။
ကျောင်းပြန်ရောက်တော့ ရဟန်းကြီးက ရဟန်းငယ်ကို ဘယ်မဂ်ဖိုလ်အထိ ရပြီလဲ လို့ မေးပါတယ်..။
""" ဒီကိုယ်တော်ကြီးကလဲ အစားငမ်းလိုက်တာ အရှက်မရှိဘူး.."""
လို့ ကဲ့ရဲ့ရှုတ်ချလိုက်ပါတယ်..။
ကျောင်းပြန်ရောက်တော့ ရဟန်းကြီးက ရဟန်းငယ်ကို ဘယ်မဂ်ဖိုလ်အထိ ရပြီလဲ လို့ မေးပါတယ်..။
ရဟန်းငယ်က သောတပန်ဖြစ်ကြောင်း ပြန်ပြောတဲ့ အခါ "" သင်
အထက်မဂ် အတွက် ဆက် အားမထုတ်နဲ့တော့.. ။ ရဟန္တာကို ပြစ်မှားမိလို့ မဂ္ဂ န္တရာယ်
ဖြစ်နေပြီ ..အထက် မဂ် ဖိုလ် မရနိုင်တော့ဘူး.. .. လို့ ပြောပါတယ်..။
ဒီတော့မှ ရဟန်းငယ်ဟာ ရဟန္တာကို ပြစ်မှားမိတဲ့ အပြစ်ကို ခွင့်လွှတ်သည်းခံပါရန် ၀န်ချတောင်းပန်ပါတယ်..။
ဒါက တောင်းပန်ရင် အပြစ်မှ လွတ်ကောင်း သာဓကကို ပါရာဇိကဏ်နဲ့ ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ မှာ ပြဆိုထားတာပါ..။
✌ ✌ ရန်သူတောင်မှ တောင်းပန်ရင် ကျေနပ်ရတယ်. ဆိုတဲ့
မြန်မာတို့ရဲ့ အစဉ်အလာ လက်သုံးစကားနဲ့ အပြင်းအထန် ရန်ခိုက်
ဒေါသဖြစ်ကြပြီးမှ ကြေရာကြေကြောင်း တောင်းပန်လို့ ခွင့်လွှတ်ပြီး
မိတ်ဆွေအဖြစ် ပေါင်းသင်းနေကြတဲ့ မျက်မြင်ဒိဋ္ဌ သာဓကတွေကို ကြည့်ရင်လဲ
ဝန်ချကန်တော့ရင် အပြစ် ပျောက်တယ် ဆိုတာ ထင်ရှားပါတယ်..။
မပြစ်မှားမိအောင်လဲ ဒေါသစိတ်ကို ထိန်းသိမ်းပါ.. ။
စိတ်မထိန်းနိုင်လို့ ပြစ်မှားမိရင်လဲ ၀န်ချတောင်းပန် ကန်တော့ဖို့ ၀န်မလေးကြပါနဲ့လို့.. သတိပေး လိုပါတယ်..။
မပြစ်မှားမိအောင်လဲ ဒေါသစိတ်ကို ထိန်းသိမ်းပါ.. ။
စိတ်မထိန်းနိုင်လို့ ပြစ်မှားမိရင်လဲ ၀န်ချတောင်းပန် ကန်တော့ဖို့ ၀န်မလေးကြပါနဲ့လို့.. သတိပေး လိုပါတယ်..။
No comments:
Post a Comment