Monday, December 26, 2016

မနုဿီဟ ရုပ်​ထု သမိုင်

 ဘီလူး​ကြောက်​ တဲ့ မနုဿီဟ ရုပ်​ အ​ကြောင်း

     ဒီ​နေ့ ​ခေတ်​လူငယ်​များ နှင့်​ တကွ လူုကြီး​တွေ ပါ ဗဟုသုတ ရ​အောင်​ ဘုရား ပုထိုး​တွေ မှာ ​တွေ့ ရတတ်​တဲ့ မနုဿီဟ သတ္တဝါ ရုပ်​ အ​ကြောင်း ဦးဇင်း ​ရေးပြပါ မယ်​။
     ဟိုး​ရှေ့အခါ က သထုံပြည်​ကြီး ဟာ သာသနာ မထွန်းကား​သေးပါ ဘူး ။ ကုသိုလ်​ အကုသိုလ်​ ကို မသိတဲ့ အတွက်​ မ​ကောင်းမူ့များ ကြီးဆိုးကာ​နေပါ​တော့ တယ်​ ။ အဲဒီ အခါမှာ ဘီလူး​တွေ မြို့ထဲဝင်းပြီး လူ​တွေကို ဖမ်းယူ ​စား​ သောက် ​​ကြပါတယ်​ ။ ဘီလူး ​တွေက လဲ အကုသိုလ်​အား ကြိးတဲ့ သူ​တွေကို ဖမ်းယူစား​သောက်​လွယ်​​တော့ အခြားဘီလူး ​တွေပါ ​ရောက်​လာပါ​တော့တယ်​။ တဖြည်းဖြည်း ဘီလူး​တွေများလာပါ​​တော့တယ်​ ။ လူ အ​သေ အ​ပျောက်​​တွေလဲ အလွန်​များလာ​တော့ တာ​ပေါ့။ ဒိလိုနဲ့ သုဝဏ္ဏဘူမီ ပြည်​ကြီး ဟာ ဘီလူး ​ဘေးကြီးဆိုက်​ခဲ့ပါတယ်​ ။ ​နောက်​ပိုင်းမှ မြတ်​ဗုဒ္ဓ ၏ သာသနာ​တော်​ပြန့်​​ပွား​ရေး အတွက်​ သာသနာပြု အရှင်​နှစ်​ပါး ဖြစ်​တဲ့ အရှင်​​သောဏ နဲ့ အရှင်​ ဥတ္တရ မ​ထေရ်​မြတ်​နှစ်​ပါး ကြွ​ရောက်​ လာပြီး ဗုဒ္ဓသာသနာ​တော်​ ကို သထုံမြို့တွင်​ အ​ခြေတည်​​စေခဲ့ပါတယ်​ ။ အဲဒိ အချိန်​ထိ ဘီလူး​တွေ ဟာ ​သောင်းကျန်း​နေ ​သေးပါတယ်​ ။ အစ ဆို​တော့ ဗုဒ္ဓဘာသာ ကိုယုံကြည်​သူ နည်းပြီး မိစ္ဆာ ဒိဋ္ဌိ​တွေပဲ ကိုးကွယ်​သူ​တွေများ​နေ​သေးတာ​ပေါ့။ အဲဒိ​တော့ ဘီးလူး​တွေကလဲ ရတနာ ၃ပါး ကို ဆည်းကပ်​သူ​တွေကို ​ရှောင်​ကွင်းပြီး ကျန်​တဲ့ မိစ္ဆာဒိဋ္ဌိ​တွေ ကို ဆက်​လက်​ သက်​ဖြတ်​စား​သောက်​ကြပါ တယ်​ ။ တဖြည်းဖြည်း ဘီလူ​တွေက အတင်းရဲး လားပြီး တစ်​​နေ့မှာ ဘုရင့်​သားကို ဘီလူး​တွေ က စား​သောက်​ဖို့ လာပါတယ်​။ ဘုရင့်​ သား​တော်​ ​လေးက ဘုန်းကံရှိတဲ့ ပုဂ္ဂိုလ်​ ဖြစ်​​တော့ ဘီလူး​တွေ မထိ နိုင်​ကြပါဘူး ဒါပင်​မဲ့ ဘီလူး​တွေ က ​ကြောက်​မက်​ဖွယ်​ အဆင်း​တွေနဲ့ ​ခြောက်​ လှန့်​ခဲ့ကြပါတယ်​ ။ ​မင်းသားလဲ​ကြောက်​ပြီး ဘုရင်​ကြီးထံ​ပြေးတာ​ပေါ့ ။ နန်​​တော်​ ထဲ​ ​ရောက်​ တဲ့ ဘုရင်​ကြီးလဲ ​ခြေမကိုင်​ လက်​မကိုင်​မီ ဖြစ်​သွား ပါတယ်​ အဲဒိ အချိန်​ မှာ မ​ထေရ်​မြတ်​နှစ်​ပါးကြွ​ရောက်​ လာ​တော်​ မူခဲ့ပါတယ်​ ။ မင်းကြီးက ထူးကဲတဲ့ ဣ​နြေ္ဒနဲ့ ပြည့်​စုံတဲ့ မ​ထေရ်​မြတ်​​တွေကိုကြည်​ ညိုလို့ နန်​​တော်​ထဲပင့်​ ​ဆောင်​ခဲ့ပါတယ်​ ။
       သုဝဏ္ဏ ဘူမီ နန်း​တော်​ ထဲ ကို သာသနာ ပြု အရှင်​မြတ်​နစ်​ပါး ကြွ​ရောက်​​တော်​ မူလာကြ ပါတယ်​။ မင်းကြီးက အရှင်​မြတ်​နှစ်​ပါးကို ဦးတိုက်​ပြီး မင်းသား​လေး ကို ဘီလူး​တွေ​ခြောက်​လှန်​ခံ​နေရတဲ့ အ​ကြောင်း​လျောက်​ ထား ပါ တယ်​ ။ အရှင်​ မြတ်​နှစ်​ပါး လည်း မင်းသား​လေး ကို ​ရှေ့​တော်​သို ​ခေါ်​တော်​ မူ​ပါတယ်​ ။ အရှင်​မြတ်​နှစ်​ပါး ဟာ မင်းသား​လေး ကို ပရိတ်​​တော်​​တွေ ရွတ်​ဖတ်​​ပေး​တော်​မူကြ ပါတယ်​ ။ ဒါပင်​မဲ့ မင်​သား​လေး ခဗျာ  ပရိတ်​​တော်​ ကို အာရုံမပြုနိုင်​ပဲ ​​ကြောက် စိတ်​သာ ရှိ​နေလို့ ပရိတ်​​တော်​ ​တွေဟာ မင်းသား​လေး မ​ပေါ် အပြည်​အဝ မကာကွယ်​​ ပေးနိုင်​ ပါ ဘူး ။ ဘီးလူး​တွေ က ​အရှင်​မြတ်​နှစ်​ပါး ပရိတ်​သံကြား ရင်​ အ​ဝေးကို ​ပြေးကြပါတယ်​ ။ အရှင်​မြတ်​​တွေ အသံရပ်​နား သွားတာ နဲ့ မင်းသား​လေး ကို လာ ပြီး​ခြောက်​ လှန့့်ကြပါတယ်​ ။ အဲဒိ​တော့ အရှင်​မြတ်​နှစ်​ပါ က ကြံကြပါတယ်​ ။ ငါ့ရှင်​ ဥတ္တရ.... ဘီလူး​တွေ အတင်းရဲ​နေပြီ တပည့်​​တော်​တို့ နှစ်​ပါးဆုံးမမှ ဖြစ်​​​​တော့ မည်​လို့ အရှင်​​သောဏ မ​ထေရ်​မြတ်​ က မိန့်​​တော်​ မူ ပါတယ်​ ။ အဲဒိအခါ မှာ အရှင်​ ဥတ္တရ မ​ထေရ်​ မြတ်​ က အဘယ်​ သို့ ဆုံးမ​တော်​ မူရမည်​ လဲ ဘုရားလို့ ​လျောက်​တင်​ခဲ့ပါတယ်​ ။ ထိုအခါ အရှင်​​သောဏ မ​ထေရ်​က ငါရှင့်​ ​လောကမှာ အသိဉာဏ်​ အကြွယ်​ဆုံးက လူသား ဖြစ်​​ပေ တယ်​။ ခွန်​အားဗလ သတ္တိ နှင့်​ အပြည့်​စုံ ဆုံးကား ခြ​င်္သေ့မင်း ဖြစ်​​ပေတယ်​ ။ ထို့ ​ကြောင့်​ လူ​ နှင့်​ ခြ​င်္သေ့မင်း တွဲစပ်​ဖန်ဆင်း၍ မိစ္ဆာ ဘီလူ​တွေအား နိုမ်​နှင်း မှသင့်​​တော်​​ပေ မည်​ဟု အရှင်​ ​သောဏ မ​ထေရ်​မြတ်​က မိန့်တော်​ မူပါတယ်​။  အရှင်​မြတ်​နှစ်​ လည်း အာရုံပြု ပြီး မနူဿီဟ အသွင်​ကို ဖန်​ဆင်း ​တော်​မူလိုက်​ကြ ပါတယ်​ ။ မနုဿ     = လူ ။ သီဟ = ခြ​သေ့ င်္။ အဲဒိ အချိန်​မှာ ဘီလူး​တွေက မင်းသား​လေး ကို ​ခြောက် ​​လှန့် ​ကြ ဖို့ ​ရောက်​လာ ကြပါတယ်​ ။ ဘီးလူး​တွေဟာ အရှင်​မြတ်​နှစ်​ပါးတို့ တွဲစပ်​ဖန်​ဆင်း ထားတဲ့ မနုဿီဟ. သတ္တဝါ ကြီးကို ​တွေ့မြင်​သွား ကြ ပါတယ်​ ။ မနုဿီဟ သတ္တဝါ ကြီးက လဲ ဘီးလူး​တွေမြင်​တာ နဲ့ တဟုန်းထိုး လိုက်​ဖမ်းပါ ​တော့ တယ်​ ။ ဘီလူး​တွေလဲ ထူးဆန်း​သော သတ္တဝါ ကြီးကို မြင်​တာနဲ့ ​ကြောင့်​လှန့်​ပြီး​ဆောက်​တည်​ ရာမရ ​ဖရိုဖရဲ ထွက်​​ပြေး ကြ ပါတယ်​ ။ "ဟာ ဒီထူး ဆန်းတဲ့ သတ္တဝါ ကြီးက ငါ တို့ ဘီးလူး​တွေကို လိုက်​ဖမ်း ​နေတယ်​​ ပြေးကြ​ဟေ့ ​ပြေးကြ မိရင်​တို့​တွေ အစား ခံရ လိမ့်​မယ်​ ။" ဆိုပြီ သုဝဏ္ဏ ဘူမိပြည်​ က​နေ အ​ဝေးကို ထွက်ခွာ​​​ပြေးကြ ပါတယ်​ ။ အရှင်​မြတ်​ နှစ်​ပါး လည်း ဘီလူး​တွေ ကို တိုင်းပြည်​ က​နေ ​ခြောက်​လှန့်​ပြီးမှ မနုဿီဟ အသွင်​ကို စွန့်​​တော်​ မူ၍ မ​ထေရ်​မြတ်​ အသွင်​ကို ပြန်​လည်​ ယူ​တော်​ မူကြပါ တယ်​ ။ မင်းကြီး လည်း သား​တော်​ ဘီလူးရန်​က ကင်းလွတ်​ခွင့်​ ရ​အောင်​ ​မေတ္တာ ​ရှေ့ထားပြီး ကယ်​တင်​​တော်​ ခဲ့သဖြင့်​ အရှငမြတ်​ နှစ်​ပါးကို ကြည်​ညိုမူ များ အတိုင်းထက်​အလွန်​ဖြစ်​​ပေါ်ကာ အရို အ​သေပြုပူ​ဇော်​ ကန်​​တော့မူ့များ ပြုခဲ့ပါ တယ်​။ ထိုအခါ အရှင်​မြတ်​​တွေက " အသင်​မင်းကြီး ...ရတနာ သုံးပါ ကို ဆည်းကပ်​ကိုးကွယ်​သူ ၊ အမိ အဖ ဆရာသမား ​တွေ ကို ပြုစုလုပ်​​ကြွေးသူ ငါးပါး သီလ မြဲမြံသူ ​တွေကို နတ်​ သိကြား​တွေ ​စောင့်​​ရှောက်​မူ့ ပြုကြ​ပေတယ်​ ။ ​ရောက်​​လေ ရာ အရပ်​ ရှိ နတ်​​ကောင်းနတ်​မြတ်​ တို့သည်​ ကူညီ ကြတယ်​ ။ အဲ ဒိလို ပုဂ္ဂိုလ်​ မျိုး​တွေ ကို မည်​သည့်​ မိစ္ဆာ ဘီလူး ​တွေမှ မဖမ်းစားနိုင်​ ဘူး ။ သို့ပင်​ မဲ့ ဤ တိုင်းပြည်​မှာ ရတနားသုံးပါးကို ဆည်​ကပ်​သူ ​တွေနည်း​သေးတယ်​ အဲဒိအတွက်​​နောက်​တစ်​ ကြိမ်​ ဘီလူး​တွေပြန်​လာနိုင်​တယ်​ ။ ဒိအတွက်​​ကြောင့်​ သုဝဏ္ဏဘူမီ ​တောင်​ထိပ်​မှာ မနုဿီဟ ရုပ်​ထု ထုလုပ်​ထား​လေ ​တော့ လို့မိန့် ​​တော်​မူခဲ့ ပါတယ်​။
     အရှင်​မြတ် နှစ်​ပါး၏ ဩဝါဒကို ခံယူ ၍ သုဝဏ္ဏဘူမီ ပြည်​ ရှင်​မင်း သည်​ ​တောင်​ထိပ်​ ၌ မနုဿီဟရုပ်​ထု ကို ပြု​စေ​ခဲ့ပါတယ်​ ။

         မနုဿီဟ. သည်​ အရှင်​မြတ်​နှစ်​ပါး ​ပေါင်းစပ်​ ဖန်းဆင်းထား​သော​ကြောင့်​ ခြ​င်္သေ့မင်း ကိုယ်​နှစ်​ခု ဖြစ်​ကြတယ်​ လို့ အယူ အဆရှိ ကြပါ တယ်​ ။တစ်​ ချို့က ​တော့ ​တောင့်​ ကျ ​အောင်​ အသွင်​ပြင်​ ဒီဇိုင်း အ​နေနဲ့ လုပ်​ထားတာ လို့ ဆိုကြပါ ​သေး တယ်​ ။

         မနုဿီဟ ရုပ်​ ထုကြီးကို သုဝဏ္ဏဘူမီ ​တောင်​​ပေါ်မှာ အများမြင်​သာ ​အောင်​ မူးမတ်​​တွေ က ဥိးစီးပြီး ထုလုပ်​​နေကြ စဉ်​ ဘီလူ​တွေ ​နောက်​တစ်​​ခေါက်​ ​ရောက်​လာပြန်​ပါ တယ်​ ။

           အဲဒီ အချိန်​ မှာ ဘီလူး​တွေ ဟာ​တောင်​​ပေါ် မှာ မနုဿီဟ ရုပ်​ကြိး ထု လုပ်​​နေကြ တာ​တွေမြင်​သွားပါ ။ ဒိ​တော့ ဘီလူး​တွေ ကစဉ်းစားကြ ပါတယ် ။ ဟို သတ္တဝါ အစစ်​က ​တော့ မရှိ​လောက်​ ​တော့ ဘူး ။ ခုဟာ က အရုပ်​ကြီးပဲ တို့ ​ကြောက်​စရာ မလို ​တော့ ဘူး ဆိုပြီး မြိုထဲ ကို ဝင်​လာကြ ပါ တယ်​ ။

        အဲ ဒိ အခါ မှာ သိကြားမင်း ကြီး ထိုင်​​တော်​ မူတဲ့ ပဏ်ဏ္ဍု ကမ္ဗလာ ​ကျောက်​ ဖျာကြီး က ပူ​သော အခြင်းရာ ဖြစ်​​ပေါ်လာ ပါတယ်​ ။ သိကြားမင်း လဲ  " အို ငါထိုင်​တဲ့ မြ​ကျောက်​ဖြာ အဘယ်​ အခြင်းရာ ​ကြောင့်​ တင်းမာ ရသနည်း ? " လို့ အာရုံယူ ကြည့်​ တဲ့ အခါမှာ ​နောင်​တစ်​ချိန်​ တွင်​ ဗုဒ္ဓဘာသာ သာသနာ ထွန်းကားလာ မဲ့ တိုင်​ပြည်​ ကို ဘီလူး ​တွေ ဝင်​ဖျက်​ဆီးဖို့ ကြံ​နေကြ​ကြောင်း သိသွားပါ တယ်​။

         ဒိ​တော့ သိကြားမင်း ကြီးဟာ ဒိကိစ္စငါ ဝင်​တားမှ ဖြစ်​​တော့မယ်​ လို့ အကြံ​တော် ​​ဖြစ်​ပြီး ချက်​ချင်းလူပြည်​ ဆင်းခါ မနုဿီဟ ​ သတ္တဝါ အရုပ်​ကြီးထဲ ပူးဝင်​လိုက်​ ပါတယ်​ ။

         ဘီလူး​တွေ က လည်း မြို့ထဲဝင်​ဖို့ အလုံးအရင်းနဲ့ ချီတတ်​လာကြ ပါတယ်​ ။ ဒီ အချိန်​မှာ ​မနုဿီဟ ရုပ်​ထုကြီး ဟာ ချက်​ချင်း ကြွတတ်​လာပါ ​တော့ တယ်​။ ဘီလူး​တွေ ဟာ အရုပ်​ကြီး ကို ဝိုင်းကြည့်​ ​နေကြစဉ်​ အရုပ်​ကြိးဟာ ဘီးလူးအုပ်​ထဲ ​ပြေးဝင်​လားပြီး ဘီးလူး​တွေ ကို လိုက်​ဖမ်းပါ ​တော့တယ်​ ။

            ဘီးလူး​တွေလဲ အဲဒိ​တော့မှ "​ဟေ့ ​ပြေးကြ ​ပြေးကြ ။ ​အရုပ်​ကြီး က လဲ ငါတ်ု့ကို လိုက်​ဖမ်းတယ်​ မိရင်​​တော့ ​သေကုန်​လိမ့်​မယ်​ ​ပြေးကြ ​ပြေးကြ " လို့ ​အော်​ပြီး အကုန်​ ရုံးရင်းဆန်​ခက်​ ​ပြေးကြပါ ​တော့တယ်​ ။ သိကြားမင်း ပူဝင်​ထား တဲ့ မနုဿီဟ ရုပ်​ကြီး က လဲ ​တွေသမျှ ဘီလူး​တွေ ကို တစ်​​ကောင်​မှ မကျန်​​အောင်​ ​ခြောက်​လှန့်​ ထုက်​ပါတယ်​ ။

        ဘီလူး​တွေ မရှိ​တော့ တဲ့ အခါ မှ မူလ​နေရာ မှာ ပြန်​ပြီး ရုပ်​ထုကြီးကို ထားခါ သိကြားမင်း ထွက်​ခွါ သွားပါ ​တော့တယ်​ ။ ဘီလူး ​တွေ လဲ ​နောင်​ကို ​ထပ်​ပြီး မလာ ရဲ​တော့ ပါဘူး ။ အဲဒိ အချိန်​ က စပြီး သုဝဏ္ဏ ဘူမိ မှာ ဘီလူးရန်​ ကြီး ကင်း​ဝေး သွားပါ​တော့ တယ်​ ။

       ထိုအပြင်​ တိုင်​သူပြည်​သား များလဲ ရတနာ သုံးပါးကို ကိုကွယ်​ ဆည်းကပ်​ သူများ ကို မ​ကောင်း ဆိုးဝါး များ သတ်​ဖြတ်​ စား​သောက်​ခြင်း မပြုနိုင်​​ကြောင်း မျက်​ဝါး  ထင်ထင်​ ​ ​တွေ့မြင်​ ခဲ့ ကြရသဖြင့်​ တစ်​တိုင်းပြည်​ လုံး ဗုဒ္ဓဘာသာ ဝင် ​​အဖြစ်​ ခံယူကာ ဒါန သီလ ဘာဝနာ ​ကောင်းမူ့ ​​တွေ​ ပြု ကြပါ ​တော့ တယ်​။

         မနုဿီဟ ရုပ်​ထုကြိးကို လဲ အ​ကောင်း ဆိုးဝါး မိစ္ဆာ ရန်​ကို ဖယ်​ရှား ​ပေးနိုင်​ ​သော ရုပ်​ထုကြီးဟု တင်းစားသတ်​မှတ်​ ကာ ယ္ခုတိုင်​ ဘုရားပုထိုးများ ​ကျောင်း​ဆောင်​များ စသည်​ တို့မှ ထွင်းထုပြု လုပ်​ ထားကြပါ တယ်​ ။

          ဦးဇင်း ရဲ့ ဓမ္မမိတ်​​ဆွေ စာဖတ်​ပရိတ်​သတ်​များ ဗဟုသုတ ရ​စေရန် စားအုပ်များ ​ဆောင်းပါး များမှ ရှာ​ဖွေပြီး ​ဖုန်းဖြင့်​ ​ရေးသား ခဲ့ခြင်းဖြစ်​ပါသည်​။ မည်​သူမဆို ထပ်​ဆင့်​ဓမ္မဒါန ပြုနိုင်​ပါ သည် ​​။သိသင့်​ သိထိုက်​ရာ ဓမ္မစာ​ပေ များပြန့်​နှံ့ ​စေလို​သော ရည်​ရွယ်​ချက်​ဖြင့်
"မြတ်​ဗုဒ္ဓ ၏ သာသနာ" page (https://m.facebook.com/profile.php?id=1526628857560272) နှင့်
"ဓမ္မ စာ​ပေ ပြန့်​နှံ့​စေမည်​ " blog
( http://dhammasarpay.blogspot.com/)
တွေ မှာ လဲ ဦးဇင်း ဝင်​ပြီးစာ​တွေ​ရေးပါတယ်​ သွား​ရောက်​ ဖတ်​ရှု့နိုင်​ပါတယ်​ ။  ဦးဇင်း​ရေးသားပြီး တင်​​ပေးတဲ့ စာ​ပေများကို အမြဲဖတ်​ရှုအား​ပေး ​နေကြ​သော ဓမ္မမိတ်​​ဆွေ သူ​တော်​စင်​ အားလုံး ကျန်းမာ ချမ်းသာ ​ဘေရန်​ကွာ၍ လိုအင်​ဆန္ဒများ ပြည့်​စုံ ကြပါ ​စေ။
                                  အရှင်​ ဗုဒ္ဓသိဿ       

No comments:

Post a Comment