Saturday, December 31, 2016

တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ(၃)

Misconception #3 လွဲမှားသောအယူအဆ(၃)
Meditation is a mysterious practice which cannot be understood
တရားအားထုတ်ခြင်းကို နားမလည်နိုင်သည့် ဂန္ဓာရီဆန်ဆန်ကျင့်စဉ်အဖြစ်လွဲမှားစွာလက်ခံခြင်း
တရားအားထုတ်ခြင်းသည် အဆင့်အမျိုးမျိုးသော သိစိတ်များ(levels of consciousness)
နှင့်သက်ဆိုင်ပြီး၊သရုပ်ဖော်ပြောဆိုနိုင်ရန်အတွက်အလွန်ခက်ခဲနက်နဲသည်။အချို့သောအချက်အလက်များကိုစကားလုံးများဖြင့်ဖော်ပြပြောဆိုရန်ခက်ခဲသည်ဆိုသော်လည်း
လုံးဝနားမလည်နိုင်သောကိစ္စမျိုးတော့မဟုတ်ပါ။စကားလုံးများဖြင့်ဖော်ပြမူကို ကျော်လွန်၍
နားလည်နိုင်စွမ်းဖြစ်သည်။သင့်မည်ကဲ့သိုလမ်းလျှောက်ရမည်ကိုနားလည်သော်လည်း
သင့်၏နာဗ်ကြောများနှင့်ကြွက်သားများကမည်ကဲ့သိုလှုပ်ရှားလုပ်ဆောင်ပေးကြသည်ကို အစီစဉ်တကျအတိအကျဖော်ပြရန်အတွက်မဖြစ်နိုင်ပါ။ သိုသော်သင်လမ်းကောင်းကောင်းလျှောက်နိုင်သည်။
ထိုအတူ ကိုယ်တိုင်လက်တွေ့တရားဘာဝနာပွားများခြင်းဖြင့်နားလည်နိုင်ပါသည်။စိတ္တဇဆန်သည်ဝေါဟာရများဖြင့်လေ့လာသင်ယူရန်မဖြစ်နိုင်သည့်အရာမျိုးမဟုတ်ပါ။လက်တွေ့ လေ့ကျင့်ခံစားနိုင်ပါသည်။
တရားဘာဝနာပွားများရုံဖြင့်ကြိုတင်တွက်ဆခန့်မှန်းထားသောရလဒ်များ အလိုလျှောက်ရရှိလိမ့်မည်ဟုလှေနံဓားထစ်မမှတ်သားသင့်ပါ။ ဘာဝနာလုပ်ငန်းသည် လုပ်တိုင်းဖြစ်သည့်ပုံသေနည်း(formula)လည်းမဟုတ်ပါ။ဘယ်တရားထိုင်ချိန်၌(session)မှာဘာတွေဖြစ်လာလိမ့်မည်ဆိုသောကြိုတင်ခန့်မှန်းချက်များမည်သည့်အခါမျှ မမှန်နိုင်ပါ။ တရားထိုင်ချိန်တိုင်း၌စုံစမ်းမူများ(investigation)၊လက်တွေ့စမ်းသပ်မူများ(experiment)နှင့်စွန့်စားခန်းများ(adventure)ဖြစ်နေလိမ့်မည်။ယခင်တရားအချိန်များမှာရရှိခဲ့သည့်ခံစားချက်များ၊သင်ခန့်မှန်းထားသည့်အတိုင်း
ရရှိခဲ့ပါကသင့်တရားအလုပ်တွင်တိုးတက်မူရှိကြောင်း ဖော်ပြချက်(indicator)ဖြစ်သည်။ထိုဖော်ပြချက်အရ သင်သည်ဘာဝနာပန်းတိုင်သို့သွားရာလမ်းကြောင်းမှန်ပေါ်တွင်ရောက်ရှိနေပြီဖြစ်သည်။

No comments:

Post a Comment