ပုထုဇဉ်လေးမျိုး
ပုထုဇဉ်လေးမျိုးတဲ့။ ဘုရားရှင်ဟောပြခဲ့တဲ့ ပုထုဇဉ်လေးမျိုး
အကြောင်းလေးဖော်ပြပေးပါမယ်။(၁) အန္ဓဗာလ ပုထုဇဉ်၊ (၂) အန္ဓပုထုဇဉ် (၃) ကလျာဏ
ပုထုဇဉ်၊(၄) စူဠသောတာပန် ပုထုဇဉ်ဆိုပြီးလေးမျိုးရှိပါတယ်။ အန္ဓဗာလပုထုဇဉ်
ဆိုတာကတော့အန္ဓဆိုတာကန်းတာ ဗာလဆိုတာမိုက်တာပါ။ အဓိပ္ပါယ်ပေါင်းလိုက်တော့
ကန်းသော မိုက်သော ပုထုဇဉ်ဆိုပြီးတော့အဓိပ္ပါယ် သက်ရောက်ပါတယ်။ အန္ဓဗာလပုထုဇဉ်
ဆိုတာကတော့ ပရမတ်တို့ ပညတ်တို့ ခန္ဓာတို့
သစ္စာတို့ကိုဘာမှ
မသိမြင်တတ်ပါဘူး။ဝိပဿနာဆိုတာကိုကြားတောင် မကြားချင်တာပါ။ ၀ိပဿနာနဲ့
လုံးဝမထိတွေ့ဘူးတဲ့ ပုဂ္ဂိုလ်မျိုးပေါ့။ ကုသိုလ် အကုသိုလ်ဆိုတာလည်း
အယုံကြည်မရှိတဲ့အတွက် ဘာတစ်ခုမှ ကောင်းတာမလုပ်ပဲအကုသိုလ် ဖြစ်စရာတွေသာ
ပြုလုပ်မိသော မိုက်မဲတဲ့ ပုဂ္ဂိုလ်မျိုးပါ။သူ့ကတော့
မိုက်လည်းမိုက်တယ်ကန်းလည်းကန်းတဲ့တွက်အန္ဓဗာလ ပုထုဇဉ်လို့ ခေါ်တာပေါ့။
နောက်ပုထုဇဉ်တစ်မျိုးကတော့အန္ဓပုထုဇဉ်ပါ။
ဒီပုထုဇဉ်ကတော့အများဆုံးဖြစ်နေတဲ့အရေအတွက်ပါ။
သူကတော့ပရမတ်တွေ၊ဓါတ်တွေ၊သစ္စာတွေ မသိလို့ အန္ဓတော့အမည်ရပါတယ်..
ဒါပေမယ့်ကုသိုလ်လုပ်ရင် ကုသိုလ်ရတယ် အကုသိုလ်လုပ်ရင် အကုသိုလ်ရတယ်
ဆိုတာတော့နားလည်ပါတယ်။နားလည်တဲ့အတွက်လည်း တတ်စွမ်းသ၍ ကုသိုလ်လေးလုပ်လိုက်
အကုသိုလ်လေးလည်းမတတ်သာရင် လုပ်မိလိုက်ပေါ့။
ဒါပေမယ့်တတ်နိုင်သ၍တော့အကုသိုလ်ကို ရှောင်ပါတယ်..စာလိုပြောရရင်တော့ကမ္မဿကတာ
သမ္မာဒိဋ္ဌိ အမြင်မှန် အနည်းငယ်ရှိတယ်လို့ဆိုရမှာပေါ့။ မိုက်တော့
မိုက်တဲ့အထဲမပါပဲနဲ့ လုံးဝ ကန်းတဲ့အထဲ ပါတဲ့အတွက်လည်းသူ့ကို အကန်းပုထုဇဉ်
(သို့) အန္ဓပုထုဇဉ်လို့ခေါ်တာပါ။ ဗုဒ္ဓဘာသာမြန်မာလူမျိုး ၁၀၀မှာ ၉၉
ရာခိုင်နှုန်းလောက်ရှိတယ်လို့ ဆိုနိုင်ပါတယ်။
ပုထုဇဉ် နောက်တစ်မျိုးကတော့ကလျာနပုထုဇဉ်ပါ။
အမည်ခံသူတော်ကောင်းလို့ပြောရမှာပေါ့။ သူကတော့ သူတော်ကောင်းအထင်ခံချင်လို့
သူများထက် အမြင့်ကနေချင်လို့ဗုဒ္ဓရဲ့ အဘိဓမ္မာစာပေတွေက
ပြောတတ်ဆိုတတ်ရုံလေ့လာထားတယ်။ သူ့ကိုမေးလိုက်ရ င်
ခန္ဓာကဘာ၊အယတနကဘာ၊သစ္စာဆိုတာကဘာ ဆိုတာကိုတန်းကနဲ့ဖြေနိုင်တယ်၊ပြောနိုင်ပါတယ်။
ဒါပေမယ့်မဂ်ဖိုရစေမယ့် ၀ိပဿနာကျင့်စဉ်ကျတော့ နည်းနည်းလေးမှ
စိတ်မ၀င်စားပါဘူး။ ကျင့်လည်း မကျင့်ကြံပါဘူး။
စိတ်ကောင်းလည်းလုံးလုံးမရှိပါဘူး။ အဲ့လိုပုဂ္ဂိုလ်မျိုးကျတော့
သူတော်ကောင်းအမည်ခံ ကလျာဏပုထုဇဉ်လို့ဆိုပါတယ်။ သူကတော့
ဘုရားတရားကိုကျင့်ကြံအားထုတ်ဖို့ မဟုတ်ပဲနဲ့
လူအထင်ကြီးအောင်လေ့လာတယ်..နောက် သာရေး နာရေးအခမ်းအနားတွေမှာဆိုရင်
ခေါင်းရင်းကထိုင်ပြီး အာဘောင်အာရင်းသံသံနဲ့ ခန္ဓာတွေ အယတနတွေ သစ္စာတွေ
အကြောင်းကိုတရားရတဲ့လေသံနဲ့ ပြောနေတဲ့သူမျိုးပေါ့။သူတော်ကောင်းအမည်ခံတဲ့
ပုဂ္ဂိုလ်မျိုးကိုတော့ကလျာနပုထုဇဉ်လို့ခေါ်ပါတယ်။
နောက် ပုထုဇဉ်ထဲမှာအမြင့်မြတ်ဆုံးပုထုဇဉ်ကတော့ စူဠသောတာပန် ပုထုဇဉ်ဆိုတာပါ။
သူကတော့ ၀ိပဿနာတရားကို စိတ်ဝင်စားပြီးတကယ်လည်း
လုပ်ဆောင်ကျင့်ကြံပွားများတဲ့ ပုဂ္ဂိုလ်ပေါ့။ ပရမတ်တရား
ဓါတ်တရားတွေနာကြားအားထုတ်လိုက်တဲ့ အတွက်ကြောင့်လည်းနမ်နဲ့
ရုပ်ကိုပိုင်းခြားပြီး သေချာသိသွားတဲ့ နာမရူပပရိစ္ဆေဒဥာဏ်၊ခန္ဓာ
ငါးပါးဖြစ်ခြင်းရဲ့ အကြောင်းကိုသိမ်းဆည်းပြီးသိတဲ့
ပစ္စယပရိဂ္ဂဟဥာဏ်နှစ်ပါးကို ရရှိသွားတဲ့ သူကိုတော့ စူဠသောတာပန်ပုထုဇဉ်
လို့ခေါ်ပါတယ်။ စူဠသောတာပန် ပုထုဇဉ်အဆင့်ကို ရောက်သွားရင်အပါယ်လေးဘုံကို
လုံးဝ မကျတော့ပါဘူး။ ဒီဘ၀မှာ တစ်နေ့မဟုတ်တစ်နေ့ သောတာပတ္တိမဂ်ကို
ဧကန်မုချရတော့မှာပါ။ မဂ်တားဖိုလ်တားအန္တရယ်ငါးပါးတစ်ပါးပါးရှိနေလို့ဒီဘဝ
မဂ်ဖိုလ် မရနိုင်ဘူးဆိုရင်လည်းနောက်ဘ၀မှာ ဧကန်မုချ မဂ်ဖိုလ်ကို ရတော့မှာပါ။
စူဠသောတာပန် ပုထုဇဉ်ဘ၀ကို ရောက်မှလည်းဥာဏ်အမြင်ကန်းတဲ့ဘ၀က
လွတ်မြောက်ပါတယ်။အားကျဖို့ ကောင်းပါဘိ။
ဘုရားရှင်ဟောပြဆုံးမတဲ့ ပုထုဇဉ်လေးမျိုးကိုဘာလို့ ချပြရသလဲဆိုတော့
လူအများစုဟာအန္ဓပုထုဇဉ်(အကန်းပုထုဇဉ်)တွေများလို့ပါ။အကန်းပုထုဇဉ်ဖြစ်နေသ၍
အပါယ်လေးပါးက မလွတ်နိုင်သေးပါဘူး။ ဘာလို့လည်းဆိုတော့ကိုယ်က ဘယ်လောက်ကြီးပဲ
ကောင်းတာတွေ လုပ်နေနေ ဥာဏ်မျက်စိ ကန်းနေတဲ့အတွက်
သေခါနီးအချိန်မှာစိတ်မထားတတ်ရင်
စွဲမိစွဲရာစွဲပြီးရောက်ချင်တဲ့နေရာရောက်သွားမှာမလို့ပါ။
ဒါ့ကြောင့်လည်းကျေးဇူးရှင် မိုးကုတ်ဆရာတော် ဘုရားကြီးကအသေမဦးခင်
ဥာဏ်ဦးအောင် လုပ်ဆိုပြီးတော့အမြဲမှားကြားသွားခဲ့တာပေါ့။
ကျွန်တော်တို့တွေလည်းဒါန၊သီလ ဆိုတဲ့ ကုသိုလ်ကောင်းမှုတွေမှာတင် ရပ်မနေပဲ
ရှေ့တိုးပြီး ၀ိပဿနာ တရားကိုနာကြားအားထုတ်သင့်ပါတယ်။ ဒါန၊ သီလ၊ဘာဝနာဆိုတဲ့
အလုပ်တွေကိုအမြင်ဆုံးကုသိုလ် ဖြစ်တဲ့ ၀ိပဿနာကုသိုလ်နဲ့တွဲလုပ်နိုင်ရင်တော့
အကောင်းဆုံးပေါ့။ဒါမှလည်းဒါနကို သံသရာမလည်အောင် ပြုတတ်မယ်၊သီလကို
သံသရာမလည်အောင် ဆောက်တည်တတ်မှာပါ။ ဒီလိုမှ မဟုတ်ရင် ၀ိပဿနာဥာဏ်မပါတဲ့ဒါန၊
သီလတွေဟာ သံသရာမှာ အထပ်ထပ် လည်စေနိုင်တဲ့အတွက် သံသရာမှာ အထပ်ထပ် သေချင်တဲ့
ဆုတောင်းမျိုးတေ တောင်းမိနေတော့မှာပါ။ ဒါ့ကြောင့်လည်း ဘုရားရှင်က
ဝိပဿနာတရားကို နာကြားအားထုတ်ဖို့အထူးမှားကြားခဲ့
တာပါကျွန်တော်တို့တေ
ွလည်းနိဗ္ဗာန်ရောက်ဖို့ဆိုတာကိုခဏလောက် ထားလိုက်ပါဦး… အရင်ဆုံးဝိပဿနာတရား
နာကြားအားထုတ်ပြီးအပါယ်တံခါးပိတ်ဖို့ စူဠသောတာပန်ဖြစ်ဖို့
ကြိုးစားဖို့လိုပါတယ်။ စူဠသောတာပန် ဖြစ်ပြီဆိုရင်ကိုနိဗ္ဗာန်တံခါး
အလိုလိုပွင့်သွားပါပြီ။ ဓမ္မမိတ်ဆွေအပေါင်းဝိပဿနာတရားကျင့်ကြံပွားများနိုင်ကြပါစေ..
မဂ်ဖိုလ် နှိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေ (ဓမ္မဆောင်းပါး)စာအုပ်မှကောက်
နှုတ်တင်ပြလိုက်ပါသည်.
No comments:
Post a Comment