~~~**~~~
"" မနုဿတ္တဘာဝေါဒုလ္လဘော ""
လူ့ဘဝသည် ရခဲခြင်းငါးပါးအနက် တစ်ပါးဖြစ်၏ ။
ဘုရားအဖြစ်ကို ရခဲ၏ ။
ဘုရားနှင့်တွေ့ရန် ခက်ခဲ၏..။
ဘုရား၏ တရားတော်နှင့် တွေ့နိုင်ဖို့ ခက်ခဲ၏။
လူ့အဖြစ်ကို ရရှိပြီး တရားနာနိုင်သော နားရှိရန် ခက်ခဲ၏..။
တရားကျင့်ကြံနိုင်သော လူ ဖြစ်ဖို့ရန် ခက်ခဲပြန်၏..။
ရခဲလှစွာသော လူ့ဘဝကြီးကို ရရှိလာပြန်ပါလျှက် ကုသိုလ်.. အကုသိုလ် အကျိုးအလိုက် လူကိုအောက်ပါအတိုင်း ( ၄ ) မျိုးခွဲခြားထားပြန်၏..။
( ၁ ) မနုဿနေရယိက. လူ့ငရဲသား
( ၂ ) မနုဿပေတ. လူ့ပြိတ္တာ
( ၃ ) မနုဿ တိရစ္ဆာန. လူတိရစ္ဆာန်
( ၄ ) ပရမတ္တမနုဿ လူစင်စစ်ဟူ၍
လေးမျိုးခွဲခြားထား၏..။
၁.. မနုဿနေရ ယိက.... လူ့ငရဲသားဆိုသည်မှာ
သူ့အသက် သတ်ခြင်း. သူ့ဥစ္စာကိုခိုးခြင်း. မတရားသဖြင့် သူ့ပစ္စည်းကို ရယူခြင်း.. မပြုသင့်သော အမှားများကို ပြုလုပ်ခြင်းကြောင့် မင်းပြစ်မင်းဒဏ် သင့်ကာ ခြေလက်ဖြတ်တောက်ခြင်း ခံရသဖြင့် ဆင်းရဲဒုက္ခရောက်နေရသူမျိုး ဖြစ်သည်။

၂.. မနုဿပေတ.. . လူ့ပြိတ္တာ ဟုသည်ကား..
အထက်ကပြိတ္တာ သတ္တ၀ါ ကဲ့သို့သော အကုသိုလ် အကျိုးကို လူးလိမ့်ခံစားပြီး အမြဲတမ်းငတ်မွတ်ဆာလောင်နေရသည့် သူမျိုးဖြစ်သည်။

၃.. မနုဿတိရ စ္ဆာန.. လူတိရစ္ဆာန် ဆိုသည်မှာ..
သူတစ်ပါး၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် သွားလာနေရသူများ ဖြစ်ပြီး မင်း အစိုးရ စသည်တို့၏ ခြိမ်းခြောက်မှု့ကြောင့် သေဘေးကိုကြောက်၍ တောခြုံပိတ်ပေါင်းခိုမှီ ဝင်အောင်းကာ အိပ်မရ.. စားမရ ဆာလောင်ဆင်းရဲ ပယ်ဖျောက်ရုံမှ တစ်ပါး ဒုက္ခ ကြီးစွာဖြင့် လှည့်လည်ပြေးလွှားနေရသူမျိုး ဖြစ်သည်..။

၎.. ပရမတ္တမနုဿ.. . လူစင်စစ်ဟူသည်ကား..
မိမိ၏ အကျိုးစီးပွားကို သိတတ်ပြီး ကံ.. ကံ၏အကျိုးကို ယုံကြည်ကာ..
မကောင်းမှု့မှ ရှက်ခြင်း ...ကြောက်ခြင်း ရှိတတ်ပြီး သတ္တ၀ါတို့ အပေါ်၌ သနားခြင်း ရှိသည့် အပြင် #အကုသိုလ်ကိုရှောင် ..
#ကုသိုလ်ကိုဆောင် .. တတ်ပြီး ပုညကရိယဝတ္ထုတို့နှင့် ပြည့်စုံသော သူမျိုးကို ဆိုပါသည်။
အထက်ပါ လူ (၄ ) မျိုးတွင် နောက်ဆုံးလူ ဖြစ်ရန် အထူးကြိုးစားရမည် ဖြစ်သည်..။

No comments:
Post a Comment