Misconception #5 လွဲမှားသောအယူအဆ(၅)
Meditation is dangerous and a prudent person should avoid it
တရားအားထုတ်ခြင်းအန္တရာယ်များသောကြောင့် ဆင်ခြင်တွေးခေါ်တတ်သူများရှောင်ကြဉ်သင့်သည်။
အရာရာတိုင်း၌အန္တရာယ်ရှိသည်။လမ်းဖြစ်ကူးနေစဉ်ဘတ်စ်ကားဝင်တိုက်နိုင်သည်။ရေချိုးနေစဉ်အတွင်းလည်ပင်းရိုးကျိုးနိုင်သည်။တရားထိုင်နေစဉ်အတွင်းသင့်၏အတိတ်မှမှတ်ဥာဏ်များအားလုံးမေ့ပျောက်သွားနိုင်သည်။
ကြိုးစားပြီးမေ့ဖြစ်ထားသောကြောက်စရာကောင်းသည့်အတိတ်ကအဖြစ်အပျက်များ တရားအားထုတ်နေစဉ် ပြန်လည်ပေါ်လာနိုင်သည်။
လုံးဝအန္တရာယ်မရှိသည့်အရာဆိုတာမရှိနိုင်ပါ။အရာရာတိုင်းသည်အန္တရာယ်ရှိသည့်အတွက်အချိန်ပြည့်ခေါင်းမူးခြုံ၍နေရမည်ဟုလည်းမဆိုလိုပါ။
စစ်မှန်သောရှင်သန်ရပ်တည်ခြင်းမဟုတ်ပါ။
အသက်မသေခင်ဘဝဆုံးနေခြင်းသာဖြစ်သည်။ဘယ်အန္တရာယ်နှင့်တွေဘို့
ဘယ်လောက်ဖြစ်နိုင်ခြေများသည်။ဘယ်လိုအန္တရာယ်မျိုးနှင့်ကြုံတွေ
့နိုင်သည်။ကြုံတွေ့ ခဲ့သော်မည်သို့ရင်ဆိုင်ရမည်ဆိုတာပြင်ဆင်ထားသင့်သည်။
လက်စွဲစာအုပ်များ၏ရည်ရွယ်ချက်မှာထိုစိန်ခေါ်မူများကိုကျော်လွှားလွန်မြောက်ရန်ဖြစ်သည်။
ဝိပဿနာဘာဝနာ၏ရည်ရွယ်ချက်မှာသတိတရားစွဲမြဲမူတိုးတက်ရန်(develop
awareness)ဖြစ်သည်။
ဝိပဿနာဘာဝနာသည်အန္တရယ်မရှိပါ။ဝိပဿနာဘာဝနာသည်အန္တရယ်များကိုကျော်လွှားရန်အတွက်သာဖြစ်သည်။သတိတရားလက်ကိုင်ထားခြင်းဖြင့်အန္တရယ်များမှလုံခြုံစေသည်။တရားဘာဝနာကို
စနစ်တကျလေ့ကျင့်အားထုတ်ခြင်းဖြင့်သိမ်မွေ့စွာတဖြည်းဖြည်းတိုးတက်လာပေလိမ့်မည်။ဖြေးဖြေးနှင့်မှန်မှန်လေ့ကျင့်လျှင်သင့်၏တရားအားထုတ်မှုသည်
သဘာဝအတိုင်းတိုးတက်လာပါလိမ့်မည်။မည်သည့်အရာကိုမျှအတင်းအကြပ်အပြုလုပ်သင့်ပါ။
အချိန်ပြည့်တရားစခန်းတွင်ကျွှမ်းကျင်သောအရည်အခြင်းရှိသည့်ကမ္မဌာန်းဆရာကောင်းနှင့်လေ့ကျင့်သင်ကြားပါကအလွန်လျှင်မြန်စွာတိုးတက်အောင်မြင်လာလိမ့်မည်။
လွယ်ရာကစပြီးဖြေးဖြေးမှန်မှန်လေ့ကျင့်ပါကအားလုံးပြီးမြောက်အောင်မြင်လိမ့်မည်။
No comments:
Post a Comment