Misconception #6 လွဲမှားသောအယူအဆ (၆)
Meditation is for saints and holy men, not for regular people
တရားအားထုတ်ခြင်း ရဟန်းသံဃာများအတွက်သာဖြစ်ပြီး သာမာန်လူများနှင့်မဆိုင်ပါ။
အမေရိကန်မှနာမည်ကြီးရုပ်ရှင်သရုပ်ဆောင်များနှင့်ဘတ်စကက်ဘောချန်ပီယံများကိုသာမာန်လူတို့ထက်စွမ်းဆောင်ရည်မြင့်မားသူများအဖြစ်
လက်ခံထားသကဲ့သို့ရဟန်းတော်များသည်
ရိုသေမြတ်နိုးဖွယ်ရာဂုဏ်တို့ဖြင့်ပြည်စုံသောကြောင့်ရဟန်းတော်များသာ
ကမ္မဌာန်းတရားနှင့်ဝိပဿနာဘာဝနာတို့ကို အားထုတ်ရမည်ဟုအာရှဒေသ၌
ကျယ်ကျယ်ပြန့်ပြန့်လက်ခံယူဆထားကြသည်။
ထိုသူများသည်စွမ်းနိုင်သူများဖြစ်ကြပြီး ရှားပါးသော
အရည်အချင်းများပိုင်ဆိုင်ကြသည်။မြင့်မြတ်သောရသေ့၊ရဟန်းများအားလုံးနီးပါး
တရားဘာဝနာပွားကြသည်။ သိုသော်ထိုသူများသည်
ရသေ့၊ရဟန်းများဖြစ်သောကြောင့်တရားအားထုတ်ခြင်းမဟုတ်ကြပါ။သံသယာဘေးကိုကြောက်ရွှံ
့၍ တရားဘာဝနာ၌
မွေလျော်သောကြောင့်သာရသေ့၊ရဟန်းများအဖြစ်သတ်မှတ်ခေါ်ဆိုခံရခြင်းဖြစ်သည်။
တရားဘာဝနာပွားများခြင်းကသာ စင်ကြယ်မြင့်မြတ်သူ အဖြစ်သို့ရောက်စေခြင်းဖြစ်သည်။ ရသေ့၊ရဟန်းမဖြစ်ခင်ကတည်းက တရားအားထုတ်ကြသူများဖြစ်သည်။
လုံးဝဖြူစင်သည့်သီလအကျင့်ရှိသူသာတရားအားထုတ်သင့်သည်ဟု ယောဂီအများစုက
လွဲမှားစွာနားလည်လက်ခံထားကြသည်။ ထိုနည်းသည်
အလုပ်ဖြစ်နိုင်သောနည်းတစ်ခုမဟုတ်ပါ။သီလမြဲရန်အတွက်
စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မူ(mental control)
သည်အနိမ့်ဆုံးအခြေခံလိုအပ်ချက်တစ်ခုဖြစ်သည်။ အခြေခံ ၅ပါးသီလ(သို့)
၈ပါးသီလတို့ကို မစောင့်စည်းနိုင်၊
ဖြူစင်စွာမလိုက်နာနိုင်လျှင်သမာဓိထူထောင်ရန်မဖြစ်နိုင်ပါ။
ဗုဒ္ဓနည်းအရတရားဘာဝနာပွားများရန်သီလ၊သမာဓိ၊ပညာသည် အခြေခံအုပ်မြစ်ဖြစ်သည်။
ကျင့်စဉ်နက်ရှိုင်းလာလေလေ
ထိုသိက္ခာသုံးပါးမှာပို၍ဖွံဖြိုးလာလေလေဖြစ်သည်။သိက္ခာသုံးပါး(သီလ၊သမာဓိ၊ပညာ)သည်
အပြန်အလှန် ဆက်စပ်နေသောကြောင့်တစ်ချိန်မှာတစ်ခုချင်းစီဖွံ
့ဖြိုးရန်လေ့ကျင့်ခြင်းထက်
တစ်ပြိုင်နက်ဖွံ့ဖြိုးရန်လေ့ကျင့်ခြင်းကပို၍မှန်ကန်သည်။သီလအကျင့်(လုံးဝ)ပြည့်စုံအောင်မြင်ပေါက်မြောက်အောင်စောင့်ဆိုင်းနေသောယောဂီလောင်းသည်
မည်သည့်အခါမှမျှ
စတင်တရားအားထုတ်ဖြစ်လိမ့်မည်မဟုတ်ပေ။ထိုယောဂီလောင်းသည်
ရေချိုးရန်အတွက်သမုဒ္ဒရာကြီးတစ်ခုလုံးငြိမ်သက်လုံးဝငြိမ်သက်သွားအောင်စောင့်နေသူနှင့်တူသည်။
သီလအဆင့်အမျိုးမျိုးရှိပါသည်။ အခြေခံအဆင့်သီလမှာ တစ်စုံတစ်ယောက်ကချမှတ်ပေးသော စည်းမျဉ်းစည်းကမ်း၊ဥပဒေ (rules and regulations )
ဖြစ်သည်။သင့်နိုင်ငံ၏ဥပဒေ(သို့)သင့်ကျောင်းစည်းကမ်း(သို့)သင့်ဖခင့်ချမှတ်ထားလိုက်နာရန်အချက်များဖြစ်သည်။မည်သူကချမှတ်သည်ဖြစ်စေထိုဥပဒေ၊စည်းကမ်းတို့ကိုသိနားလည်ပြီးလိုက်နာရန်ဖြစ်သည်။
ထိုဥပဒေ၊စည်းကမ်းတို့မှာရှင်းလင်းလွယ်ကူ၍ တိကျပြတ်သားပြီး၊
စည်းကမ်းတစ်ခုချိုးဖောက်တိုင်းတစ်ချက်အရိုက်ခံရလျှင်ဆိုလျှင်ချန်ပင်ဇီမျောက်တစ်ကောင်ပင်လိုက်နာလိမ့်သည်။
ထိုအခြေခံအဆင့်သီလ၌
တရားဘာဝနာအားထုတ်ခြင်းမလိုအပ်ပါ။ဥပဒေ၊စည်းကမ်းနှင့်
ရိုက်မည့်ဒုတ်(အပြစ်ဒဏ်)တို့သာလိုအပ်သည်။ဒုတိယအဆင့်သီလမှာ
စောင့်ကြည့်နေသည့်သူ၊ ရိုက်မည့်ဒုတ်မရှိပဲအထက်ပါစည်းကမ်းအားလုံးကို
လိုလိုလားလားလိုက်နာခြင်းဖြစ်သည်။ထိုစည့်ကမ်းများကိုသင့်၏အဇ္ဈတသန္တာန်မှ
သိစိတ်ဖြင့်ကော၊မသိစိတ်ဖြင့်ပါပင်ကိုယ်သဘောအတိုင်းလက်ခံလိုက်နာခြင်းဖြစ်သည်။
စည်းကမ်းတစ်ခုချိုးဖောက်တိုင်းလည်းသင့်ကိုယ်သင်အပြစ်ပေးပါလိမ့်မည်။ ထိုအဆင့်သို့ရောက်ရန် အနည်းငယ်မျှသော စိတ်ထိန်းချုပ်မှုလိုအပ်သည်။
သင်ပရမ်းပတာလုပ်ကိုင်တတ်လျှင်၊ သင်၏အသွင်အပြင်အမူအရာမှာလည်းပရမ်းပတာဖြစ်နေလိမ့်မည်။ စိတ်ဓါတ်အဆင့်အတန်းမြင့်မားလာခြင်းသည်
စိတ်ပရမ်းပတာဖြစ်မှုကိုနည်းပါးစေသည်။
တတိယအဆင့်သီလကို ကိုယ်ကျင့်တရား(ethics)လို ခေါ်ဆိုရမှာပါ။
အမြင့်ဆုံးသောအဆင့်ဖြစ်ပြီးလုံးဝကွာခြားသောအဆင့်တစ်ခုကိုရောက်ရှိခဲ့ပြီဖြစ်သည်။
ကိုယ်ကျင့်တရားမည်သည်အာဏာပိုင်(သို့ )ခိုင်းစေသူမှချမှတ်သော
စည်မျဉ်းစည်းကမ်းများ
မျက်စေ့ပိတ်၊နားပိတ်ကိုလိုက်နာခြင်းမျိုးမဟုတ်ပါ။ထိုအဆင့်၌
အခြေအနေ၊အချိန်အခါနှင့်ကိုက်ညီမည့်
အပြုအမူကိုကိုယ်တိုင်ရွှေးချယ်နိုင်စွမ်းရှိနေပြီဖြစ်သည်။
အမှန်တကယ်ဥာဏ်ရည်မြင့်မားစွာဖြင့်အခြေအနေအားလုံးအတွက်
အကောင်းဆုံးနှင့်အသင့်တော်ဆုံး
တုံ့ပြန်မူတို့ကိုဖန်တီးနိုင်ပြုမူနိုင်ပြီဖြစ်သည်။ထိုအပြင်
အတ္တအကျိုးထက်အများအကျိုးကိုပေါ်မှာအခြေခံသည့်ဆုံးဖြစ်ချက်တွေကိုရဲဝံစွာချနိုင်မည်ဖြစ်သည်။အခြေအနေတစ်ရပ်လုံး၏အကောင်းရာကောင်းကျိုးကိုသိမြင်နိုင်စွမ်းရှိပြီး
အတ္တနှင့်ပရကို ဟန်ညီညီထိန်းနိုင်မည်ဖြစ်သည်။
လောဘ၊ဒေါသနှင့်မောဟတို့ကင်းလွတ်ပြီး မိမိ၊သူတပါး အကျိုးများမည့်နည်းလမ်းများဖြင့်သာ တွေ့ ကြုံသမျှကိစ္စတို့ကို
လွန်မြောက်စေလိမ့်မည်။ထိုကဲ့သို့ စိတ်ထားမျိုးကို
တရားဘာဝနာပွားများခြင်းဖြင့်သာ ရရှိနိုင်သည်။မည်သည့်နည်းလမ်းမျိုးနှင့်မျှ
ထိုကဲ့သို့မြင့်မားမွန်မြတ်သော
စိတ်ထားမျိုးကိုမရရှိနိုင်ပေ။ပြဿနာတိုင်းကိုရူထောင့်တိုင်းမှအဆင်ပြေအောင်ကြိုးစားခြင်းသည်ဘောလုံးများစွာကိုလေထဲ၌မြောက်ကစားခြင်းနှင့်ဆင်တူပြီး
မည်သည့်ထူးချွန်ထက်မြက်မူကမစွမ်းနိုင်ပါ။အမြဲတန်းအတွက်အလွန်ပင်ပန်းသောကိစ္စရပ်လည်းဖြစ်သည်။တရားဘာဝနာအားထုတ်ခြင်းမှရရှိသည့်
အဆင့်မြင့်သမာဓိကသာ
အမှားအယွင်းမရှိပြီးမြောက်အောင်မြင်နိုင်သည်။
No comments:
Post a Comment