ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်က နန်းတွင်းကျွန်မ ခုဇ္ဇုတ္တရာဟာ ဗုဒ္ဓရဲ့တရားဓမ္မကို ကြားနာရတဲ့အတွက်
သောတာပန်ဖြစ်လာတယ်။ သာမာဝတီနှင့် နန်းတွင်းသူငါးရာတို့ကို တရားဟောပြရတယ်။ ဓမ္မကထိက အမျိုး
သမီး ဥပါသိကာပါ။ ဘုရားရှင်ထံမှ တရားနာယူပြီး တစ်ဆင့် နန်းတွင်းသူများကို ဟောပြရင်း ပိဋကတ်သုံးပုံ
အာဂုံဆောင်တဲ့ "တိပိဋကဓရ" ဖြစ်လာတယ်။ ဒါကြောင့် ဗုဒ္ဓက နန်းတွင်းကျွန်မ ခုဇ္ဇုတ္တရာကို ဓမ္မကထိက
အမျိုးသမီးအဖြစ် အသိအမှတ်ပြုပြီး အကြားအမြင်များသည့် အရာ၌ ဧတဒဂ်ဘွဲ့ပေးလိုက်တယ်။
{ ဓမ္မပဒအဌကထာ အပ္ပမာဒ၀ဂ် }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment