သစ္စာ ၄ပါးမှာ နောက်ဓမ္မသစ္စာ ၂ပါးကို ဉာဏ်နဲ့ရောက်အောင် မသွားနိုင်ရင် ရှေ့က လောကသစ္စာ
၂ပါးထဲမှာပဲ ကျင်လည်နေရမယ်။ ရှေ့ကလောကသစ္စာ၂ပါးလောက်ကိုပဲ ချမ်းသာလို့ သမုတ်နေရမယ်။
ရှေ့ ၂ပါးလောက်နဲ့ ချမ်းသာလုပ်နေရင် အိအစစ်မဖြစ်ဘဲ အ,ိ အ,ီ အီး, ပဲ ဖြစ်နေမယ်။ မောဟအမှောင်က
ဒုက္ခအရှိကို အမှန်မသိမြင်ရအောင် ဖုံးအုပ်ကွယ်ကာထားလို့ လောဘ စတဲ့ ကိလေသာက ဒုက္ခထုပ်အပေါ်
ငြိပြီး ချမ်းသာ အယောင်ဆောင်ပြထားတာကြောင့် ချမ်းသာသလိုလို၊ (အိသလိုလို) ဖြစ်နေတယ်။
အရမ်းချမ်းသာလိုက်တာ၊ ဒီဝက်သားချက်က စားလို့ အရမ်းကောင်းလိုက်တာ။ ဒီကားကြီးက စီးလို့
အရမ်းကောင်းလိုက်တာ။ ဒီဆိုဖာကြီးက ဇိမ်ကျပြီး ထိုင်လို့ အရမ်းကောင်းလိုက်တာ။ ဒီမွေ့ယာက အိပ်လို့
အရမ်းကောင်းလိုက်တာ။ ဆိုတာမျိုးတွေပေါ့။ ၀က်သားချက်ကို တစ်နေကုန်စားကြည့်ပါလား?၊ စားလို့ ၀,
ပြည့်သွားတော့အီသွားတယ်။ ဒီကားကြီးကို အချိန်အကြာကြီး စီးကြည့်ပါလား?၊ ဒီဆိုဖာကြီးကို အချိန်အကြာ
ကြီး ထိုင်ကြည့်ပါလား?၊ ဒီမွေ့ယာပေါ် အချိန်အကြာကြီး အိပ်ကြည့်ပါလား?၊ ၀သွား, ပြည့်သွားတော့ အီ
သွားတယ်။ ဟောင်းနွမ်းသွား၊ အိုမင်းရင့်ရော်သွား၊ နာကျင်သွားတော့ (အလိုမကျ) အီသွားတယ်။
ဘယ်ဟာမှ အမြဲ အိမနေနိုင်ဘူး။ ဘယ်ဟာမှ ကိုယ်အမြဲပိုင်တာ မဟုတ်တော့ (အိုမင်းရင့်ရော်)
အချိန်စေ့လို့ ပျောက်ကွယ်ပျက်စီးသွားတဲ့အခါ၊ လက်လွှတ်လိုက်ရတဲ့အခါ၊ ဆုံးရှုံးသွားတဲ့အခါ အီးချပြီး
ပူဆွေးရမယ်။ အီးချပြီး ငိုကြွေးရမယ်။ တစ်လောကလုံး အ,ိ အ,ီ အီး,ချည်းပါပဲ။ ။
{ ၁၃၇၇ ခုနှစ်၊ တပေါင်းလဆန်း (၁၃)ရက်၊ တနင်္လာနေ့ နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ တိပိဋက
ယောဆရာတော်သီတင်းသုံးနေရာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖူးမျှော်လိုကြောင်း ကြိုတင်ခွင့်တောင်း
အသိပေးပြီး လာရောက်နာယူတော်မူသော တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment