၁။ ဗုဒ္ဓဘုရားက ရုပ်နာမ်နှစ်ပါး၊ ခန္ဓာငါးပါးကို အထင်အရှားရှိသည့်တရားဟုဟောသည်။ သို့သော် ပုထုဇဉ်တို့
က ခန္ဓာငါးပါးကို ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်သတ္တ၀ါဟု ယူဆနေကြသည်။
၂။ ဗုဒ္ဓဘုရားက အမှန်ရှိသောတရားမှာ ရုပ်၊ စိတ်၊ စေတသိက်တရားဟု ဟောကြားတော်မူသော်လည်း
ပုထုဇဉ်တို့က ဉာဏ်မသက်ဝင်နိုင်ဘဲ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ဒြပ်ဝတ္ထုဟု စွဲလန်းနေကြသည်။
၃။ ဗုဒ္ဓဘုရားက ရုပ်နာမ်နှစ်ပါး၊ ခန္ဓာငါးပါးသည် သဘောအာရုံမျှသာ ဖြစ်သဖြင့် အနိစ္စ(မမြဲခြင်း)၊ ဒုက္ခ(ဆင်း
ရဲခြင်း)၊ အနတ္တ(အစိုးမရခြင်း)ဟု ဟောတော်မူသည်။ ပုထုဇဉ်က ခန္ဓာသည် မြဲတယ်၊ ခိုင်တယ်၊ အစိုးရ
သည်ဟုသာ သိနေကြသည်။
၎။ မြတ်စွာဘုရားက အာရုံနှင့် ဒွါရတိုက်ဆိုင်၍ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ထိတွေ့စိတ်၊ တွေး
တောစိတ်တို့သည် အကြောင်းအကျိုးအားဖြင့် စဉ်ဆက်မပြတ် ထပ်ကာထပ်ကာဖြစ်ပျက်နေခြင်းဖြစ်သည်။
သို့ဖြစ်၍ ခန္ဓာသည် အကြောင်းအကျိုးဖြစ်သည်။ အကြောင်းအကျိုးသည်လည်း ခန္ဓာသဘာဝပင်ဖြစ်သည်
ဟုဟောသည်။ ပုထုဇဉ်တို့က ငါမြင်သည်၊ ငါကြားသည်၊ ငါနံသည်၊ ငါစားသည်၊ ငါထိတွေ့သည်၊ ငါတွေး
တောသည်ဟုသာ သိနေကြသည်။
၅။ မြတ်စွာဘုရားက ခန္ဓာဆိုသည်မှာ သဘောခန္ဓာ၊ အကြောင်းအကျိုးခန္ဓာဖြစ်သည်ဟု ဟောသည်။ သို့သော်
ပုထုဇဉ်တို့က ခန္ဓာကို ငါကောင်ဟု အထည်ဒြပ်အနေဖြင့် သိနေကြသည်။
၆။ ဘုရားရှင်က အိုခြင်း၊ နာခြင်း၊ သေခြင်းများကို သဘာဝတရားမျှဟု ဟောတော်မူသည်။ သို့သော်ပုထုဇဉ်
တို့မှာ ငါအိုတယ်၊ ငါနာတယ်၊ ငါသေခြင်းဟုသာ ယုံကြည်နေကြသည်။ ။
ဗုဒ္ဓဘုရားရှင် သိစေချင်သောအသိမျိုး(အဆုံးအမ)ကိုသိမှသာလျှင် အပါယ်တံခါးပိတ်သော ကလျာ
ဏပုထုဇဉ်တစ်ဦး ဖြစ်လာပါမည်။ လောကုတ္တရာသံသရာခရီးအတွက် မပူပင်ရသူပင်ဖြစ်ပေမည်။ ။
{ ဦမြသိန်း ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ၏ လူတိုင်းအတွက် မြတ်ဓမ္မ စာအုပ်မှ ကောက်နုတ်ရေးသား
မျှဝေပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment