Sunday, April 16, 2017

"သေသောသူက အပုပ်နံ့ပေးခြင်း ဟူသည်"


                    အရှင်ဘုရား!တခုလောက်မေးချင်လို့ပါ
ဘုရား
သေပြီးသားလူက အနံပေးလို့ရပါသလား
ဘုရား
အပုပ်နံ့ပေးလို့ရရင်ဘယ်လို အပုပ်နံ့မျိုးလဲ
ဘုရား?
ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား?

သေသောသူက အပုပ်နံ့ပေးခြင်း၊ အသံပေးခြင်း၊ အရိပ်ပြခြင်းဟူသည် အသို့နည်းဟူမူကား
သေပြီးတဲ့သူက ရောက်တဲ့ဘဝ ဆင်းရဲနေမည်ဆိုပါလျှင် ထိုသေသောသူနဲ့ ရင်းနှီးသော ဆွေမျိုးမိတ်ဆွေများထံသို့ သာဓုခေါ်ဆိုလိုပါ၍ အသိပေးခြင်းမျိုးပါ။ အပုပ်နံ့လည်းဖြစ်ချင်ဖြစ်နိုင်မည်။ တစ်ခြားသော အသံ၊ အရိပ်စသည်ပေးနိုင်ကောင်းပေးနိုင်ပါသည်။ ထိုထိုအရာမျိုးကြုံကြိုက်လာပါလျှင် မိမိအားခြောက်လှန့်သည်ဟု မထင်ပါနှင့်။ အသိပေးခြင်းမျသာဖြစ်ပါတယ်။ ဘာလို့အသိပေးသလဲဆိုပါလျှင် သူ့အတွက်ကောင်းမှု ကုသိုလ်များပြုလုပ်စေပြီး အမျှပေးဝေစေလိုသောကြောင့် အသိပေးခြင်းသာဖြစ်ပါတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် အဆင်ပြေမည့် အချိန်မှာ အသိပေးနိုင်ပါတယ်။
ဒါကြောင့် အသိပေးခံရသူက ထိုသူအတွက် ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးပြီး နာမည်ခေါ်ကာ အမျှပေးဝေမည်ဆိုပါလျှင် ထိုသူကလည်း သာဓုခေါ်နိုင်ပါက ကောင်းရာသုဂတိသို့ လားရောက်နိုင်ပါတယ်။ ချမ်းသာသည့်ဘဝသို့ လားရောက်နိုင်ပါတယ်ဒကာမကြီး။ ဒါကြောင့် သေသောသူသည် ဆင်းရဲသည့်ဘဝ၊ မကောင်းတဲ့ဘဝကို ရောက်ခဲ့ပါလျှင် ထိုထိုဘဝများမှ ကျွတ်လွတ်ချင်သောကြောင့် အသိပေးသည့် သဘောမျိုးဖြစ်ပါတယ်။ ခြောက်လှန့်တာမျိုးမဟုတ်ပါဟု ပြန်လည်ဖြေကြားအပ်ပါသည်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment