အသေလှတဲ့သူ ဖြစ်ဖို့ အတွက် အရည်သွေးလေးမျိုးပြန်ပြောပါမယ်။
(၁)အစွဲကင်းရမယ်။
(၂) တစ်ကိုယ်ကောင်းမဆန်ရဘူး။
(၃) ကုသိုလ်ပူနွေးရမယ်။
(၄) အသိအမြင်မှန်ကန်ဆံရမယ်။
▬ အဲဒီအရည်အသွေးလေးမျိုးထဲမှာ
အဓိကကျဆုံးကတော့ ကုသိုလ်ပူနွေးနေဖို့ ပါပဲ။ ကုသိုလ်အာရုံ
တစ်ခုမဟုတ်တစ်ခုနဲ့  အချိန်တိုင်း အချိန် တိုင်းသာ စိတ်မှာ ကုသိုလ်ဓာတ်တွေ
ပူနွေးနေမယ်ဆိုရင် အစွဲလည်း ကင်းသွားပါတယ်။ တစ်ကိုယ်ကောင်းလည်း
မဆန်တော့ပါဘူး။ အသိအမြင်လည်း မှန်ကန်
သွားပါတယ်။
▬
“ကုသိုလ်ပူနွေးဖို့ အဓိက“ ဆိုတာကို အမြဲသတိရပြီးတော့ ဒါနကုသိုလ်တွေနဲ့ လည်း
ကုသိုလ်ပူနွေးနေအောင် ကြိုးစားပါ။ သီလကုသိုလ် တွေနဲ့  လည်း
ကုသိုလ်ပူနွေးနေအောင် ကြိုးစားပါ။
သမထကုသိုလ်တွေနဲ့ လည်း
ကုသိုလ်ပူနွေးနေအောင် ကြိုးစားပါ။ ၀ိပဿကုသိုလ်တွေနဲ့ လည်း
ကုသိုလ်ပူနွေးနေအောင် ကြိုးစားပါ။ဝိပဿနာကုသိုလ်နဲ
့ကုသိုလ်တွေပူနွေးနေတော့မှ အသိအမြင်
မှန်ကန်တဲ့အကျိုး၊ တရားထူးတရားမြတ်ရတဲ့အကျိုး သေချာပေါက်ရမှာပဲ နော်။
- အရှင်ဆန္ဒာဓိက [ ရွှေပါရမီတောရဆရာတော် ]
No comments:
Post a Comment