Saturday, May 20, 2017

ကျနော်- အရူးနဲ့အကန်းများ...



ပထမဦးဆုံးကျနော်တင်ပြချင်တာက ကျနော်ဗုဒ္ဓဘာသာကိုမိရိုးဖလာလွန်ဘာသာရေးအဆင့်မှစတင် သိရှိခဲ့ရတာပါ၊ ကျနော်ငယ်စဉ်တောင်ကျေး
ခလေးဘ၀လူမှန်းသိတတ်စ အရွယ်မှာမိဘများကသဲအင်းဂူဆရာတော်ဘုရားကြီး ထံမှာဆရာရင်းဒကာရင်းအဖြစ်ခံယူပြီး ၀ိပဿနာတရားများသင်ယူ
အားထုတ်နေပြီလဲဖြစ်ပါတယ် ကျနော်တို့လဲ လူမမည်အရွယ်ဆိုပေမယ့် တရားအားထုတ်ချိန်တချိန်(၃)နာရီ အပြည့်ထိုင်ရပါတယ် ထိုစဉ်တုန်းကတော့

တရားအသိတွေ သေသေချာချာမရခဲ့ပေမယ့် အသိတရားလေးတွေတော့ ခေါင်းထဲရောက်ခဲ့ပါတယ်၊ ဒီလိုနဲ့ ကျောင်းတွေတက် စာတွေခက်ခဲ့ပေမယ့်
ဘာသာ၊သာသနာလမ်းပေါ်က မလွဲသွေသွားရအောင် မှော်ဘီအထိ သွားအားမထုတ်နိင်တော့ပေမယ့်လို့ အတန်းတင်စာမေးပွဲကြီးပြီးတိုင်း ကိုရင်ဝတ်
နီးစပ်ရာမဟာစည်လို တရားရိပ်သာများမှာ နှစ်တိုင်းရှင်ကျင့်ဝတ်တွေသင် လောကနိတိတွေကျက်တရားထိုင်ချိန်ထိုင်နဲ့ ကျောင်းပြန်ဖွင့်တော့လဲကျောင်း
တက် ကျောင်းချိန်ပြီးလို့အိမ်ပြန်ရောက်ထမင်းစားတော့မယ်ဆို အမေက ထမင်းပွဲပြင်ပေးပြီး ထမင်းစားနေစဉ် တရားတပုဒ်ကို
အမေအားလပ်တဲ့အချိန်တိုင်း ပြောပြလေ့ရှိပါတယ် ကလေးပီပီ ဗိုက်ဆာဆာနဲ့ မှတ်မိတာတွေလဲရှိ မမှတ်မိတာတွေလဲရှိခဲ့သပေါ့ဗျာ ဒီလိုနဲ့ရက်ပေါင်း
(၅၀၀၀) ကျော်ခဲ့ ဘ၀တက္ကသိုလ်ရောက် ကိုယ့်ခြေပေါ်ကိုယ်ရပ် ကိလေသာ၊တဏှာအသာထား၊ ၀မ်းတစ်ထွာအတွက်လှုပ်ရှား ပိုက်ဆံဆိုတာ မိဘပေးတဲ့
အခမဲ့(ပြန်ဆပ်ရန်၊အလုပ်လုပ်ပေးရန်မလို) မုန့်ဖိုးလောက်သာ သိခဲ့တဲ့ဘ၀ကနေ ကာယ၊ဥာဏ စွမ်းအားနဲ့ တခုခုလုပ်ပေးမှ ငွေရတယ်ဆိုတာ
သိခဲ့တယ် အများနဲ့ စုပေါင်းလုပ်ရတဲ့အလုပ်တွေမှာ စိတ်ရင်းကောင်းသူရော မကောင်းသူများ တရားသိတဲ့သူရော တရားမရှိတဲ့သူရော အများကြီးတွေ့
ဆုံခဲ့ရတယ် ကျနော့ဘ၀ တက္ကသိုလ် အစပိုင်းတွေမှာဘဲ အေးချမ်းမှုတွေရဲ့မူလဘူတ လ တစ်စင်းကွယ်သွားခဲ့တယ် ၀မ်းနဲမိပေမယ့်ကိုယ်ဘာတတ်နိင်
မှာလဲဗျာ အနတ္တဆိုတဲ့ သတ္တ၀ါတိုင်း အစစ်အမှန်ပိုင်ဆိုင်ထားတဲ့ တရားဆီကိုသွားတာဘဲလေ၊ နောက်ပိုင်းတော့ မြတ်ဗုဒ္ဓရဲ့နောက်ဆုံးစကားကိုလျစ်လျု
ရှုပြီး ကာမတဏှာ၊ ဘ၀တဏှာရေစုန်မှာ အချိန်တော်တော် မျောနေခဲ့ပြီး သာယာမိခဲ့တာဝန်ခံပါတယ်၊
ဒါပေမယ့်လောကဓံချားရဟတ်တွေလှည့်ပတ် အကောင်းတွေက ပျောက်အဆိုးတွေကြုံလာတဲ့အခါအားကိုးရာမဲ့ ရေနစ်သူလို သံဝေဂတွေနဲ့အတူ
တရားဓမ္မဆိုတဲ့မြက်တပင်ကိုပြန်လည် ဆုပ်ကိုင်မိပါတော့တယ် ခလုတ်ထိမှအမိတ ဒုက္ခတွေမှ ဘုရားတ ဆိုချင်လဲခံရမှာပေါ့ဗျာ...ဒီမှာဇတ်လမ်းကစပါ
တော့တယ် ကျနော်ငယ်စဉ်က သိခဲ့တာတွေ နောက်ပိုင်း တရားနာ စာအုပ်တွေဖတ်တဲ့ သုတမယ တွေပေါ်မှာ စိန္တာမယ တွေးတော ကြံစည် သုံးသပ်တဲ့
အခါမှာ (opposite) ဘက်ကနေပြီးလေ့လာသုံးသပ်ခဲ့တယ် ဟဲဟဲ...ဒီဋ္ဌိလို့ပြောလဲခံလိုက်ယုံပေါ့ ကြုံတုန်းကြော်ငြာ ၀င်လိုက်အုန်းမယ် ကျနော် လေ့လာ
တဲ့ပုံက ဆရာဦးဆန်းလွင် (ရတနာသုံးပါးကိုယုံကြည်ကိုးကွယ်လာသူတယောက်အကြောင်း) ရေးတဲ့ ခုဆရာတော် ဦးအာဒ္ဓိစ၀ံသ (သတ်ပုံမှားနိင်)
ဗုဒ္ဓဘာသာကို လေ့လာတဲ့ ပုံနဲ့ ဆင်တယ်ဗျ ဆရာတော်ကတော့ ဘာသာခြားမို့မယုံကြည်လို့ထားပါတော့ကျနော်ကတော့ သူများပြောတိုင်းလွယ်လွယ်
မယုံတတ်ဘူးဗျ အထူးသဖြင့် တရားဓမ္မနဲ့ပတ်သက်ရင်ပေါ့ အဲ့တုန်းက ကာလာမသုတ်ကို ဖတ်ဘူးလို့ သိဘူးလို့မဟုတ်ဘူးနော် ကိုယ်တိုင်သိကိုယ်တိုင်
ကျင့် ကိုယ်တိုင်ခံစားလို့ ကောင်းတယ်ဆိုမှသာ လက်ခံတတ်လို့ပါ အဲ့...အဲ့....ကျနော့အကြောင်းပြောတာ နဲနဲများသွားပြီ ခုကျနော်
အရူးတွေအကြောင်းစပြောမယ် ပုထုဇဉ်အားလုံးဟာအရူးဘဲ လို့ဘုရားဟောတော့ သူများတွေကိုတော့မပြောပါဘူး ငါဘယ်မှာရူးလို့လဲ တွေးမိပါတယ်
ဒါအကြောင်းမဲ့ ဟောတာမဟုတ်ဘူးလို့စဉ်းစားမိတယ် နောက်ပိုင်းသဲအင်းဂူဆရာတော်ဘုရားကြီးဟောတဲ့တရားတွေ လေ့လာတော့မှ ဒီလိုတွေ့တယ်ဗျ
အရူး(၈) မျိုးရှိပါတယ်
***************
(၁) ရာဂုမ္မတ္တက-------ရာဂအရူး...။
(၂) ဒိဋ္ဌုမ္မတ္တက ---------အယူလွဲအရူး...။
(၃) မောဟုမ္မတ္တက ------မောဟ အမိုက်ရူး...။
(၄) ကောဓုမ္မတ္တက -------အမျက်ရူး...။
(၅) မတ္တုမ္မတ္တက-----------သည်းချေပျက်အရူး...။
(၆) ယက္ခုမ္မတ္တက---------- ဘီလူး၊သရဲ ဖမ်းစားတဲ့အရူး...။
(၇) သုရုမ္မတ္တက------------အရက်ရူး....။
(၈) ဗျသနုမ္မတ္တက---------- စီးပွားပျက်အရူး....။
ဆိုတဲ့အရူး ရှစ်မျိုးထဲက ပုထုဇဉ်တွေမှာ တမျိုးမဟုတ်တမျိုး ရူးနေကြပါလားဆိုတာ သိလိုက်ရတယ် အနဲဆုံး စူဋ္ဌသောတာပန်အဆင့်လောက်မှမဖြစ်
ထားရင်ဒီအရူးသံသယာထဲ မျောဦးမှာပါဘဲ...။ နောက်တမျိုး အကန်းအကြောင်းလဲ ဟောထားတယ်ဗျ...။ဒီလိုဗျာ...
အကန်းနှစ်မျိုး
***********
(၁) စီးပွားရေး ကြီးပွားရေး စသောလောကီရေးကိုသာနားလည်ပြီး ဘာသာရေး သာသနာရေး ကိုမလိုက်စားလျှင်နားမလည်လျှင် တစ်ဖက်ကန်း...။
(၂) စီးပွားရေး ကြီးပွားရေး စသောလောကီရေး ကိုလည်းနားမလည် ဘာသာရေး သာသနာရေးကိုလဲ နားမလည်ရင် စုံလုံးကန်း....။
ဒါကြောင့်လဲ စကားလေးတခုလို မျက်စိမမြင်တဲ့သူဟာ မျက်စိမြင်တဲ့လူတွေကိုကော လောကကြီးပါမမြင်ဘူးတဲ့ မျက်စိမြင်တဲ့သူကတော့
လောကကြီးကိုရော မျက်ကန်းတွေကိုပါမြင်ပါတယ်တဲ့ ဒါကြောင့်စာဖတ်သူတို့ အနေနဲ့ အရူးတွေအကန်းတွေဘ၀မှ လွတ်မြောက်ပြီး ကျန်းမာ၊
ထီပေါက်၊ နိဗ္ဗာန်ရောက်နိင်တဲ့ သူတော်ကောင်းတွေဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်....။
(မူကြိုဆရာ)

No comments:

Post a Comment