တစ်ချိန်တွင် ရဟန်းတော်တစ်ပါးက ဘုရားရှင်ထံတော်သို့ ချဉ်းကပ်ပြီးနောက် ဘု
ရားရှင်ကို ဤကဲ့သို့မေးမြန်းလျှောက်ထားတော်မူ၏ ---- “မြတ်စွာဘုရား ...
‘အ၀ိဇ္ဇာ အ၀ိဇ္ဇာ’ဟု ပြောဆိုနေပါသည် မြတ်စွာဘုရား၊ အဘယ်ကို အ၀ိဇ္ဇာဟုခေါ်
ဆိုပါသလဲ မြတ်စွာဘုရား အဘယ်မျှသော အတိုင်းအရှည်ဖြင့် အ၀ိဇ္ဇာသို့ရောက်
ရှိနေသည့် ပုဂ္ဂိုလ်ဟု ခေါ်ဆိုပါသလဲ မြတ်စွာဘုရား?” .. ဤသို့ ထိုရဟန်းတော်က
မြတ်စွာဘုရားအား မေးမြန်းလျှောက်ထား၏။ ဤသို့ မေးမြန်းလျှောက်ထားသည့်
အခါ ဘုရားရှင်က အောက်ပါအတိုင်း အဖြေပေးတော်မူ၏ ..။
“ချစ်သား ရဟန်း ...
၁။ ဒုက္ခအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက်
ထွင်းဖောက် မသိမမြင်မှု၊
၂။ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့်
ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိမမြင်မှု၊
၃။ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်
မျက်မှောက် ထွင်းဖောက်မသိမမြင်မှု၊
၎။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ဒုက္ခနိရောဓဂါမိနီပဋိ
ပဒါ အရိယသစ္စာ မဂ္ဂအရိယသစ္စာ)တရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်
တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်မှု၊
ချစ်သားရဟန်း ... ဤ မသိမမြင်မှု (၄)မျိုးကို အ၀ိဇ္ဇာဟု ခေါ်ဆို၏။ ဤသို့ (၄)မျိုး
သော မသိမမြင်မှုသို့ ရောက်ရှိနေသော ပုဂ္ဂိုလ်ကို အ၀ိဇ္ဇာသို့ ရောက်ရှိနေသည့်
ပုဂ္ဂိုလ်ဟု ခေါ်ဆို၏” ..ဟု ဘုရားရှင်က ပြန်လည်မိန့်ကြားတော်မူလိုက်၏။
ဖားအောက်တောရဆရာတော်
(ကြာပန်းနှင့် ပမာတူသည့် ဘုရားရှင် မှ ကူးယူရေးသားပူဇော်ပါသည်။)
ဦးသိန်းဝေ။
No comments:
Post a Comment