Tuesday, November 28, 2017

တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ(၄)

Misconception #4 လွဲမှားသောအယူအဆ(၄)
The purpose of meditation is to become a psychic superman
အဘိဥာဏ်ရ စူပါမန်းဖြစ်ရန် ရည်ရွယ်၍ တရားအားထုတ်ခြင်း
တရားအားထုတ်ခြင်းရည်ရွယ်ချက်မှာ သတိတရားစွဲမြဲမူ၌တိုးတက်ရန်(To Develop Awareness)ဖြစ်သည်။
မိမိစိတ်ဘာဖြစ်နေသည်ကိုစောင့်ဖတ်ခြင်းသည်လည်းအဓိကမဟုတ်ပါ။ ကောင်းကင်၌ပျံနိုင်ခြင်းသည်တရားအားထုတ်ခြင်း၏ပန်းတိုင်မဟုတ်ပါ။ ပန်းတိုင်အစစ်မှာ ကိလေသာတို့မှ
လွတ်မြောက်ရန်ဖြစ်သည်။အဘိဥာဏ်စွမ်းအားနှင့်တရားအားထုတ်ခြင်းတို့မှာအပြန်အလှန်ခက်ခဲနက်နဲစွာစပ်ဆက်နေကြသည်။

တရားအားထုတ်ခါစယောဂီများသည် အဘိဥာဏ်ကိစ္စများကို တွေးမိကောင်း တွေးမိပေလိမ့်မည်။ အချို့သောယောဂီများလွန်ခဲ့သည့်ဘဝဟောင်းများကိုမှတ်မိကောင်းမှတ်မိပေလိမ့်မည်။
ထိုကဲ့သို့မှတ်မိခြင်းမျိုးကို ကောင်းစွာဖွံဖြိုးပြီး စိတ်ချရသော အဘိဥာဏ်၏အစွမ်းဟုမခေါ်ဆိုနိုင်ပါ။အလွန့်အလွန်ရေးပါသောအရာအဖြစ်လည်းမသတ်မှတ်သင့်ပါ။
ထိုအဘိဥာဏ်ကိစ္စများကြောင့် ငြိကပ်တတ်သောတဏှာကို ဖြစ်ပေါ်စေတတ်သောကြောင့်အားထုတ်ခါစယောဂီများအတွက်
အလွန်အန္တရာယ်များလှသည်။လမ်းမှန်ပေါ်မှလွင့်စင်သွားအောင်ဖျားယောင်းတတ်သောထောင်ချောက်များ (ဥပက္ကိလေသာ ၁၁ပါး)
ဖြစ်သည်။ အဘိဥာဏ်ကိစ္စကို အလေးမပြုမိအောင်ကြိုးစားခြင်းသည် နည်းကောင်းတစ်ခုဖြစ်သည်။အဘိဥာဏ်အစွမ်းများရသည်ဖြစ်စေ၊မရသည်ဖြစ်စေ မည်မျှမထူးခြားပါ။
ယောဂီ၏တရားထိုင်သက်တမ်းတစ်လျှောက်တွင် အဘိဥာဏ်အစွမ်းများရရန် သီးသန့်လေ့ကျင့်ခန်းများ အားထုတ်ကောင်းအားထုတ်ခဲ့မည်။ အဘိဥာဏ်အစွမ်းရရန်
အလွန်ပင်ခဲယဉ်းသည်။အလွန်အဆင့်မြင့်သည့်၊ဈာန်ဆိုက်သောသမာဓိကို လေ့ကျင့်အောင်မြင်ခဲ့ပြီးသူ
(ကသိုဏ်၁၀ပါး၌ စတုတ္ထဈာန်ရောက်အောင် ဝသီဘော်၅တန်ဖြင့်ကျွမ်းကျင်စွာအားထုတ်နိုင်သူ)သာ
အန္တရာယ်နည်းပါးစွာ အလွန်ခက်ခဲသောအဘိဥာဏ်အစွမ်းကိုရရှိရန် လေ့ကျင့်နိုင်သည်။ ဝေနေယျသတ္တဝါများခြေချွတ်ရန်ရည်ရွယ်၍
အဘိဥာဏ်အစွမ်းများရရန် အားထုတ်သင့်သည်။
ဆယ်စုနှစ်ပေါင်းများစွာ အဆက်မပြတ် အားထုတ်ရန်လိုအပ်သည်။ မိမိနှင့်သင့်လျှော်သည်လုပ်ငန်းခွင်ကို(သတိတရားစွဲမြဲရန်) ဇောက်ချပြီး
ဥပက္ကိလေသာ ၁၁ပါး တို့မှလွန်မြောက်အောင်ကြိုးစားပါလေ။

No comments:

Post a Comment