Saturday, February 10, 2018
ဒါန နည်းလို့မွဲတယ်လား
ရပ်ထဲရွာထဲ လူတွေကြားထဲ အလှူခံတဲ့အဖွဲ့တွေ အပါအ၀င်အချို့ ဘုန်းဘုန်းများပါပြော ဟောနေတဲ့ စကားတခွန်းရှိပါတယ်
ဒါကတော့ မရှိလို့မလှူ မလှူလို့မရှိဆိုတာရယ်၊ (ဒါန နည်းလို့ မွဲတယ်) ဆိုတာလေးကို၊နဲနဲဆွေးနွေးတင်ပြချင်ပါတယ်...........၊
မသိသေးတဲ့သူတွေအတွက် အရမ်းတန်ဖိုးရှိမှာပါ၊
လူရယ်လို့ဖြစ်လာတာ တော်ယုံတန်ယုံကုသိုလ်နဲ့ဖြစ်လာကြတာမဟုတ်ပါဘူး မနုသတ္တဘာဝေါဒုလ္လဘောဆိုတဲ့အတိုင်း
လူ့ဘ၀ဆိုတာ တကယ်ကိုရခဲတာပါ၊ ဒီလိုလူ့ဘ၀ရောက်လာကြသူများဟာ အရင့်အရင် ဘ၀တွေက ဒါနမှုလို့ခေါ်တဲ့
ကုသိုလ်အလှူအတန်းတွေ အမြောက်အများပြုလုပ်ခဲ့ကြမှာပါ၊ ဒီ..ဒါနကုသိုလ်တွေကြောင့်လဲအကြောင်းတိုက်ဆိုင်စွာ
လူ...ရယ်လို့ဖြစ်လာတယ်ဆိုရင် ငြင်းလို့မရပါဘူး၊
လူရယ်လို့ဖြစ်လာတဲ့ကုသိုလ်ကံ မပြောနဲ့အချို့ တိရိစ္ဆာန်တွေတောင် ကုသိုလ်ကံကောင်းတဲ့အကောင်တွေဟာ လူထက်တောင်
စည်းစိမ်ချမ်းသာနဲ့နေနိင်ကြပါတယ် တွေ့ဘူးကြမှာပါ ချမ်းသာတဲ့အိမ်က ခွေးတွေ ကြောင်တွေကိုလေ၊ ဒါကြောင့် ဒါနပြုခဲ့တာတော့
သတ္တ၀ါတိုင်းလုပ်ခဲ့မှာတော့သေချာပါတယ်၊
ယ္ခုမျက်မှောက်ဘ၀မှာအရင်ဘ၀တွေက ဒါနအကျိုးပေးကို အကြီးအကျယ်ဟန့်တား ဖျက်စီးပစ်တဲ့ကံတခုရှိတာ အမျိုးတွေမသိကြ
လို့အရမ်းနှမျော ၀မ်းနဲဖို့ကောင်းပါတယ် ခုကျနော် အဲ့ဒီကံကိုပြောပါမယ် သိပ်တော့အထူးဆန်းကြီးမဟုတ်ပါဘူး ဗုဒ္မဘာသာဝင်တိုင်း
သိပါတယ်ဒါကတော့ (အဒိန္နာဒါနကံ) ဘဲဖြစ်ပါတယ်၊ သူတပါးဥစ္စာကိုခိုးယူခြင်းလို့ အဓိပါယ်ဖွင့်ဆိုပါတယ်၊
ဒီနေရာမှာအကျယ်ဖွင့်ပြရင် ပို့စ်သိပ်ရှည်သွားမှာစိုးလို့ အရေးကြီးတာလေးဘဲတင်ပြပါမယ်၊ ဒီကံအကြောင်းပြောလိုက်တော့
်၊ ဟ....ငါတို့သူများပစ္စည်း မသိအောင်မခိုးပါဘူးလို့စိတ်ထဲက ပြန်ပြောကြလိမ့်မယ် အထူးသဖြင့်ဒီခေတ်မှာ ဈေးသည်ကလဲ
အလေးချိန်မပြည့်ရင် ခိုးတာပါဘဲ၊ အလုပ်သမားကလဲတန်ရာတန်ကြေးယူပြီ အလုပ်ကိုခိုလုပ်ရင် ခိုးတာပါဘဲ၊ ဈေးဝယ်ပြီးဈေးသည်က
အတွက်မှား ပိုက်ဆံပိုအမ်းလိုက်လို့ မသိချင်ယောင်ဆောင်ယူလာရင်လဲ ခိုးတာပါဘဲ၊ ၀န်ထမ်းတွေ အလုပ်ရှိသားနဲ့မလုပ်ဘဲ စကားထိုင်ပြောတာ
အချိန်ခိုးတာပါဘဲ၊ လာဒ်ပေးမှအလုပ်လုပ်ပေးရင်လဲ တနည်းခိုးသလိုပါဘဲ၊ အာရကေရမှတို့ ဂွင်ဖန်တာတို့လဲ တနည်းအားဖြင့် ခိုးသလိုပါဘဲ
ပြောရရင်တော့ အများကြီးပေါ့ဗျာ.....၊
ကဲ....ကျနော်ပြောလို့လဲ မယုံလိုက်ပါနဲ့ဦး ဆရာတော်ကြီးတွေကလဲ ဘယ်လိုဆုံးမထားလဲ ကျနော်တင်ပြပါမယ်....
အဒိန္နာဒါန၏ဆိုးကျိုးများ
----------------------------
ပိုင်ရှင်မပေးငြား၊ သူများဥစ္စာ၊ ခိုး-လုပါမူ၊ လေးဖြာအပါယ်၊ သူ၏နယ်တည်း၊ အကယ်၍များ၊ လူဖြစ်ငြားမူ၊ ရှားပါး
ဥစ္စာ၊ ရခဲစွာမို့ ၊ မွဲပြာဆင်းရဲ၊ ရလဲကြာရှည်၊ မတည်ပျောက်ပျက်၊ မင်းနှိပ်စက်၍၊ စိတ်လက်မရွှင်၊ လိုအင်မပြည့်၊
ဆင်းရဲဖိသည်၊ ရ၏ဆိုးကျိုးများစွာတည်း။ (ချမ်းမြေ့)
သူတပါးဟာ၊ ခိုးမိပါမူ၊ ဥစ္စာနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊ လိုရှိမရ၊ ဘောဂပျက်စီး၊ ရေ-မီး-သူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုးအ
ပြား၊ ရန်မျိုးငါးကြောင့်၊ ဆုံးပါးဥစ္စာ၊ ပြစ်များစွာ၏။ (ဝိသုဒ္ဓါရုံ)
အဒိန္နာဒါန ရှောင်ကြဉ်ကျိုးများ
-----------------------------------
မခိုးဥစ္စာ၊ရှောင်ကြဉ်ပါမူ၊ ချမ်းသာကြွယ်ဝ၊ လိုရာရ၍၊ ရှာရလွယ်ကူ၊ ရပြန်မူလည်း၊ ရန်သူမဖျက်၊ မပျောက်ပျက်ဘဲ၊
တိုးတက်ပွားစည်၊ စည်းစိမ်တည်၏၊ လေးလီပါယ်ရွာ၊မကျပါဘဲ၊ နတ်ရွာသုဂတိ၊ လားရဘိသည်၊ ရ၏ကောင်းကျိုး
အမှန်တည်း၊ (ချမ်းမြေ့)
ဒီလောက်တင်ပြရင်တော့ သဘောပါလောက်ပြီပေါ့နော်၊ ဒါကြောင့်..အမျိုးတွေ.သံသရာခရီးမှာ ချမ်းချမ်းသာသာ
နဲ့ လျှောက်လှမ်းနိင်အောင် လှူတန်း၊ပေးကမ်း၊စွန့်ကျဲပြီး ဒါနတွေလဲလုပ်ကြပါ၊ အဲ့ဒီဒါနတွေ အကျိုးပေးအနှောက်အယှက်
မဖြစ်အောင် သီလလည်း ဆောက်တည်ထိန်းသိမ်းပါလို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
(ပါချုပ်ဆရာတော်တရားနှင့် သီတဂူဆရာတော်ကြီးတို့ နှစ်ပါးဟောတရားများထဲမှ ကောက်နှုတ်တင်ပြသည်)
ကျန်းမာ၊ ထီပေါက်၊ နိဗ္ဗာန်ရောက်နိင်တဲ့ သူတော်ကောင်းတွေဖြစ်နိင်ကြပါစေ။
မူကြိုဆရာ
၉.၂.၂၀၁၈- ၁၃း၃၁ နာရီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment