Sunday, February 4, 2018
ဝိရိယနှင့် သမာဓိ။
ချင်တာဖြစ်ဆိုတဲ့ လူမျိုးပါ။ အပြင်းအထန် အားထုတ်ရှုမှတ်နေပေမယ့် ခန္ဓာကိုယ်ကြီးကသာ
ချွေးဒီးဒီးကျမယ် စိတ်ကတော့ အပြင်အာရုံတွေပေါ်မှာ ပျံ့လွင့်နေတတ်ပါတယ်။
         ၀ိရိယ အားနည်းရင်လည်း ခန္ဓာကိုယ်ကိုညှာလွန်းလို့ သမာဓိ မမြဲနိုင်ပါ။ သမာဓိအား
ကောင်းလွန်းရင်လည်း ရှုမှတ်စရာမှန်သမျှ မလွတ်စေရအောင် သမာဓိတည်ကြည်လွန်းတဲ့အ
တွက် ၀ိရိယလျော့ပြီး ဒီလိုရှုမှတ်နေရတော့မှာလားဆိုပြီး ပျင်းလာတတ်ပါတယ်။
         သမာဓိ အားနည်းရင်လည်း မှတ်စိတ်က မှတ်စရာအပေါ်မှာမတည်နိုင်ဘဲ စိတ်ကူးပျံ့လွင့်
တွေးတောနေတတ်ပါတယ်။ အဲဒီလို မညီမညွတ် မမျှမတ တာတွေကို ပေါင်းကူးဆက်နွယ် ညီမျှ
စေဖို့အတွက် သတိတရားနဲ့ စောင့်ကြည့်ထိန်းပေးရမှာ ဖြစ်ပါတယ်။ ယုံကြည်မှုသဒ္ဒါနှင့် ဆင်
ခြင်ဉာဏ်ပညာ၊ အားထုတ်မှုဝိရိယနှင့် တည်ကြည်မှုသမာဓိတို့ကို သတိတရား လက်ကိုင်ထား
ပြီး မျှမျှတတ အသုံးချ ရှုမှတ်ခြင်းဖြင့် ခန္ဓာဉာဏ်ရောက် ၀ိပဿနာအသိကို လွယ်ကူလျင်မြန်
စွာ ရရှိစံစားခံစားနိုင်မှာ ဖြစ်ပါတယ်။
{ မြင့်ရွှေ(ပေါင်းတည်) ၏ ၀ိပဿနာကမ္မဋ္ဌာန်းအကြောင်း သိကောင်းစရာမှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်။ }
  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment