Tuesday, March 13, 2018

ကုသိုလ်​မှတ်​တမ်းထားရှိပါ..

ပြုခဲ့ပြီးသမျှ ကုသိုလ်တွေကို မှတ်တမ်း ရေးထားသင့်ပါတယ် ။ ကုသိုလ် မှတ်တမ်းရေးတဲ့အကျင့်ကို ကျင့်ယူကြပါလို့ တိုက်တွန်းချင်ပါတယ်။
        °º¤ø,¸¸,ø¤º°`°º¤ø,¸,
       သီဟိုဠ်ခေတ်က ဒုဋ္ဌဂါမဏိမင်းကြီးဆိုတာ ကုသိုလ်မှတ်တမ်း မှန်မှန်ရေးခဲ့တဲ့သူပါ ။  
      သေးငယ်တဲ့ဒါနလည်း ကုသိုလ်မှတ်တမ်း ထဲ ရေးထည့်ထားတယ် ။   ကြီးကျယ်တဲ့ဒါနလည်း ကုသိုလ်မှတ်တမ်းထဲ ရေးထည့်ထားတယ်။     အခါအားလျှော်စွာ ကုသိုလ်မှတ်တမ်း ကိုပြန်  ပြန်ဖတ်တယ် ။
          သေခါနီးမှာ စာတော်ဖတ်က ကုသိုလ်မှတ်တမ်း ဖတ်ပြတော့ ကုသိုလ် စာရင်း တစ်ခုပြီးတစ်ခု နားထောင်နေရင်း  တစ်နေရာအရောက်မှာ ဆက်မဖတ်တော့ဖို့ လက်ကာပြလိုက်တယ်။ 
  အဲ့ဒီကုသိုလ်ကို အနှစ်သက်ဆုံး ပီတိအဖြစ်ဆုံးမို့လို့တဲ့.......။      ဘာကုသိုလ်လဲဆိုတော့  ကိုယ်စားမယ့်ထမင်း မစားတော့ဘဲ ရဟန်းတော်တစ်ပါးကို လှူဒါန်းခဲ့တဲ့ ကုသိုလ်ပေါ့ ။

        တစ်ချိန်တုန်းက စစ်တိုက်ထွက်ရင်း လူစူကွဲပြီး မင်းကြီးရယ် မြင်းသည်တော်ရယ်ပဲ မြင်းနဲ့အတူ တောကြီးတစ်ခုထဲ ရောက်သွားတယ် ။  နေ့လယ်စာ စားချိန်ရောက်တော့ မြင်းသည်တော်က သူယူလာခဲ့တဲ့ တစ်ခုတည်းသော ထမင်းထုပ်ကို ဆက်သတယ်။   တစ်ယောက်စာ ထမင်းတစ်ထုပ်ကို လေးပုံ ပုံ..... တစ်ပုံက သံဃာအတွက်...တစ်ပုံက သူ့အတွက်... တစ်ပုံက မြင်းသည်တော်အတွက်... တစ်ပုံက မြင်းအတွက် ... ပေါ့..
စားဦးစားဖျားကို သံဃာ မလှူဘဲ ဘယ်တော့မှ စားလေ့စားထမရှိဘူး ။
       ကြားသိတဲ့ သံဃာတော်တစ်ပါး ဆွမ်အဲ့ဒီမင်းကြီးကးခံကြွဖို့ ကောင်းကင်မော့လက်အုပ်ချီပြီး ပင့်လိုက်တယ် ။  ဒိဗ္ဗသောတ ( နတ်နား  ) အဘိဥာဏ်ရတဲ့ ရဟန္တာတစ်ပါး ကြားသိလို့ ကြွလာတော့ သံဃာ့ဝေစု တစ်ပုံလည်း လှူလိုက်တယ်။
  မင်းကြီးကသူစားမယ့် ဝေစု တစ်ပုံလဲ လှူလိုက်တယ် ။ 
မြင်းသည်တော်ကလည်း သူ့ဝေစု လှူလိုက်တယ် ။ 
မြင်းကလည်း သူ့ဝေစုလှူပေးဖို့ အမူအရာလုပ်ပြလို့ မြင်းရဲ့ဝေစုကိုလည်း လှူလိုက်တယ်။
        ထမင်းတစ်ထုပ်လုံး ရဟန္တာ အရှင်မြတ်ကိုပဲလှူလိုက်ကြတယ် ။   အရှင်မြတ်က ကိုယ်တိုင်လည်း ဘုဉ်းပေးတယ် ။
တန်ခိုးတော်နဲ့ တခြားရဟန်းတော်တွေကိုလည်း ဆက်ကပ်တယ် ။
ပိုလျှံနေသေးလို့ သုံးယောက်စာ ပြန်ပို့ပေးလိုက်တဲ့ အတွက် မင်းကြီး.. မြင်းသည်တော်နဲ့ မြင်းလည်း ၀၀လင်လင် စားလိုက်ရတယ်။ 
လှူတုန်းကတန်ဖိုးနဲ့ ပွားပြီး ပိုတာ ပြန်စွန့်ဖို့ မရည်ရွယ်ခဲ့ပါဘူး..။ 
#ကိုယ်လုံးဝမစားဘဲအငတ်ခံလိုက်တော့မယ်..    ဆိုတဲ့ စိတ်ဓာတ် နဲ့ပဲ ပြတ်ပြတ်သားသား စွန့်လွှတ်ပြီး သဒ္ဓါတရား အပြည့်အ၀နဲ့ လှူဒါန်းလိုက်တာပါ...။
     တစ်ယောက်စာထမင်းရဲ့ လေးပုံ တစ်ပုံဆိုတော့ အရေအတွက်အားဖြင့် မများပေမယ့်  #စွန့်လွှတ်နိုင်စွမ်းအား က ကြီးမားလွန်းတဲ့အတွက် သိသိသာသာ မှတ်မှန်ရရကြီး ပီတိဖြစ်နေရတာပေါ့...။  
အလှူခံရဟန်းရဲ့ တန်ခိုးတော်ကြောင့် ဆွမ်းတွေ ပွားသွားပြီး ရဟန်းတော်ပေါင်း မြောက်များစွာ ဘုဉ်းပေးနေကြတာကို အံမခန်း မြင်တွေ့ရတဲ့အတွက်လည်း ပီတိ ဖြစ်ရတာပေါ့..။   စွန့်လွှတ် ပီတိရယ်... ကြည်ညိုပီတိရယ်.. ပီတိနှစ်မျိုး ခံစားရတာပေါ့...။ 
    ဒုဋ္ဌဂါမဏိမင်းကြီးရဲ့ ဘ၀ တစ်သက်တာမှာ  အသပြာငွေ ကုဋေပေါင်း ထောင်ချီလှူဒါန်းခဲ့ဖူး ပေမယ့် တခြားတခြား အကုန်အကျ များတဲ့ ကုသိုလ်တွေထက် အကုန်အကျမများတဲ့ အဲ့ဒီဆွမ်း ကုသိုလ်လေးကို အနှစ်သက်ဆုံး ပီတိ အဖြစ်ဆုံး ဖြစ်ခဲ့တယ် ။  
အဲ့ဒီကုသိုလ်လေးကို အာရုံပြုပြီး တုသိတာ နတ်ပြည် တက်သွားပါတယ် ။
#အသေလှသွားတာပေါ့ ။
           ဒါကြောင့် ကုသိုလ်မှတ်တမ်းရဲ့ တန်ဖိုး ကကြိးမားပါတယ် ။ နည်းသည် များသည် အဓိကမထားပဲ စွန့်လွှတ်မှု့ ထင်ရှားတဲ့ ကုသိုလ် အားလုံးကို ရေးမှတ်ထားပါ ။     ကိုယ်မသုံးစွဲဘဲ စွန့်လွှတ် လှူဒါန်းလေ ပီတိစွမ်းအား ပိုကောင်းလေပါ ။
အဲ့ဒီကုသိုလ်မှတ်တမ်းလေးကို မကြာမကြာ ပြန်ဖတ်ပေးပါ ။ ဖတ်တိုင်းဖတ်တိုင်းလဲ အရသာရှိနေလိမ့်မယ် ။
    ဒါနကုသိုလ် ကို နမူနာပြောလိုက်ရင် သီလကုသိုလ် ...
ဝေယျာဝိစ္စကုသိုလ် ..
တရားဟော... တရားနာ ကုသိုလ်.. .၊
ဂုဏ်တော်ပွား ကုသိုလ် ၊ မေတ္တာပို့ကုသိုလ်
ဝိပဿ         နာရှုကုသိုလ်
ပရိတ် ပဋ္ဌာန်းရွတ်ကုသိုလ်
➳ ➳ ➳ ➳ ➳  စတဲ့ တခြားကုသိုလ် တွေမှာလည်း ချဲ့ထွင်သဘောပေါက်လိုက်ပါ ။

No comments:

Post a Comment