အာရုံကာမဂုဏ်ခံစားမှု့ဟာ သေခြင်းတရားကို မလွန်မြောက်နိုင်တဲ့ချမ်းသာပါ ။
ကာမဂုဏ်ချမ်းသာတွေအတွက် လုပ်နေတဲ့ အလုပ်အားလုံးဟာလည်း သေခြင်းတရားကို မလွန်မြောက်နိုငိတဲ့အလုပ် အသေမလွတ်တဲ့အလုပ်တွေဖြစ်တယ် ။
#၀ိပဿ နာချမ်းသာ မဂ်ဖိုလ်ချမ်းသာ ဆိုတာကတော့ သေခြင်းတရားကိုလွန်မြောက်နိုင်တဲ့ ချမ်းသာ ပါ ။
အရဟတ္တမဂ် .. အရဟတ္တဖိုကိုရပြီးတော့ ရဟန္တာဖြစ်သွားပြီဆိုရင် #ဒီဘ၀ပဲသေရတော့မယ်..။
နောက်ဘ၀...နောက်ခန္ဓာတွေအသစ်ထပ်ပြိး မဖြစ်တော့တဲ့အတွက်ကြောင့် သေခြင်းတရားကနေ အပြီးတိုင်လွန်မြောက်သွားပြီ... ဘယ်တော့မှမသေရတော့ဘူး ။
#သေတယ်ဆိုတာဘ၀ခန္ဓာရှိလို့သေရတာပါ ။
#ဘ၀ခန္ဓာဆိုတဲ့အပင်ပေါက်ရတာကလဲ ကုသိုလ်ကံ.. အကုသိုလ်ကံ ဆိုတဲ့ စေတနာမျိုးစေ့မှာ တဏှာဆိုတဲ့အစိုဓာတ် ... အစေးဓာတ်ရှိနေလို့ ပေါက်ရတာပါ ။
စေတနာမျိုးစေ့မှာ ပူးကပ်နေတဲ့ တဏှာအစို... အစေးကို အရဟတ္တမဂ်မီးနဲ့ ခြောက်သွေ့ ကျွမ်းမြေ့သွားအောင် ရှို့မြိုက်လိုက်နိုင်ပြီဆို၇င် စေတနာမျိုးစေ့ဟာ ဘ၀ခန္တာ အပင်ကို မပေါက်နိုင်တော့ပါဘူး ။
ခန္ဓာအပင်မပေါက်ရင် သေခြင်းတရားနဲ့လည်း ဆုံဆည်းစရာ အကြောင်း မရှိတော့ပါဘူး..။
ခန္ဓာအပင်မပေါက်ရင် သေခြင်းတရားနဲ့လည်း ဆုံဆည်းစရာ အကြောင်း မရှိတော့ပါဘူး..။
သောတာပန်ပုဂ္ဂိုလ် အစရှိတဲ့ အောက်အရိယာ ပုဂ္ဂိုလ် တွေဆိုရင်တော့ အရိယာ ပုဂ္ဂိုလ်ဝင်ဖြစ်စေကာမူ ဘ၀အသစ်တွေ ထပ်ဖြစ်ဦးမှာ မို့လို့ သူတို့လဲ သေခြင်းတရား ကို မလွတ်မြောက်နိုင်ကြသေးပါဘူး...။
ဒါပေမယ့် အရိယာ ပုဂ္ဂိုလ်များအတွက်တော့ သေရမယ့် ဘ၀ အပိုင်းအခြား အကန့်အသတ် ရှိသွားပြီဖြစ်တဲ့အတွက်ကြောင့် သူတို့ကို မသေတော့မယ့် ပုဂ္ဂိုလ် တွေလို့ပဲ ဆိုနိုင်ပါတယ် ။
မဂ်စိတ်ဖြစ်မှ သေခြင်းတရားက လွတ်မြောက်နိုင်မှာ ဆိုတော့...
မဂ်စိတ်ဆိုတာကလည်း ၀ိပဿ နာ စိတ်ရှိမှ ဖြစ်နိုင်တာမို့ ၀ိပဿ နာ အလုပ်ကို လုပ်နေခြင်းဟာ #သေခြင်းတရားကိုလွတ်မြောက်နိုင်တဲ့အလုပ်လုပ်နေခြင်းပါပဲ..။....။
မဂ်စိတ်ဆိုတာကလည်း ၀ိပဿ နာ စိတ်ရှိမှ ဖြစ်နိုင်တာမို့ ၀ိပဿ နာ အလုပ်ကို လုပ်နေခြင်းဟာ #သေခြင်းတရားကိုလွတ်မြောက်နိုင်တဲ့အလုပ်လုပ်နေခြင်းပါပဲ..။....။
✉ ဆရာတော်ဦးဇောတိက..
No comments:
Post a Comment