``ဗုဒ္ဓ ဓမ္မ၊ သံဃကိုယုံ၊ မတုန်လှုပ်ဘိ၊ အရိယကန္တ၊ သီလငါးဖြာ၊ စုံညီညာ၊ သောတာပတ္တိယင်။´´
ဟူသည်နှင့်အညီ သောတာပတ္တိမဂ်၏ အင်္ဂါအစိတ်အပိုင်း သောတာပတ္တိယင်္ဂ၊
(၀ါ) တရားမှန်တော်ကြီး = ဓမ္မာဒါသ အမည်ရသော သောတာပန်ဖြစ်/မဖြစ် မှတ်ကျောက်တင်
စစ်ဆေးနိုင်ဖို့ရာ အင်္ဂါလေးချက် ရှိပါသည်။
(၁) ဘုရားရှင်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၊
(၂) တရားတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၊
(၃) သံဃာတော်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း၊
(၄) အရိယာတို့ နှစ်သက်အပ်သော ငါးပါးသီလ မကျိုးမပေါက် မပြောက်မကြားခြင်းတို့ ဖြစ်၏။
သောတာပန်ဖြစ်လျှင် ဤတရားလေးပါးနှင့် ပြည်စုံမြဲဖြစ်၏။
`သဟာဝဿ ဒဿနသမ္ပဒါယ၊
တယဿု ဓမ္မာ ဇဟိတာ ဘ၀န္တိ။
သက္ကာယဒိဋ္ဌိ ၀ိစိကိစ္ဆိတဉ္စ၊
သီလဗ္ဗတံ ၀ါပိ ယဒတ္ထိ ကိဉ္စိ။´´ ဟူသည်နှင့်အညီ သောတာပန်ဖြစ်သည်နှင့် တပြိုင်နက်
`သက္ကာယဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ´ တရားသုံးပါးနှင့် ကိလေသာအချို့ကို ပယ်ရှားအပ်ပြီး ဖြစ်၏။
ထိုသောတာပန်ပုဂ္ဂိုလ်သည် ကိလေသာများ ကြွင်းကျန်သေး သော်လည်း အပါယ်လားကြောင်း
မကောင်းမှုတို့ကို ပြုလုပ်ခြင်း မရှိသောကြောင့် အ၀ိနိပါတဓမ္မော = အပါယ်သို့ လားရခြင်း သဘော မရှိတော့။
နိယတော = မဂ်ဟူသော နိယာမဖြင့် မြဲသော သဘောရှိ၏။ သမ္ဗောဓိပရာယဏော = အထက်မဂ်သုံးပါးလျှင်
လည်းလျောင်းရာရှိ၏။ အထက်မဂ်ကိုသာ ရဖို့ရှိ၏။ အောက်သို့ (လောကီဈာန်များကဲ့သို့ ) လျောကျရိုးထုံးစံမရှိ။
{ အရှင်ကောဝိဒ(ယော)၏ သောတာပန် ပြဿနာ ရှင်းတမ်းမှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment