Saturday, March 10, 2018

မီးလွတ်စား ခြင်း အကြောင်း သိမှတ်ဖွယ်

   ဦးဇင်း တို့ တစ်ခါ တစ်လေ " ဘယ်သူ က ဘာအဓိဋ္ဌာန် ဝင်ထား လို့ မီးလွတ်စားနေတယ် "  "မီးလွတ် ဘုဉ်း ပေး တယ် " စသည်ဖြင့် "မီးလွတ် " ဆိုတဲ့ စကား ကို ခဏခဏ ကြားနေရ ပါတယ် ။
           ယနေ့ ဦးဇင်း မီးလွတ် အကြောင်း ကို သိ သမျှ လေး ဓမ္မမိတ်ဆွေ များ ကို ပြော ပါ မယ် ။
             ယ္ခုခေတ် သုံးနေကြတဲ့ မီးလွတ် ရဲ အဓိပ္ပါယ် ကတော့ မီး နဲ့ မချက် တဲ့ သစ်သီး သစ်ဥ အရည် စတာ တွေကိုဆိုလို နေကြတာ ပါ ။

မီးလွတ်စား တဲ့ သူကိုလဲ  အထူးအဆန်း အနေ နဲ့ အထင် ကြီးမူ့ တွေ သက်ရောက် နေ ကြပါ တယ် ။
            မြတ်စွာ ဘုရား က မီးလွတ် စားရ မယ်လို့ မီးလွတ် ကျင့် စဉ် ကို မဟော ခဲ့ ပါ ဘူး ။
မီးလွတ် အကျင့်ကလည်း သာသနာ တော် ရဲ့ အကျင့် မဟုတ်​ပါဘူး ။
ထင်းမီး ဟာ အကုသိုလ် ကို မဖြစ်ပွား စေနိုင် ပါ ဘူး ။ အဲ ဒိ အတွက် ထင်း မီး ကို ပယ် စရာ မလိုပါ ဘူး ။
                 အကုသိုလ် မဖြစ်ပွား နိုင်သည့် အပယ် အပ်တဲ့ အရာ ကို ပယ် ရ မယ် လို့ ယူ ဆနေခြင်း သည် အကျင့် မှား ကြီး ဖြစ်ပါ တယ် ။ အကျိုး မရှိ တဲ့ အလုပ်ကြီး ကို အကျိုးကြိးလေ ဟန် လုပ် ပြ နေခြင်း ဖြစ်ပါ တယ် ။
             အကယ် ၍ မီးလွတ် စားချင်ရင်​ တကယ် လုပ် ရမှာ က လောဘ ဒေါသ မောဟ ဆို တဲ့ အကုသိုလ် မီးတွေ လွတ် အောင် ပါ ။
             အစား အစာ ပေါ်မှာ တပ်မက် စွဲ လမ်း ခြင်း မရှိအောင် ကြိုးစာ ပါ ။ ဒါမှ လောဘ မီး က လွတ်ပါ လိမ့်မယ်။
         မစား အစာ မကောင်း လို့ မကြိုက် ရင် ဒေါသ ထွက်လာတတ် ပါ တယ် ။
ဟာ ကွာ ဟင်း က ငန်လိုက် တာ..။
ချဉ် လိုက်တာ စသည် ဖြင့်​ ဒေါသ တွေ မထွက် အောင် ကျိုးစားပါ..။  သို့မှသာ ဒေါသ မီး က လွတ်ပါမယ် ။
        အစား အစာ ကို အတိုင်း အရှည် အပိုင်း ခြား မသိ ခဲ့ ရင် တွေဝေခြင်း မောဟ မီး တွေ တောက် ပါ လာ လိမ့်မယ် ။
        မည်သည့် အစားအစာ မျိုး ကိုမဆို ယ္ခု  ဦးဇင်း ရေး သား ခဲ့ တဲ့ လောဘ မီး ၊ ဒေါသမီး ၊ မောဟ မီး တွေ ကို လွတ်အောင် စား သုံး ခြင်းသည်သာ ဗုဒ္ဓ အလိုကျ မီးလွတ် စားသုံးခြင်း အစစ် ဖြစ် ပါ တယ်... သူ တော် ကောင်း အပေါင်း တို့ ။
             ဦးဇင်းရေး သားသော ဓမ္မစာပေ များကို မည် သူ မဆို လွတ်လပ် စွာ နည်း မျိုးစုံ ဖြင့် ဖြန့်ဝေ နိုင်ပါ သည်။ အဓိက ဓမ္မစာပေ များ ပြန့်နှံစွာ ဗုဒ္ဓဘာသာ ဝင် လူကြီး လူငယ် များထံသို့ ရောက် စေ လိုခြင်း သာ ဖြစ် ပါ တယ် ။
          အားလုံး သော ဓမ္မမိတ်ဆွေ စာဖတ်သူ အပေါင်း ကျန်းမာ ချမ်းသာ ဘေးရန်ကွာ ၍ စစ်မှန်သော ဗုဒ္ဓ အလိုကျ မီးလွတ် အစားစာ များ စားသုံး နိုင်ကြ ပါ စေ။
                                        အရှင် ဗုဒ္ဓသိဿ

No comments:

Post a Comment