Friday, March 30, 2018

အရှင်ဒေ၀ဒတ်နှင့် ပါရာဇိက။

၁။ အဇာတသတ်အား အဖေကို သတ်ရန် စေခိုင်းမှု (ပါရာဇိကမကျ)။
၂။ ဘုရားအား သွေးစိမ်းတည်အောင် ပြုလုပ်မှု (ပါရာဇိကမကျ)။
၃။ သံဃာသင်းခွဲမှု တို့ ဖြစ်ပါသည်။
         ၁။ အဇာတသတ်အား အဖေကို သတ်ရန် စေခိုင်းမှုတွင် စူဠ၀ဂ္ဂါဒိဋ္ဌကထာ ၁၃၃- ၌
အရှင်ဒေ၀ဒတ်က အဇာတသတ်အား စေခိုင်းခြင်းသည် မင်းသားအဖြစ်တုန်းက သတ်ရန်
စေခိုင်းခြင်းဖြစ်သည်။ သို့သော်လည်း တကယ်သတ်ဖြစ်သည်မှာ အဇာတသတ် ဘုရင်ဖြစ်
သောအခါ သတ်ဖြစ်ခြင်း ဖြစ်၏။ ခိုင်းသည့်အခါနှင့် သတ်ဖြစ်သည့်အခါ လွဲချော်သွားသည့်
အတွက် ထိုကိစ္စ၌ ပါရာဇိကမကျ။
         ၂။ ဘုရားအား သွေးစိမ်းတည်အောင် ပြုလုပ်မှုတွင် လွန်ကျူးချိန်တုန်းက မြတ်စွာဘုရားသည်
ဘုရားအား သွေးစိမ်းတည်အောင် ပြုလုပ်သူကို အဘဗ္ဗ (ရဟန်းမခံထိုက်သော) ပုဂ္ဂိုလ်အဖြစ်
မပညတ်ရသေး။
         အဘဗ္ဗ (ရဟန်းမခံထိုက်သော) ပုဂ္ဂိုလ်သည်လည်း ပါရာဇိကကဲ့သို့ ဘုရားပညတ်မှ
ဖြစ်သောကြောင့် အရှင်ဒေ၀ဒတ် လွန်ကျူးချိန်တွင် ဘုရား မပညတ်ရသေးသည့်အတွက်
လောဟိတုပ္ပါဒကကံကြောင့် အရှင်ဒေ၀ဒတ် လူထွက်စရာမလို ပါရာဇိကမကျ။
         ၃။ သံဃာသင်းခွဲမှုကိုကျူးလွန်သော အရှင်ဒေ၀ဒတ်သည် အစပထမကျူးသောပုဂ္ဂိုလ်
ဖြစ်သော်လည်း ၀ိမတိဋီကာ ဒုတိယအုပ် ၂၅၅ ၌ "ဣဓ ပန အာဒိကမ္မိကဿ အနာပတ္တိယာ
အ၀ုတ္တတ္တာ ဒေ၀ဒတ္တာဒယောပိ န မုတ္တာတိ ဒဋ္ဌဗ္ဗံ" ဤသံဃဘေဒက(သံဃာသင်းခွဲမှု) ပုဂ္ဂိုလ်
ပါရာဇိကကျခြင်း၌ အစဆုံး လွန်ကျူးသောပုဂ္ဂိုလ် အာပတ်မသင့်ဟု ဟောကြားခြင်းမရှိသည့်
အတွက် အရှင်ဒေ၀ဒတ်သည် အာပတ်မှ မလွတ်ဟု ဆိုထား၏။
         ထိုကြောင့် အရှင်ဒေ၀ဒတ်သည် သံဃဘေဒကအမှုကြောင့် ပါရာဇိကကျတော့၏။
ရဟန်းမဟုတ်တော့၊ ထို့ကြောင့်ပင် ပရိဝါ အဋ္ဌကထာ ၂၃၄ ၌ ဒေ၀ဒတ္တော ၀ိယ ပါရာဇိကံ
အာပဇ္ဇတိ (သံဃာခွဲသောသူသည် အရှင်ဒေ၀ဒတ်ကဲ့သို့ ပါရာဇိကသို့ ရောက်၏) ဟူ၍
မိန့်ဆိုလေပြီ။  ။
{ မှော်ဘီမြို့၊ မဟာဝိဟာရကျောင်းတိုက်၊ အရှင်အဘယာလင်္ကာရ(မဟာဝိဟာရ၀ါသီ)၏
  ဗုဒ္ဓသာသနာနှင့် ရဟန်းဝိနည်း(အပိုင်း-၁)မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
       



No comments:

Post a Comment