စည်းကမ်းရှိသော တိုင်းသူပြည်သားတို့သည် တိုင်းပြည်၏ဥပဒေကို လေးစားရ၏။
ထိုသို့လေးစားမှလည်း တိုင်းပြည် တည်တံ့နိုင်၏။
ထို့အတူ ဗုဒ္ဓမြတ်စွာ သာသနာတော်၌လည်း ဗုဒ္ဓမြတ်စွာ၏ သိက္ခာပုဒ် ဥပဒေတော်ကို
ပျော်ပျော်ကြီး လိုက်နာကြမှသာ သာသနာတော်ကြီး တည်တံ့နိုင်ပါသည်။
သိက္ခာပုဒ်သီလတော်များကို မလေးစားလျှင် "၀ိနယေ အဋ္ဌိတေ၊ သာသနံ အဋ္ဌိတံ" ဟု
ပြောင်းပြန်ပြုကာ သာသနာတော်ကွယ်ရမည်မှာ အသေအချာပင် ဖြစ်ပါသည်။
ယခုအခါ သာသနာတော်ဝယ် သံဃာတော်အစစ်အမှန် ဟုတ်ပါလေရဲ့လားဟု
ယုံမှားစရာ သိက္ခာကို မလေးစားသော ပုဂ္ဂိုလ်အပေါင်းပင် အတော်များများ တွေ့မြင်
ကြားနေရပါသည်။ ။
{ မှော်ဘီမြို့၊ မဟာဝိဟာရကျောင်းတိုက်၊ အရှင်အဘယာလင်္ကာရ(မဟာဝိဟာရ၀ါသီ)၏ ဗုဒ္ဓသာသနာနှင့်
ရဟန်းဝိနည်း(အပိုင်း-၁)မှ ကူးယူရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment