Monday, May 14, 2018

ဘုရားရှင်နှင့် အသိဗန္ဓက ရွာသူကြီး အမေးအဖြေ

အသိဗန္ဓက။ ။သနားကြင်နာငဲ့ညှာတော်မူရိုးမှန်ပါလျှင် ငတ်မွတ်ခေါင်ပါးနေသော သည်မြို့တွင် သံဃာပေါင်းမြောက်များစွာနှင့် အဘယ်ကြောင့် ဆွမ်းခံရက်ပါသနည်း။ ဒါယကာဒါယိကာမများ သေကြေပျက်စီးအောင် ပြုကျင့်ခြင်းပင်မဟုတ်ပါလား-မငဲ့မကွက်နှိပ်စက်ခြင်းပင်မဟုတ်ပါလား။



ဘုရားရှင်။ ။ရွာသူကြီး၊ အိမ်သူအိမ်သားများအတွက် ချက်ထားပြီးသောထ္မင်းထဲမှ တလုတ်စာကို လောင်းလှူကာမျှဖြင့် ဆုတ်ယုတ်ပျက်စီးသွားသော ဒါယကာဒါယိကာမဟု မရှိခဲ့ဘူးချေ။ စင်စစ်သော်ကား စည်းစိမ်ဥစ္စာ ရွှေ ငွေ ရတနာပြည့်စုံသူတို့သည် ဒါနအကျိုးခံစားရသူတို့သာဖြစ်ကုန်၏ တစ်ဇွန်းတစ်ယောက်မမှစသဖြင့် သဒ္ဒါတတ်အားသမျှ လောင်းလှူခဲ့သော ဒါန၏ အကျိုးတို့လည်းဖြစ်ကုန်၏ သစ္စာ၏ တန်ခိုးရှိန်စော် အာနုဘော်တို့လည်းဖြစ်ကုန်၏ တရားနှင့်လျော်ညီစွာ ကျင့်သုံးလာခဲ့သော ကောင်းမှုကုသိုလ်၏ အကျိုးတရားတို့လည်းဖြစ်ကုန်၏
ရွာသူကြီး၊ဒါယကာ ဒါယိကာမတို့ ဥစ္စာပျက်းစီးရခြင်းအကြောင်းကား[၈]မျိုးတည်း၊

(၁)တရားမစောင့်သောမင်း၊

(၂)သူခိုး၊

(၃)ဓါးပြ၊

(၄)မီးနှင့်ရေတို့ကဖျက်ဆီးခြင်း

(၅)၊မြေမှာမြှုပ်ထားသော ဥစ္စာတို့ နေရာရွှေ့သွားသဖြင့်ရှာမတွေ့ခြင်း၊ 

(၆)လုပ်ငန်းဆောင်တာများမှားယွင်းချွတ်ချော်ခြင်း၊ 

(၇)မိသားစုထဲမှ ဟော့ဟော့ရမ်းရမ်း ဖြုန်းတီးသူပေါ်လာခြင်းနှင့် နောက်ဆုံး 

(၈)ရှစ်ခုမြောက်အကြောင်းကား အနိစ္စသဘောပင်ဖြစ်လေသည်။

ရွာသူကြီး၊ ဒါယကာဒါယိကာမတို့၏ ပစ္စည်းဥစ္စာပျက်းစီးရာတွင် အကြောင်းရှစ်ပါး ထင်ရှားစွာရှိနေပါလျက် ဒါယကာဒါယိကာမများ သေကြေအောင်ပြုကျင့်သည်၊ မငဲ့ကွက်နှိပ်စက်သည်ဟု ငါဘုရားကို သင် ဆိုသင့်ပါသလော-


မဆိုသင့်ပါဘုရား၊ တပည့်တော်ပြစ်မှားမိသည်ကို ခွင့်လွှတ်ပြီး တပည့်တော်အား အရှင်ဘုရား၏ တပည့်တစ်ယောက်အဖြစ် အသိအမှတ်ပြုတော်မူပါဘုရား။ [သုတသရဏဂုံတည်၏] နောင်သော်-ဒိဋ္ဌသရဏဂုံတည်သည်ဟု ထင်ရပါသည်။ -ညီတော်အာနန္ဒာ၏တသက်သာမှတ်တမ်း-၀ဏ္ဏသီရိ မှ လိုရင်းအကျဉ်းကောက်နုတ်တင်ပြပါသည်။ သတ္တ၀ါဟူသမျှ တရားရ ချမ်းမြသာယာရှိပါစေ။

No comments:

Post a Comment