မိတ်ဆွေယောဂီ တော်တော်များများသည် တရား အားထုတ်ကြသည့်အခါ " တရားထိုင်ရတာ ကောင်းလိုက်တာ ၊ တရားထိုင်လို့ မကောင်းဘူး " စသည်ဖြင့်
မိမိရဲ့ တရားအားထုတ်မှုကို မိမိရဲ့ ခံစားမှုနဲ့ ယှဉ်ပြီး ပြောဆိုဆုံးဖြတ်သည်ကို ကြားနေရပါတယ် ။

မည်သည်ကို အခြေခံပြီး ပြောနေသည်ဆိုသော် ဆင်းရဲသည့် ဝေဒနာ ၊ နာ, ကျင် , ကိုက်ခဲ ခြင်းများမဖြစ်လျှင် ထိုင်၍ကောင်းသည် ၊ ဝေဒနာတွေ ခံစားရလျှင်
ထိုင်၍မကောင်းဘူး ဟုပြောကြသည် ။ စိတ်တွေ ပျံ့ လွင့်လျှင် ထိုင်၍မကောင်း ၊ စိတ်ကလေး ငြိမ်နေလျှင် ထိုင်ကောင်းသည် ဟူ၍ ပြောဆိုလေ့ရှိပါတယ် ။

အထိုက်အလျောက် သမာဓိအား ကောင်းသဖြင့် နိမိတ်များ , အာရုံထူးများ မြင်တွေ့ရလျှင် တရားတွေကောင်းနေသည်ဟုလည်း ပြောတတ်ကြတယ် ။
(နိမိတ် , အာရုံထူးများဆိုသည်မှာ ဘုရား , ရဟန္တာ , သံဃာတော်များ , သူတော်စင် ပုဂ္ဂိုလ်များကို ဖူးတွေ့ရခြင်း ၊ ကျယ်ပြန့်ပြောသော ကောင်းကင် ,
ဘုံဗိမာန်များ , စေတီ , ဆင်းတုတော်များ စသည်တို့ မြင်တွေ့ခြင်း ၊ တရားမိန့်ဆိုသံများ , သတိပေး ဆုံးမသံများစသည် ကြားနေရခြင်းများကိုဆိုသည် )
သမာဓိအား ကောင်းနေသည့်အခါ ဆင်းရဲဝေဒနာများလည်း မခံစားရ ၊ စိတ် ပျံ့ လွင့်ခြင်းလည်း မဖြစ် ၊ အိပ်ငိုက်သည်လည်းမဟုတ်ဘဲ အသိစိတ်လည်းမရှိ ၊
ဤအခြေအနေအတိုင်း ကြာရှည်ထိုင်နိုင်ခဲ့လျှင် , ကြာကြာထိုင်နိုင်လေ တရားကောင်းလေဟူ၍ ဆုံးဖြတ် ပြောဆိုတတ်ကြပြန်ပါတယ် ။

တရားသဘာဝဟာ အလွန်သိမ်မွေ့ လေးနက်ပါတယ် ၊ ကောင်းတာလည်း ပြပေးသလို မကောင်းတာလည်း ပြပေးတတ်ပါတယ် ၊ အဲဒီပြပေးသမျှကို
မိမိအနေနဲ့ စောင့်ကြည့်ပေးဖို့ပဲ တာဝန်ရှိပါတယ် ၊ ကောင်းတယ် , မကောင်းဘူး ဆုံးဖြတ်နေရမှာ မဟုတ်ပါဘူး ။ တရားအားထုတ်ရာမှာ တွေ့လာသမျှ
အာရုံ , နိမိတ် တွေဟာ ဘာမှ အသုံးမဝင်ပါဘူး ၊ ဒါကို အရေးတယူ ဂရုတစိုက် လုပ်မနေသင့်ပါဘူး ၊ အားထုတ်ရတဲ့ ရည်ရွယ်ချက်က တကယ့်အရှိသဘာဝ
ဖြစ်တဲ့ ဖောက်ပြန် ဖြစ်ပျက်နေတဲ့ မမြဲခြင်းသဘော , ဖောက်ပြန် ပျက်စီးနေလို့ ဆင်းရဲနေတဲ့ သဘော , သူဖြစ်ချင်သလိုဖြစ်နေပြီး မိမိက ဘာမှ မတတ်နိုင်တဲ့
အစိုးမရခြင်း သဘော , ဒီလို လက္ခဏာတွေ မိမိရဲ့ အသိဥာဏ်မှာ နက်နက်နဲနဲ ရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း ထိုးထွင်းသိမြင်ဖို့ပဲ ဖြစ်ပါတယ် ။

ထိုင်၍တရားအားထုတ်နေစဉ် ဘာမျှမခံစားရဘဲ အသိစိတ်မရှိဖြစ်နေသည့် အခြေအနေဖြင့် ကြာကြာထိုင်နိုင်ခြင်းသည် ကိုယ် နှင့် စိတ် အနားရသည်မှလွဲ၍
ဝိပဿနာဥာဏ် ဖြစ်တည်နိုင်ခြင်း မရှိပါ ။ ရှုမှတ်နေသည့်စိတ်လည်း မပျောက်ပျက်ဘဲ ဖောက်ပြန်နေတဲ့ သဘောကို မျက်ခြေမပြတ် ရှုမြင်နေနိုင်မှသာ
ဝိပဿနာဥာဏ်စဉ် အဆင့်မြင့်လာနိုင်ပါတယ် ။

ဒါကြောင့် ဝိပဿနာ အားထုတ်သော ပုဂ္ဂိုလ်တို့သည် " ဝိပဿနာ ဥာဏ်ဧ။် ညစ်နွမ်းကြောင်း ဖြစ်သော ဘေးရန်များ " (ဝိပဿနာ ဥပက္ကိလေသာများ) ကို
အထူးသိထားသင့်ပါတယ် ။ ယင်း " ဝိပဿ နုပက္ကိလေသ " မှာ ( ၁၀ ) ပါးရှိပါသည် ။

၁။ သြဘာသ။ ။(ကိုယ်ရောင် ကိုယ်ဝါ) စိတ်ဓာတ်ဧ။် ကြည်လင်မှုကြောင့် ကိုယ်မှ အရောင်အဝါတို့သည် စိတ်အစွမ်း အားလျော်စွာ တစ်ချို့ မိမိထက်ဝန်းကျင်
အနားတွင်လည်းကောင်း ၊ တစ်ချို့ တစ်ကျောင်းလုံး , တစ်တိုက်လုံး , တစ်နယ်လုံး မှစ၍ စကြဝဠာတစ်ခုလုံး လင်းချင်းနေအောင် ထွက်ကုန်ဧ။် ။
( ပရိယတ်၌ မကျွမ်းကျင်သော အချို့ယောဂီ၌ ဤသို့မတွေ့ကြုံဖူးသဖြင့် ဤအခြေအနေကို မဂ်ဖိုလ်စိတ်ပင် ဖြစ်သည်ဟူ၍ ထင်တတ်ဧ။် )

၂။ ပီတိ ။ ။တရားအားထုတ်နေစဉ် အလွန်နှစ်သက်မွေ့လျော်ဖွယ် ကြည်နူးမှုများ ဖြစ်ပေါ်လာခြင်း ။
၃။ ပဿဒ္ဓိ ။ ။ကိုယ် , စိတ် နှစ်ပါး ထူးထူးခြားခြား ငြိမ်းအေးလာခြင်း ။ (ဤသို့ ပီတိ, ပဿဒ္ဓိ စသည်တို့ကိုလည်း မဂ်ဖိုလ်စိတ် ဖြစ်သည်ဟု ထင်တတ်ဧ။် )
၎။ အဓိမောက္ခ။ ။ကမ္မဋ္ဌာန်း အာရုံ၌ စူးစိုက်စွာ သက်ဝင် ယုံကြည်သော သဒ္ဓာစေတသိက်တို့ ဖြစ်ပေါ်လာခြင်း ။ ( - - မဂ်ဖိုလ်စိတ် ဟု ထင်မြင်ခြင်း )
၅။ ပဂ္ဂဟ ။ ။ဝိပဿနာစိတ်ကို နောက်မဆုတ်အောင် အားပေးချီးမြှောက်တတ်သော ဝိရိယလည်း ဖြစ်ပေါ်လာခြင်း ။ ( - ပ - )
၆။ သုခ ။ ။မွန်မြတ်သော စိတ္တဇရုပ်တို့ဖြင့် တစ်ကိုယ်လုံး ထုံမွှမ်း၍ ချမ်းမြစေသော သုခဝေဒနာလည်း ဖြစ်ပေါ်လာခြင်း ။ ( - ပ - )
၇။ ဥာဏ ။ ။(ဝိပဿနာဥာဏ်) ဝဇိရ စိန်လက်နက် မိုးကြိုးစက်သို့ သွက်လက်လျှင်မြန် အမြင်သန်သော ဝိပဿနာဥာဏ်လည်းဖြစ်ပေါ်လာဧ။်။
ထိုဥာဏ်ကြောင့် သခါင်္ရတို့၌ ရှုလိုက်တိုင်း ရှုလိုက်တိုင်း အဖြစ်အပျက်ကို ကွက်ကွက်ကွင်းကွင်း ရှင်းလင်းစွာ သိမြင်လာခြင်း ။

၈။ ဥပဋ္ဌာန ။ ။ကမ္မဋ္ဌာန်း အာရုံ၌ စွဲမြဲစွာတည်သော သတိတရားလည်း ဖြစ်ပေါ်လာခြင်း ။ (ဤ ဥာဏ် , သတိ တို့ကိုလည်း မဂ်ဖိုလ်စိတ် ထင်တတ်ခြင်း )
၉။ ဥပေက္ခာ ။ ။ဖြစ်မှု ပျက်မှု ထင်အောင် ရှုဖို့ရာမှာ ဗျာပါရ ကြောင့်ကြမစိုက်ရဘဲ အလွန်လျှင်မြန်စွာ ဆင်ခြင်နိုင်သော, အသင့်အားဖြင့် ရှုစားတတ်သည့်
စိတ် စေတသိက်တို့ ဖြစ်ပေါ်နေ၍ အလွန်သက်သာ ငြိမ်းအေးစွာ တရားသဘောကို ရှုမှတ်နေရခြင်း ။
* { ပီတိမှ စ၍ ဤ ဥပေက္ခာ တိုင်အောင် ဖြစ်ပေါ်သော တရားသဘောတို့ကား ဝိပဿနာဥာဏ်ဧ။် ယှဉ်ဖက်စေတသိက်များဖြစ်ကြသည် ၊
စင်စစ် ထို ၉ ပါးသည် အကုသိုလ် မဟုတ်၍ ဘေးရန်အစစ်မဟုတ် ၊ ယင်းစေတသိက်များကို မတွေ့မကြုံဖူး၍ ငါ့ရဲ့ တရားရရှိမှုသည်
တိုးတက်ကောင်းမွန်လာသည် , မဂ်ဖိုလ်ရပြီ ဟူ၍ အထင်ကြီးကာ ဝိပဿနာလမ်းလွဲသွားပြီး သာယာမှု (တဏှာ), အထင်ကြီးမှု (မာန),
ငါဟုစွဲလမ်းမှု (ဒိဋ္ဌိ) တို့ ဖြစ်ပေါ်လာခြင်းသည်သာ ဝိပဿနာကို ညစ်နွမ်းစေသော ဘေးရန် အစစ်ဖြစ်သည် } *

၁၀။ နိကန္တိ ။ ။ ( သိမ်မွေ့သောတဏှာ ) အထက်ပါ သြဘာသ စသည်ဖြင့် တန်ဆာဆင်အပ်သော ဝိပဿနာဥာဏ်ကို နှစ်သက်သာယာနေမှု တဏှာ
ဖြစ်ပေါ်လာရဧ။် ။ ထိုတဏှာသည် အလွန်သိမ်မွေ့ရကား တဏှာမှန်းပင် မသိသာချေ ၊ ဝိပဿနာ၌ မွေ့လျော်မှု (ဝိပဿနာရတိ) ဟုသာ
ယောဂီ ပုဂ္ဂိုလ်က မှတ်ထင်နေတတ်သည် ။ [ ဤ နိကန္တိ တစ်ခုသာ ဝိပဿနာဥာဏ်ဧ။် ညစ်နွမ်းကြောင်းဖြစ်သော ဘေးရန်အစစ်တည်း ]

ပရိယတ်၌ ကျွမ်းကျင်သော ယောဂီ ပုဂ္ဂိုလ်သည်ကား ' ထို သြဘာသ စသည်တို့သည် တဏှာ မာန ဒိဋ္ဌိ တို့ဧ။် တည်ရာဖြစ်၍ ဝိပဿနာဥာဏ်ကို ညစ်နွမ်းစေတတ်သော
ဘေးရန်များတည်း , ထို သြဘာသ စသည်ကို နှစ်သက်စွဲလမ်းနေမှုသည် မဂ်ဖိုလ် ရကြောင်း လမ်းကောင်းလမ်းမှန် မဟုတ်သဖြင့် အမဂ္ဂတည်း , အစဉ်အတိုင်း ဆက်လက်၍
အားထုတ်မှုသည်သာ မဂ်ဖိုလ် ရကြောင်း လမ်းကောင်းလမ်းမှန် ဖြစ်၍ မဂ္ဂ အစစ်ဖြစ်သည် ' ဟူ၍ ပိုင်းခြားသတ်မှတ်နိုင်သည် ။

ထိုကဲ့သို့ ဝိပဿနာဥာဏ်ဧ။် ညစ်နွမ်းကြောင်း ဖြစ်သော ဘေးရန်ကို အမှန်အတိုင်း သိမ်းဆည်း၍ လမ်းမှန် , လမ်းမမှန် လက္ခဏာကို ပိုင်းခြားတတ်သောဥာဏ်ကို
" မဂ္ဂါ မဂ္ဂ ဥာဏ ဒဿန ဝိသုဒ္ဓိ " ဟူ၍ ခေါ်ဆိုပါသတည်း ။

No comments:
Post a Comment