Tuesday, June 12, 2018

`မေတ္တာလေ့ကျင်ခန်း

ဆိုတဲ့ဆောင်းပါးလေး ဓမ္မရံသီ
မဂ္ဂဇင်းမှာရေးဖူးတယ်။ စာဖတ်သူ
တွေအကျိုးတစုံတရာ ရမယ်လို့
ယုံကြည်လို့ အခု အကျဉ်းပြန်ရေး
ပြမယ်။
ဘယ်အရာမဆို စမိရင်စွဲတတ်
တယ်။ မကောင်းတဲ့အရာဆို ပို
တောင်စွဲလွယ်သေးတယ်။
ကောင်းမှု့ကြတော့ အကြိမ်ကြိမ်
လေ့ကျင့်ယူရတယ်။ လေ့ကျင့်တဲ့
နေရာမှာ အသေးဖွဲဆိုပြီးဂရုမစိုက်
ပဲမနေမိဖို့ပဲလိုတယ်။

အဲဒီလိုလေ့ကျင့်ကြတဲ့နေရာမှာ
စာကောင်းပေကောင်းတွေလည်း
ဖတ်ဖို့လိုတယ်။
သာသနာမှာ နေလို လလို ထင်
ရှားခဲ့တဲ့ ဆရာတော်ဇနကာဘိဝံ
ဆိုရင် သူ့ကျောင်းကကိုရင်လေး
နေမကောင်းဖြစ်တော့ ကိုယ်တိုင်ပြုစုတယ်။ စစ်အတွင်းမှာဆေး
ကလည်းမရှိတော့ ကွမ်းရွက်ပြုတ်
ရည်လေးပဲတိုက်ပြီး ကိုယ်တိုင်နင်း
နှိပ်ပေးတော်မူတယ်။
မိမိလည်းတခါမှာပေါ့။
အခန်းနားနီးချင်း ကိုရင်လေးတစ်
ပါး ငှက်ဖျားဖြစ်တယ်။ ညနှစ်နာရီ
လောက်မှာ အန်ပြီးငိုသံကြားနေရ
တယ်။
အခြားအခန်းက ကိုယ်တော်တွေ
ကြားသလားမကြားသလားတော့
မသိဘူး။ မိမိကတော့အိပ်ချင်မူး
တူးနဲ့ကြားနေတယ်။ဲ့ အိပ်
ချင်စိတ်ကြောင့် မထဖြစ်ဘူး။
ဒါပေမဲ့ ရုတ်တရက်အသိတခုဝင်
ပြီးလန့်သွားတယ်။ ချက်ချင်းထပြီး
ကိုရင်အခန်းကိုသွားတယ်။
ကိုယ့်ကိုယ်ကိုတော်တော်အပြစ်
တင်မိပြီး ရှက်လည်းရှက်သွား
တယ်။
ကုတင်အောက်မှာ အန်ဖတ်တွေနဲ့
ပေပြီးလဲနေတဲ့ ကိုရင်ကိုမြင်
တော့ ကိုယ့်ဟာကိုရှက်လိုက်တာ။
ဒီလောက်တောင်မေတ္တာတရား နဲ
ရလာကွာလို့ မပြစ်တင်မဆုံးတော့
ဘူး။
ဒီကလေးခမျာ မိဝေးဖဝေးနဲ့ နေနေ
ရတာ ဒီအချိန်အရမ်းအားငယ်နေမှာ
ပေါ့။ ကိုရင်ရဲ့အန်ဖတ်တွေကြုံး။
ချွေးသုတ်။သင်္ကန်းလဲပေး။ကိုရင်ကို
ချော့။အားပေးစကားပြော။ကိုရင်အိပ်
သွားမှ ကိုယ့်အခန်းပြန်လာခဲ့တယ်
အချိန်မီအသိလေးဝင်လာခဲ့တာက
ဆရာတော်ဇနကာဘိဝံသကိုသတိ
ရသွားလို့။
တော်သေးတာပေါ့။နို့မို့ဆိုဒီအဖြစ်
ကြောင့် အမြဲတမ်းနောင်တရနေမိ
မှာ။
တခါတရားစခန်းဝင်တော့ ဆွမ်း
တစ်ဝိုင်းမှာ ရဟန်းငါးပါးသုံးရတယ်
အချိုပွဲအဖြစ် ဖီးကြမ်းငှက်ပျောသ်ီး
လေးလုံးပါတယ်။ တပါးစာလိုနေ
တယ်။
မိမိအရင်တစ်လုံးယူပြီး ကျန်တဲ့
ကိုယ်တော်တွေသူံးပါးကိုလည်း
တစ်လုံးစီပေးလိုက်တယ်။ရဟန်း
တပါးက ခေါင်းခါတယ်။ သုံးပါးထဲ
ကတပါးက ငှက်ပျောသီးမကြိုက်
ဘူးလို့ပြောမှ ခေါင်းခါတဲ့ကိုယ်တော်
ပြန်ယူပြီး သုံးတယ်။
ရှက်လိုက်တာ။ အစားလောဘ
ကြောင့် မိမိတစ်ကိယ်ကောင်းဆန်
ပြီး အရင်ဆုံးယူထားမိတာကိုး။
တရားစကားဘယ်လိုပြောလဲ ငါ့
မှာကိုယ်ချင်းစာတရား မေတ္တာတ
ရားအားနဲနေပါသေးလားလို့ ပြန်
ဆင်ခြင်မိတယ်။
အဲဒီကစလို သတိထားတတ်ခဲ့
တယ်။
ကျွတ်ကျွတ်အိတ်ကလေးတွေသိမ်း
တတ်လာတယ်။ တချိုကဘာလုပ်
မှာလဲလို့မေးတော့ လိုတဲ့လူပေးရ
အောင်ပေါ့။ သုံးလို့ရသေးရဲ့နဲ့
လွှင့်ပစ်ရင် ပတ်ဝန်းကျင်လည်း
ညစ်ပတ်တယ်။
ကလေးတွေကိုပေးရအောင် အချို
ရည်ဘူးခွံတွေကောက်တယ်။
ဒါစိတ်ကိုလေ့ကျင့်နေတာပါ။ သူ
များတွေစိတ်ထဲမှာ အရေးပါချင်မှ
ပါပေမဲ့ မိမိစိတ်ထဲမှာတော့ တော်
တော်အရေးပါတယ်လို့ပဲမြင်တယ်။
ဟုတ်တယ်။ လူဆိုတာက ကြီး
ကျယ်တတ်ကြတာမလား။မိမိအ
လုပ်ဟာသူတို့အတွက်တကယ့်
သေးသေးလေးပေါ့။
ဒါပေမဲ့ စိတ်ကိုလေ့ကျင့်တဲ့နေရာ
မှတော့ ကြီးကျယ်တာကို သူတို့
မသိကြရှာဘူး။
``အသေးငယ်ဆုံးလို့ထင်ရတဲ့အရာ
တွေက အကြီးကျယ်ဆုံးကုသိုလ်
ဖြစ်နေတတ်သည်တဲ့´´
အရှင်ပညာသီရိ(ရမ္မာကျွန်း)
C/O MS

No comments:

Post a Comment