Thursday, June 14, 2018

ဗုဒ္ဓဘာသာဝင်တိုင်း၏ တာဝန်ကိုယ်စီ။

      ဗုဒ္ဓဘာသာယဉ်ကျေးမှုကို အခြေခံလျက် တည်ထောင်ထားတဲ့ အမိရွှေမြန်မာနိုင်ငံဟာ ထေရ
ဝါဒ ဗုဒ္ဓဘာသာနိုင်ငံအဖြစ် ကမ္ဘာတွင် ၀င့်ဝင့်ထယ်ထယ် တည်ရှိနေပါတယ်။ လူမျိုးမရွေး၊ ဘာသာမ
ရွေး ကိုးကွယ်ယုံကြည်ခွင့် ပေးထားပြီး အလွန်စိတ်ထားမြင့်မြတ်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
         ကမ္ဘာပေါ်ရှိ   လူသားမှန်သမျှ မိမိ၏နိုင်ငံ၊ မိမိ၏လူမျိုး၊ မိမိကိုးကွယ်ရာ ဘာသာ၊သာသနာကို
စောင့်ရှောက်ရန် တာဝန်ရှိပါတယ်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းရန်လည်း တာဝန်ရှိပါတယ်။
ဘာသာ၊ သာသနာသွေး ပူနွေးဖို့ လိုပါတယ်။ လန်းဆန်းဖို့ လိုပါတယ်။
        အထူးသဖြင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အနေဖြင့် အိမ်ထောင်ဖက်ကို ရှာဖွေရာမှာ မိမိနှင့်
ဘာသာတူ ကြင်ဖက်ကိုသာ ရွေးချယ်သင့်ပါတယ်။ အိမ်ထောင်ဖက်အချင်းချင်း ကိုယ်၏ ကိုးကွယ်ယုံ
ကွယ်ရာ၊ ကိုယ်စီကိုးကွယ်ကြမယ်ဟု အဆိုပြုကြသော်လည်း တခဏသာ ရှိကြပါမယ်။ အမျိုးသမီး
များ အနေဖြင့် “ ယောင်နောက် ဆံထုံးပါ ” ဆိုသလို လင်ယောက်ျားတို့၏ စီးပွားရေး၊ လူမှုရေး၊ ဘာ
သာရေး အသိုင်းအ၀န်းထဲသို့  ရောက်ကြရပါတယ်။
         ဒါကြောင့် ဘာသာခြားနှင့် အိမ်ထောင်ဖက်ပြုသူ အမျိုးသမီးများသည် များသောအားဖြင့် မိ
မိကိုးကွယ်ရာ ဘာသာတရားကို စွန့်လွှတ်ရလေ့ ရှိပါတယ်။ လင်ယောက်ျား တစ်ယောက်ရဖို့  မိမိ၏
ကိုးကွယ်ရာဘာသာကို စွန့်လွှတ်ရခြင်းမှာ “ မဟာအရှုံးသာ ” ဖြစ်ပါတယ်။ ဤမဟာအရှုံးအတွက် မိ
ဘ၊ ဆွေမျိုး၊ မိတ်သင်္ဂဟတို့ပါ စိတ်နှလုံးညှိုးချုံး ထိခိုက်ရပါတယ်။ ပစ္စုပ္ပန် တစ်ဘ၀အတွက်သာ ရှုံး
ခြင်းမျိုး မဟုတ်ပါ။ သံသရာ တစ်လျှောက်လုံးအတွက်ပါ ဆုံးရှုံးရခြင်း ဖြစ်ပါတယ်။
         မိမိနှင့် ဘာသာတူကို အိမ်ထောင်ဖက်ပြုမှသာ မိမိ၏အမျိုး၊  ဘာသာ၊ သာသနာကို   စောင့်
ရှောက်ရာ ရောက်ပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်း အမျိုး၊ ဘာသာ၊ သာသနာသွေး ပူနွေးနီစွေးလျက်
မိမိတို့၏ ဘာသာဝင် အမျိုးကောင်း သမီးပျိုများ ဘာသာခြားတို့နှင့် သွေးမရောမနှောမိစေရန် ၀ိုင်း
ဝန်းကာကွယ် စောင့်ရှောက်ကြရပါမယ်။
         ဤအကြောင်းအရာနှင့် စပ်လျဉ်း၍ “သီတဂူအရှင်ပညာနန္ဒဆရာတော်”က သတိပေးတော်မူ
ခဲ့ပါတယ်။ “ အမျိုး၊ ဘာသာ၊ သာသနာကို ၀ါးမျိုခံရမည့် အိမ်ထောင်ပြုမှုမျိုးကို(၀ါ) ကိုယ့်ဘာသာ
သွေး ရဲရင့်နေတာကို အခြားဘာသာနဲ့ ရောနှောမိလို့၊ သွေးချင်းရောလို့ သားယောက်ျားလေး မွေး
လာသော်မှ ရှင်မပြုနိုင်တော့တဲ့ အိမ်ထောင်ပြုမှုမျိုးကို (၀ါ) ကိုယ့်ဘုန်းကြီးကြွလာတာတောင်မှ ရှိမ
ခိုးနိုင်တော့တဲ့ သင်ယူမှုမျိုးကို ဘယ်တော့မှ မပြုလေရ။ ခြင်္သေ့စိတ်၊  ခြင်္သေ့   မြက်မစားသကဲ့သို့
ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ အရောမခံမိစေဖို့၊ ဗုဒ္ဓဘာသာရဲ့ နှလုံးသားတွေထလော့
မြန်မာ၊ ရွှေမြန်မာတို့။ ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ်ကာကွယ်ကြရမယ်ဆိုပြီး အမြဲမပြတ် သတိ
ချပ်ကာ မှတ်မှတ်သားသား နေထိုင်နိုင်ကြ ကုန်ရာသတည်း။ ” လို့ သတိပေးတော်မူခဲ့ပါတယ်။
      *  အကယ်၍သာ၊ ကမ္မဿကာ၊ လူဗိုလ်ပါတို့..
         ငါနှင့်မဆိုင်၊ မတတ်နိုင်ဟု၊
         မပြိုင်ခင်ရှုံး၊ စိတ်နှလုံးကို၊
         တုံးတုံးကြီးချ၊ ရှိချေကမူ၊
         ဗုဒ္ဓသာသနာ၊ ကွယ်ပျောက်ရာ၏။
  *   သို့တပြီးကား...ဒို့များဖြစ်ရ၊ ဤလောက၀ယ်၊
      ဘ၀သမိုင်း၊ မရိုင်းစေရန်၊
      စိတ်မာန်မချ၊ ဒေါသမပါ၊
      ဒို့စွမ်းရာဖြင့်၊ ဒို့သာသနာ၊
      ဒို့ပြည်ရွာကို၊ သာယာစေမှု၊ လုံ့လပြုစို့......။(အောင်ဇေကမ္ဘာကုမ္ပဏီ လက်ကမ်းစာစောင်မှ)
   {မင်းနန်(မော်ကွန်း)၏ သြ၀ါဒတော်များပေါင်းချုပ်ကို ကိုးကား ရေးသားပူဇော်ပါသည်။}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment