မြစ်နဲ့တူတဲ့ တဏှာဟာလည်း
လိုချင်စရာ အာရုံတွေအပေါ်
ဘယ်တော့မှ အလိုမပြည့်ပါဘူး၊
လိုပြီးရင်း လိုချင်ရင်း
ရပြီးရင်း ရချင်ရင်းပါပဲ။
“ ဒီတစ်ခု ရချင်တော့ ကျေနပ်ပါပြီ ” လို့
မရခင်မှာ ဆုံးဖြတ်ခဲ့ပေမယ့်
တကယ်လည်း ရလာရော
နောက်ထပ်တစ်ခု
ထပ်လိုချင်လာပြန်ပါတယ်။
“ တစ်ကြိမ်လောက် ခံစားခွင့်ရရင်
သေပျော်ပါပြီ ” လို့
မခံစားရခင်မှာ စိတ်ဖြတ်ခဲ့ပေမယ့်
တကယ်လည်းခံစားရရော
“ နောက်တစ်ကြိမ်၊ နောက်ထပ်တစ်ကြိမ် ” နဲ့
စိတ်မပြတ်နိုင်အောင်
မခံစားချင်စိတ်တွေ
တိုးတိုးလာပါတယ်။
ဒါကြောင့်.......
တဏှာရဲ့အလိုဟာ
ပြည့်တယ်ရယ်လို့
ဘယ်တော့မှ မရှိပါဘူး။ ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ သစ္စာလေးပါးတရားတော်နှင့် ငါသေရင် သပိတ်မသွတ်နဲ့မှ
ကူးယူရေးသား ပူဇော်ပါသည်။ }
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment