Sunday, July 15, 2018

ဝန်ထမ်းတဲ့



အစိုးရ၀န်ထမ်း၊ ပုဂ္ဂလိက၀န်ထမ်း၊ခုနောက်ပိုင်း ကုပ္ပဏီဝန်ထမ်း၊စတိုးဆိုင်ဝန်ထမ်း၊ စသဖြင့်ခေါင်းစဉ်တပ်ပြီး အမျိုးမျိုးအမည်တပ်ခေါ်နေကြပေမယ့်လဲ၊ လူသားအားလုံးဟာ ၀န်ထမ်း တွေချည်ပါဘဲ၊

ဘာကြောင့်ဆိုတော့ မိမိရဲ့ခန္ဒာ'၀န်'ကို မိမိကဘဲ "ထမ်း" နေရလို့ပြောတာပါ၊ နံနက်မိုးသောက်အလင်းရောက်တာနဲ့ အိပ်ရာကထ မျက်နှာသစ် သွားတိုက် ရေချိုး အိမ်သာတက် နံနက်စာစား၊ မလုပ်ချင်ဘဲနေလို့မရတဲ့ (၀န်)တွေ (ထမ်း) နေရတာလေ ဒါမနက်ခင်းလေး တခုဘဲပြောသေးတာနော်၊ တနေကုန် ၀န် တွေမဟုတ်သေးဘူး၊ ခန္ဓာကိုယ်အတွက်မဖြစ်မနေ လုပ်ပေးရတဲ့ ၀န် တွေကို (ဥပမာ= ဆာလောင်ခြင်း၊အိပ်ရန်လိုအပ်ခြင်း၊အပေါ့ အလေး စွန်းပေးရခြင်း၊ သန့်ရှင်းရေးလုပ်ပေးရခြင်း)
#ကာယိကဒုက္ခ လို့ခေါ်ပါတယ်၊ နောက်တခုက၊ ၀မ်းနည်းခြင်း၊ ငိုကြွေးခြင်း၊ပူပန်ခြင်း၊ ကြောင်းကြခြင်း၊ တောင်းတခြင်း ဖြစ်တာတွေကိုတော့
#စေတသိကဒုက္ခ လို့အမည်တပ်ပါတယ်၊ ဒီဖြစ်စဉ်တွေဟာ လူသားတိုင်း နိစ္စဓူဝ တွေ့ကြုံနေရတဲ့ ၀န် တွေကို ထမ်း နေရခြင်းဘဲဖြစ်ပါတယ်၊ ဒီနေရာမှာ တခုပြောချင်တာက နဂိုကရှိပြီးသား #ကာယိကဒုက္ခ ကို ဒုက္ခမှန်းမသိဘဲ ထပ်ဆောင်းဝန်ဆောင်မှုတွေလုပ်နေတာကိုပြောပြချင်ပါတယ်၊ မနက်စာစားဖို့လိုအပ်နေတဲ့အချိန် ဘယ်မှာစားစားရတာကို Lucky 7မှ၊ Mornning star မှဆိုတဲ့ ထပ်ဆောင်းဝန်ဆောင်မှု လေးတွေပေါ့ဗျာ၊ တကယ်တမ်း #ခန္ဓာမှန်ရင် #ဒုက္ခသစ္စာ၊ ဆိုတာ သေသေချာချာမသိသမျှတော့ (ကိလေသာဝန်ထမ်း) ဘ၀နဲ့ သံသရာကြောမှာ မျောလိုက်ပေဦးပေါ့...။
(မူကြိုဆရာ)

No comments:

Post a Comment