Monday, July 16, 2018

တဏှာဟူသည်မှာ။

  မြတ်စွာဘုရားရှင် ဗာရဏသီပြည် မိဂဒါဝုန်တော၌ သီတင်းသုံးနေစဉ် အရှင်မဟာ
ကောလိသသည် အရှင်သာရိပုတ္တရာအား “ မျက်စိသည် ရူပါရုံ၏ အနှောင်အဖွဲ့ ဖြစ်ပါသ
လော၊ (သို့မဟုတ်) ရူပါရုံသည် မျက်စိ၏ အနှောင်အဖွဲ့ ဖြစ်ပါသလော ” စသည်ဖြင့်
မေးလျှောက်၏။ ထိုအခါ အရှင်သာရိပုတ္တရာက မျက်စိသည် ရူပါရုံ၏ အနှောင်အဖွဲ့ မဟုတ်။
ရူပါရုံတို့သည်လည်း မျက်စိ၏ အနှောင်အဖွဲ့ မဟုတ်။ ယင်းနှစ်ပါးကို စွဲ၍ဖြစ်သော ဆန္ဒရာဂ
သည်သာ အနှောင်အဖွဲ့ဖြစ်သည်။
         ဥပမာ = နွားဖြူနှင့် နွားနက်ကို ကြိုးတစ်ချောင်းတည်းဖြင့် ချည်ထားရာ၌ နွားဖြူသည်
နွားနက်၏ အနှောင်အဖွဲ့ မဟုတ်၊ နွားနက်သည်လည်း နွားဖြူ၏ အနှောင်အဖွဲ့ မဟုတ်။ စင်စစ်
ထိုနွားနှစ်ကောင်ကို ချည်ထားသော  ကြိုး သည်သာလျှင် အနှောင်အဖွဲ့ဖြစ်သကဲ့သို့ မှတ်ရ
မည်။ မြတ်စွာဘုရား၌ မျက်စိရှိ၏၊ ထိုမျက်စိဖြင့် အဆင်းကိုမြင်နိုင်၏။ နားရှိ၏၊ နားဖြင့် အသံ
ကို ကြားနိုင်၏။ သို့သော် မြတ်စွာဘုရားသည် ကိလေသာတို့မှ လွတ်မြောက်ပြီး ဖြစ်သော
ကြောင့် ဖြစ်၏။ ဤသုတ္တန်ကို ထောက်ထား၍ ကြောက်ဖွယ်ရာသည် အာရုံ(၆) ပါး မဟုတ်။
ကြောက်ဖွယ်ရာသည် အာရုံ(၆)ပါးပေါ်တွင် တွယ်တာတပ်မက်သော တဏှာဟူသည်မှာ
ထင်ရှားပါသည်။ ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ သစ္စာလေးပါးတရားတော်နှင့် ငါသေရင် သပိတ်မသွတ်နဲ့မှ
  ကူးယူရေးသား ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
       


No comments:

Post a Comment