မေးခွန်း ၁။ (က) ရှင်ပြုရာ၌ရှင်လောင်းလှည့်ကာ ရှင်ပြုပွဲအခမ်းအနားဖြင့်ပြုခြင်း၊ ဘုန်းကြီးကျောင်း၌ ခေါင်းတုံးရိတ်မှု၊ သင်္ကန်းဝတ်မှုပြု၍ ရှင်ပြုခြင်း ၂ မျိုးဝယ် ကုသိုလ်အကျိုးမည်သို့ ထူးပါသနည်း။
(ခ) သားတော်ရာဟုလာကို မည်ကဲ့သို့ ရှင်ပြုပါသနည်း။
အဖြေ ၁။ (က) ကုသိုလ်အကျိုးရခြင်း မထူးပါ။
(ခ) ကပိလဝတ်ပြည်နန်းတော်၌ ဘုရားရှင်ဆွမ်းဘုဉ်းပေးတော်မူပြီး၍ ပြန်ကြွလာတော်မူ
သောအခါ ရာဟုလာသည် ဘုရားရှင်၏နောက်တော်မှ လောကီအမွေတောင်းရင်း ပါလာ၏။ ကျောင်းတော်သို့ 
ရောက်သောအခါ " ရာဟုလာအား လောကုတ္တရာအမွေပေးတော်မူရမည်"ဟု မိန့် တော်မူ၍ အရှင်သာရိပုတြာကို ရှင်ပြုပေးစေတော်မူ၏။ အရှင်သာရိပုတြာသည် အမိန့်တော်အတိုင်း ဦးခေါင်းရိတ်၍ သင်္ကန်းဝတ်ပေးတော်မူပါ
သည်။
(ဂ) ရှင်လောင်းလှည့်ခြင်း၊ မဏ္ဍပ်အတွင်း၌ အဘိသိက်သွန်းခြင်းစသော အစဉ်အလာကို မည်သည်ခေတ်က ဆင်းသက်လာသည်ဟု မသိပါ။ အချို့ က "ဓမ္မာသောကမင်း၏သားတော် မဟိန္ဒမင်းသားကို ရှင်ပြုပေးရာမှဆင်းသက်လာသည်"ဟု ပြောကြ၏။ ပါရာဇိကကဏ္ဍအဋ္ဌကထာ မဟိန္ဒမင်းသားရှင်ပြုခန်း၌ ထို
အသိုင်းအဝိုင်းမပါချေ----------။
မေးခွန်း ၂။ သင်္ကန်းပရိက္ခရာဖိုးမျှမရှိ၊ အခမ်းအနားလည်းမလုပ်နိုင်သော မိဘသည် သားကိုမည်ကဲ့သို့ 
ရှင်ပြုနိုင်ပါသနည်း။
အဖြေ ၂။ သနားတတ်သော (သပိတ်သင်္ကန်းလည်းပေးနိုင်လောက်သော ဆရာသမားထံ အပ်နှံ၍ ရှင်ပြုနိုင်ပါသည်။ အမှန်အားဖြင့် ရှေးခေတ်က ရှင်ပြုရာ၌ သပိတ်သင်္ကန်းကို မိမိမှာရှိလျှင် ပေးရပါသည်။ မရှိလျှင်
လည်း ရဖို့ ရန်အားထုတ်ရပါသည်။ [ဘုရားရှင်သည် ရဟန္တာဖြစ်လောက်သော အရည်အချင်းရှိပါလျက် ကြွေး
တင်နေသော ပုဏ္ဏားကို ရဟန်းပြုပေးတော်မူပြီးလျှင် ကောသလမင်းအထံခေါ်သွား၍ အကျိုးအကြောင်းပြောပြ
တော်မူ၏။ ကောသလမင်းက ကြွေးတာဝန်ယူပါသည်။ ထိုရဟန်းလည်း တရားအားထုတ်၍ ရဟန္တာဖြစ်လေသည်
။ [သဂါထာဝဂ္ဂသံယုတ်၊ ဗြာဟ္မဏသံယုတ်]
မေးခွန်း ၃။ ရှင်ပြုပေးရာ၌ ကလေး၏မည်သည့်အရွယ်တွင် ရှင်ပြုပေးနိုင်ပါသနည်း။
အဖြေ ၃။ ဗုဒ္ဓမြတ်စွာသည် ပဌမခွင့်ပြုတော်မူစဉ်၌ "၁၅-နှစ်အသက်ပြည့်မှ ရှင်ပြုပေးရမည် "ဟု မိန့် 
တော်မူ၏။ ထို့ နောက်မိဘများသေဆုံးသွားသဖြင့် ကိုးကွယ်ရာမဲ့ဖြစ်နေသော ကလေးညီနောင် ၂ ယောက်ကို အကြောင်းပြု၍ "မိမိထမင်းပွဲကို ကျီးနှိုက်လာလျှင် ချောက်နိုင်သောအရွယ်ရှိသူကို ရှင်ပြုပေးနိုင်၏ "ဟု ခွင့်ပြု
တော်မူပြန်၏။ ။ [ဝိနည်းမဟာဝါ၊ ပဗ္ဗဇ္ဇက္ခန္ဓကပါဠိတော်]
မှတ်ချက်။ မလွှဲသာ၍ခွင့်ပြုတော်မူရသော ဤဒုတိယခွင့်ပြုတော်မူချက်ကို ကောက်ချက်ချ၍ ယခုကာလ၌ အတော်ငယ်သော ကလေးများကို ရှင်ပြုပေးကြ၏။ ထိုကလေးများသည် ဆယ်ပါးသီလနှင့်ထိုက်တန်သော ကျင့်ဝတ်ကို မကျင့်နိုင်ကြ၊ အချို့ မှာ ဇာတရူပသိက္ခာပုဒ်ကိုအပျက်ခံ၍ ပိုက်ဆံကို သူ့ လက်ထဲထည့်ပြီးလျှင် ကျောင်းလိုက်ချင်အောင် မိဘတို့ က ချော့ကြရ၏။ မဏ္ဍပ်အတွင်းမှာပင် သင်္ကန်းမနိုင်ဘဲ သိက္ခာပုဒ်များစွာ အပျက်အစီးခံကြရ၏။ တချို့ ကားကျောင်းမှာမအိပ်လိုကြဘဲ အိမ်မှာပင် အိပ်ကြ၏။ ဤအားလုံးအတွက် သာမဏေများရထိုက်သော သေခိယသိက္ခာပုဒ်သီလတွေ အတော်များစွာပျက်စီးနေလေပြီ။ ထို သို့ သီလတွေ အပျက်ခံ၍ ရှင်ပြုပေးရာ၌ မိဘတို့ မှာ ငွေလည်း ထောင်ကုန် သောင်းကုန် ကုန်ရှာကြသေး၏။ အချို့ သော ဗုဒ္ဓဘာသာဝင်တို့ ၏နားမလည်ချက်ကား သာသနာဖျက်ရာရောက်ရုံသာမက ဘာသာခြားတွေနှင့် နောင်လာ
နောက်သားတို့ စဉ်းစားဝေဖန်ကြတော့မည့်အတွက် အလွန်ပင်ရှက်ဖွယ်ကောင်းလှပေသည်။
ဖြစ်သင့်သော ရှင်ပြုနည်း
သားကို ရှင်ပြုပေးရာ၌ မိဘတို့ သည် အရင်းအနှီးနည်းပါးသွားအောင် (သို့ မဟုတ် ကုန်သွားအောင်) ရှင်ပြုပွဲမကျင်းပသင့်ပါ။ သင့်တော်သောအရွယ်ရောက်မှ အနေအထိုင်အချိုးကျသောကျောင်းသို့ ပို့ ၍ သင့်တော်ရုံ ငွေကုန်ကြေးကျခံရုံဖြင့် ရှင်ပြုပေးသင့်ပါသည်။ ရှင်သာမဏေအဖြစ်ဖြင့် နေခိုက်၌ လူဝတ်ကြောင်တို့ ၏ သီလယူ
နည်း၊ ဒါနပြုနည်း၊ ဥပုသ်စောင့်နည်းနှင့်တကွ ရဟန်းသာမဏေတို့ အမြဲကျင့်ရသော သိက္ခာပုဒ်များကိုနားလည်၍ ကျင့်တတ်အောင်လည်းကောင်း၊ ဘာသာရေးကိစ္စတို့ ၌အသားကျနားလည်အောင်လည်းကောင်း လေ့လာသင့်၏
။ သို့ မှ ဒကာအဖြစ်ဖြင့် လှူရသောအခါ ပုဂ္ဂိုလ်အကောင်း-အဆိုး ရွေးချယ်တတ်၍ သာသနာထောက်ပံ့သော ဒါယကာတယောက်ဖြစ်လာဖွယ် ရှိပေသည်။
(ဂါဒီယန်သတင်းစာအယ်ဒီတာဟောင်း ဦးစိန်ဝင်း မေးလျှောက်ပြီး မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ဖြေဆိုသည်။ ဘာသာရေးပြဿနာများအဖြေနှင့် စစ်တပ်တရားတော်-စာအုပ်)
No comments:
Post a Comment