မိမိတို့လယ်ယာမြေ၌ မစိုက်ပျိုးမီ မိမိမျိုးစေ့ကို ပြုပြင်မှု - မပြုပြင်မှုလိုက်၍ အပင်၊ အသီး
ကွာခြားသကဲ့သို့ မိမိ၏ပုဗ္ဗစေတနာများကိုလည်း ထက်သန်အောင်ပြု - မပြု လိုက်၍ အကျိုးပေး
ကွာခြားဖွယ်ရှိပါသည်။
လယ်ယာမျိုးစေ့ကို စိုက်ပျိုးပြီးနောက် ရေလောင်းခြင်း၊ ပေါင်းသုတ်သင်ခြင်း စသည်တို့
ကို ပြု - မပြု လိုက်၍ အပင်၊ အသီး ကွာခြားသကဲ့သို့ လှူဒါန်းပြီးနောက် ထိုကုသိုလ်ကို ထပ်မံ၍
သတိရမှု၊ သတိရတိုင်း ၀မ်းမြောက်မှု၊ အပရစေတနာ ထက်သန် - မသန် လိုက်၍ အကျိုးပေး
ကွာခြားဖွယ်ရှိပါသည်။
မျိုးစေ့ - လယ်ယာတို့က အားလုံးအဆင်သင့်သော်လည်း စိုက်ပျိုးသင့်သောအခါ၌ စိုက်
ပျိုးမှ အပင်၊ အသီး ဖွံ့ထွားအောင်မြင်သကဲ့သို့ အလှူခံ၊ လှူဖွယ်ဝတ္ထုတို့ကို အသွယ်သွယ်
အဆင်သင့်သော်လည်း လှူသင့်သောအခါ၊ လိုအပ်နေသော နေရာဝယ်လှူမှ ဖွံ့ဖွံ့ထွားထွား
အကျိုးများဖွယ်ရှိပါသည်။ ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ ဒီဘ၀ ဒီမျှသာနှင့် ၀ိပဿနာ မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment