၁။ နေ့စဉ် ကောင်းမှုကုသိုလ်တရားများ၌ မမေ့မလျော့စဉ်းစားပါ။
၂။ မကောင်းတဲ့အကုသိုလ် စိတ်ရိုင်းစိတ်မိုက်များကို ဖယ်ရှားပါ။
၃။ အရာရာမှာ စေတနာသန့်သန့်ဖြင့်စိတ်ကောင်းတစ်ခုထားပါ။
၎။ ဗြဟ္မစိုရ်တရား အမြဲပွား၍ ကိုယ်တွင်းသီလမြဲပါစေ။
၅။ လူဖြစ်လာလျှင် လူ၏တန်ဖိုးကို သိအောင်ကြိုးစားပါ။
၆။ မည်သူတရားပျက်ပျက် သင်မပျက်ပါစေနှင့်။(သတိထားပါ)
၇။ သင့်ကိုအကြောင်းပြုပြီး သူတပါးစိတ်မဆင်းရဲပါစေနှင့်။
၈။ မိဘကိုစားနိုင်တဲ့အချိန်မှာကျွေးပါ။သေမှမငိုပါနှင့်။
၉။ သူတစ်ပါးအပြစ်ကိုမပြောပါနှင့်၊ ကိုယ့်အပြစ်ကိုသာရှုပါ။
၁၀။ အလိုက်သိပါ၊အားနာပါ၊အရှက်အကြောက်ရှိပါ။
၁၁။ ကြီးသူကိုရိုသေ၊ရွယ်တူကိုလေးစား၊ငယ်သူကိုသနားပါ။
၁၂။ မစူးစမ်းမဆင်ခြင်ပဲ မပြောပါနဲ့၊မလုပ်ပါနဲ့။(သတိထားပါ)
၁၃။ နေရာတိုင်းမှာ စိတ်သဘောထားကြီးကြီးထားပါ။
၁၄။ နိုင်လိုသူကိုအရှုံးပေးက စိတ်နှလုံးအေးမြသည်။
၁၅။ စကားပြောသောအခါ မျှမျှတတပြောဆိုပါ။
၁၆။ သူတစ်ပါးကြီးပွားချမ်းသာတာကို မနာလိုမရှုစိမ့်မရှိပါစေနှင့်။
၁၇။ နေရာတိုင်းမှာ ကိုယ်ချင်းစာတရားများများထားပါ။
၁၈။ မာနကိုနှိမ့်ချ၊လူ၏တန်ဖိုးကိုမြှင့်တင်ပါ။
၁၉။ မိမိကိုယ်ကိုနေ့စဉ်စစ်ဆေးမှ ကြီးပွားနိုင်မည်။
၂၀။ မိမိကိုယ်ကို ဆုံးမခြင်းက သာ၍ကောင်းသည်။
မွန်မြတ်သော ၀ိပဿနာတရားကို အားထုတ်ဖြစ်အောင်ကြိုးစားပါ။
No comments:
Post a Comment