Sunday, October 21, 2018

အာရုံတစ်ခုခုကို ပြုလုပ်လိုခြင်း၊ ရယူလိုခြင်းဆိုသည့် ဆန္ဒ။

      “ဆန္ဒ၀တော ကိံနာမ နသိဇ္ဈတိ= ဆန္ဒရှိသူမှာ မပြီးနိုင်သောအရာ မရှိ” ။
အာရုံတစ်ခုခုကို ပြုလုပ်လိုခြင်း၊ ရယူလိုခြင်း သဘောသည် ဆန္ဒတည်း။ “ပြုလုပ်လိုခြင်း၊ ရယူ
လိုခြင်း” ဟူရာ၌ လောဘကဲ့သို့ စွဲလမ်းတတ်ခြင်း၊ ကပ်ငြိခြင်းမဟုတ်၊ ပြုလိုရုံမျှ ရလိုရုံမျှသာ ဖြစ်
သည်။ ထိုပကြောင့် “သက်သက်အာရုံ၊ ပြုလိုရုံမျှ၊ ဆန္ဒသဘော ” ဟု ဆိုခဲ့သည်။ ဤဆန္ဒသဘော
လည်း သတ္တ၀ါတို့၌ အလွန်ထင်ရှား၏။ ကလေးငယ်သည် ဖခင်လက်မှ မိခင်လက်သို့ လိုက်ချင်၍
လက်လှမ်း၏။ ဤလိုချင်မှုသည် ဆန္ဒတည်း။ ဟိုသွားချင်၊ သည်လာချင်၊ တစ်စုံတစ်ယောက် တစ်
ခုခုကို တွေ့ချင်၊ မြင်ချင်၊ ကြားချင်၊ စားချင်၊ ကိုင်ချင်၊ ထိချင်၊ တတ်သိနားလည်ချင်မှု  အစုစု
သည် ဆန္ဒချည်းတည်း။
         နိဗ္ဗာန်လိုချင်၊ အဂ္ဂသာဝက မဟာသာဝက ဖြစ်ချင်၊ ဘုရားဖြစ်ချင်၊ ရှင်ဘုရင်ဖြစ်ချင်၊ သူ
ဌေးဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာဖြစ်ချင်၊ ရသေ့ရဟန်းပြုချင်၊ လှူဒါန်းချင်၊ ဥပုသ်စောင့်၍နေချင်၊
ကုသိုလ်ရချင် စသည်တို့လည်း ဆန္ဒပင်တည်း။ တော်ရုံတန်ရုံ လိုချင်မှု၌ ဆန္ဒအားသေး၏။ မရမက
လိုချင်၊ မဖြစ်မနေ ဖြစ်ချင်မှုများ၌ကား  ဆန္ဒအားကြီး၏။ ဤဆန္ဒကို အရင်းခံ၍ ၀ီရိယသန်သန်
ဖြင့် ပါရမီဖြည့်တော်မူခဲ့သောကြောင့် နောက်ဆုံး၌ ဆန္ဒတော်အတိုင်း ဘုရားဖြစ်တော်မူရသည်။
         ထိတ်တန်းရောက်ရန် အခြေခံ ဆန္ဒမျှ မရှိသေးလျှင် ထက်သန်သော ၀ီရိယကို မည်သူမျှ
ပြုကြမည်မဟုတ်။ သို့ဖြစ်၍ အကျိုးကျေးဇူး တစ်ခုခုရလိုသော ဆန္ဒကို ပထမ ဖြစ်စေရပါမည်။
ဤဆန္ဒမျိုးကို “အာသာ” ဟုလည်း ခေါ်သည်။ (အာသာ=လိုလားတောင့်တခြင်း) ထို့နောက် အာ
သာဆန္ဒရှိရုံနှင့်(ဆုတောင်းနေရုံမျှနှင့်) မရနိုင်ကြောင်းကို နားလည်ကာ စိတ်ပါလက်ပါ ၀ီရိယစိုက်
ရမည်။ ဥပမာ== ရန်ကုန်မှ မန္တလေးသို့ သွားလိုခြင်းသည် ဆန္ဒတည်း။ ထိုဆန္ဒရှိရုံမျှဖြင့်ကား
မန္တလေးသို့ မရောက်နိုင်။ မန္တလေးသို့ သွားနိုင်အောင် ခရီးစရိတ် ငွေလုံလုံလောက်လောက်ရှိရ
မည်။ မရှိသေးလျှင် ငွေရှာရမည်။ ထိုသို့ရှာရခြင်းကား ၀ီရိယသဘောတည်း။ ထို့အတူပင် နိဗ္ဗာန်
ရလိုလျှင် ဘုရားအဖြစ် သာဝကအဖြစ် ရလိုလျှင် အမျိုးမျိုးနှင့်တန်အောင် ပါရမီရှာရပါမည်။
         ယခုကာလ လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်တို့၌ အထက်တန်းရောက်နေကြသူတို့သည် ဘုန်းနှင့်
သမ္ဘာ ထက်ကြပ်ပါ၍ စိတ်သွားတိုင်း ကိုယ်ပါလျက် လိုရာပြီးစီးနိုင်သော မိုးပေါ်ကျ ရွှေကိုယ်တော်
များ မဟုတ်ကြချေ။ အာသာဆန္ဒအလိုက် ၀ီရိယစိုက်ထားသူတွေသာများပေသည်။ ထို့ကြောင့် အ
လွန်ရခဲလှသော မနုဿတ္တ ဒုလ္လဘကို ရှေးကံကောင်းထောက်မ၍ ရကြပြီးဖြစ်ပါလျက် တိုးတက်
လိုသော အာသာဆန္ဒကင်း၍ အဖျင်း အအ၊ အပျင်း အနတွေ ဖြစ်နေပါလျှင် တိရစ္ဆာန်ဘ၀နှင့်
မခြားတော့ပါ။
         ထို့ကြောင့် တရားချစ်ခင် သူတော်စင်တို့ကလည်း မိမိကိုယ်ကို ယခုဘ၀လည်း အထက်
တန်းရောက်အောင် နောင်သံသရာလည်း မဂ်လမ်းပေါက်အောင် ထက်သန်သော အာသာဆန္ဒကို
ကိုယ်စီကိုယ်င ဖြစ်စေကြပြီး မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။
   {အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်
     အဘိဓမ္မာမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment