ဒုက္ခဆိုတာ
အိပ်ပျော်နေသူကို လှုပ်နှိုးတတ်တယ်။
ဥပါဒါန် အားကြီးသူကို ခြောက်လှန့်တတ်တယ်။
သတိမေ့သူကို ဝါးမျိုတတ်တယ်။
သတိနဲ့တတ်စီးနိုင်သူကို လိုရာခရီးကိုပို့ပေးတယ်။
ရာနှုန်းပြည့်ပညာမျက်စိနဲ့ ကြည့်ရင်တော့ စက်ရုပ်ကျားကြီးပါပဲ။
ကိုယ့်အတွက် ရေကန်အသင့် ကြာအသင့်ဖြစ်တဲ့အရပ်ကို
ရှာဖွေနေသူဟာ ကိုယ်စွမ်းကိုယ်စ ပျောက်နေတဲ့အတွက်
ဘဝပါပျောက်ပြီး သေနေမယ်။
ရောက်ရာအရပ်မှာ ရေကန်တူးပြီး ကြာပေါက်အောင်
စွမ်းဆောင်နိုင်မှသာ ကိုယ်စွမ်းကိုယ်စ ပြည့်ဝတဲ့အတွက်
ဘဝပါပြည့်ဝရှင်သန်မယ်။
လူဆိုတာ
ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
“တလောကလုံး ကျက်သရေရှိစေချင်တာ စာရေးသူရဲ့စေတနာပါ ၊ တလောကလုံး
ဖြစ်ဖို့ဆိုတာ တစ်ယောက်ကပဲစရတာဖြစ်လို့ တစ်ယောက်တစ်လေကျက်သရေကိုသိပြီး
ကျက်သရေရှိသွားရင်လည်း ကျေနပ်စရာပါ။ အဲ့တစ်ယောက်ဟာ စာဖတ်သူကိုယ်တိုင်
ဖြစ်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့၊
ဓမ္မဘေရီ အရှင်ဝိရိယ
No comments:
Post a Comment