Wednesday, May 29, 2013

တစ်သက်လုံးစိပ်မှ ပုတီးလေးလုံးသာရ

ပင်းယခေတ်၌ ထိုအချိန်က စစ်ကိုင်းတောင်
ပုညရှင်စေတီ အနီးတွင်
ရေငုံဘုန်းကြီးခေါ် ဆရာတော်တစ်ပါးရှိ၏။
ကျမ်းဂန်တတ်မြောက်ပြီး တရားဘာဝနာစီးဖြန်းနေကာ
စကားအဖျင်းပြောမိမည်စိုး၍
ရေငုံနေသောကြောင့် ရေငုံဘုန်းကြီးဟုခေါ်သည်။


ထိုရေငုံဘုန်းတော်ကြီးသည် တစ်ခုသော
သံဃာပရိသတ်၌ ပုတီးစိပ်မှုနှင့်
စပ်၍ သံဃာမထေရ်ကြီးများ အချင်းချင်း
စကားလက်ဆုံကျနေကြရာ
“တစ်နေ့ လျှင် ဂုဏ်တော်ပုတီး အပတ်တစ်ထောင်ရသည်၊
တစ်သောင်းရသည်” စသည်ဖြင့်
အရည်အချင်းထက် အရေအတွက်ကို
ဦးစားပေး ပြောဆိုနေကြသည်ကို ကြားသိရသဖြင့် -
“တို့ များ အသက်ရှစ်ဆယ်ကျော်ပါပြီ၊ တစ်သက်လုံးစိပ်လာတာ
ခုထိမှ ပုတီးလေးလုံးပဲ ရသေးတယ်” ဟု မိန့် တော်မူသတတ်။
ဗုဒ္ဓါနုဿတိ၊ မေတ္တာ၊ အသုဘနှင့် မရဏဿတိခေါ်
ရဟန်းရှင်လူ သူတော်စင်တိုင်း နေ့ စဉ် နှလုံးသွင်းရမည့်
‘စတုရာရက္ခ=အစောင့် အရှောက်ကြီးလေးပါး’ ကိုသာ
ပွားများနေကြောင်း ပြောဆိုတော်မူခြင်းဖြစ်၏။
ထိုသို့ အမိန့် ရှိခါမှ ပုတီးပတ်ပြိုင်သော ဘုန်းတော်ကြီးများ
စကားဆိတ်သွားသော ဟူ၏။
(ဓမ္မာစရိယ ဦးဋ္ဌေးလှိုင် ရေးသားသော
ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ -မှ)
မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
http://www.infinitydhamma.com/မှတဆင့်ခံစားတင်ပြသည်။မူကြိုဆရာ၏ဘလော့များကို www.damanady.tk တွင်လဲဖတ်ရှုနိင်သည်။

No comments:

Post a Comment