Sunday, September 1, 2013

ဧည့်သည်




ဧည့်သည်ဆိုတာ ခဏပဲနေရမှာ....
ဧည့်သည်ဆိုတာ လာပြီးပြန်ရမှာ...
ဧည့်သည်ဆိုတာ အိမ်ရှင်မဟုတ်ဘူး...
ဧည့်သည်ဆိုတာ အမြဲနေလို့ မရဘူး...


ဧည့်သည်ဆိုတာ ဘာမှ မပိုင်ဘူး....
ဧည့်သည်ဆိုတာ အနေအထိုင်အပြောအဆို မှားလို့ မဖြစ်ဘူး...
ဧည့်သည်ဆိုတာ အချိန်တန်ရင်ပြန်ရမှာ...
ဧည့်သည်ဆိုတာ အားလုံးနဲ့ သူစိမ်းပါဘဲ...
ဧည့်သည်ဆိုတာ သည်းခံနေရတာ...
ဧည့်သည်ဆိုတာ ပြည့်စုံတယ်လို့ မရှိဘူး...
ဧည့်သည်ဆိုတာ တစ်နေ့ ပြန်ရမှာ...
ဧည့်သည်ဆိုတာ ဧည့်သည်ပါပဲ။


မိမိရောက်ရှိနေသော ယခုဘ၀သည် ဧည့်သည် အဖြစ်ခဏတာနေခွင့် ရပြီး နောက်(ခန္ဒာ) တစ်အိမ်တွင် ဧည့်သည်အဖြစ်ပြန်လည် လျှောက်လှမ်းရပေအုန်းမည်။

ယခုဧည့်သည်ဖြစ်နေတုန်း ဘာတွေယူပြီး ဘယ်လိုခရီးဆက်မှာလဲ....

မပြန်ခင်လေး ခဏတာမှာ.......

ဧည့်သည်ဆိုတာ............


မေတ္တာဖြင့် ရေးသားသူ
မနန်းမွန်း ( အနှိုင်းမဲ့ အရိပ်)
 http://www.infinitydhamma.com/မှတဆင့်ခံစားတင်ပြသည်။

No comments:

Post a Comment