ကုသိုလ်လည်း စွမ်းအား၊ အကုသိုလ်လည်း စွမ်းအားပါ။
ကုသိုလ်စွမ်းအားက ကိုယ့်ကို အရိပ်လို မိုးပေးပါတယ်။ ကောင်းကျိုးတွေ ဝေဖြာစေတယ်။
အကုသိုလ် စွမ်းအားက ကိုယ့်ဘ၀ကို နိမ့်ကျစေတယ်။ အပယ်အထိဆွဲချပါတယ်။
အဲဒီတော့ ဘာကို စုဆောင်းမလဲ?
အဲဒီကုသိုလ် အကုသိုလ်က ဘယ်မှာဖြစ်သလဲ?
နေ့စဉ် ပြုနေတဲ့ ကာယကံ၊၀စီကံ၊မနောကံတွေမှာ ဖြစ်ပါတယ်။
အဲဒီကံတွေက ကောင်းသော ကာယကံ၊၀စီကံ တွေဖြစ်အောင် မိမိ မနောကံကို ထိန်းသိမ်းရပါမယ်။
မနောကံဆိုတဲ့ စိတ်မှာ လောဘ၊ဒေါသ ၊မောဟတွေ ဖြစ်ရင် စွမ်းအား ( energy) ကျပါတယ်။
လောဘက ပြိတ္တာ ၊အသူရကယ် စတဲ့ အကျိုးကိုပေးသလို
မောဟက တိရစ္ဆာန်ဖြစ်ဖို့ အကျိုးပေးပြန်ပါတယ်။
ဒေါသကတော့ ငရဲကျတဲ့ အထိ အကျိုးပေးနိုင်ပါတယ်။
အဲဒီလိုဆိုတော့ ကိစ္စတစ်ခု အလို မကျပြီ (ကိုယ်ထင်တဲ့ အတိုင်း) မဖြစ်ရင် ဒေါသ ထွက်ပြီ ဆိုပါစို့....ကိုယ်စုဆောင်း
သေချာစဉ်းစားကြည့်တော့ ဒေါသထွက်လိုက်မိတဲ့သူက စရှုံးနေပါပြီ။
ကိစ္စတစ်ခုဟာ ဒေါသထွက်လိုက်လို့ အဆင်ပြေသွားတယ်ဆိုတာ ခပ်ရှားရှားပါဘဲ။
ပိုပြီး မပြေလည်ရာ မပြေလည်ကြောင်းနဲ့ ပိုအခက်တွေ့ စရာဖြစ်လာတာမို့ ပြောဆို စရာရှိတာတွေကို အကြောင်းအကျိုးနဲ့ ပြေပြေလည်လည်ပြောဆိုခြင်းက အရှံးနည်းစေပါတယ်။
ဒေါသထွက်လိုက်လို့ ပြန်ပြင်လို့ မရတဲ့ကိစ္စတွေနဲ့ ဒေါသဖြစ်လို့လည်း ပြောင်းလဲလာမှာ မဟုတ်တဲ့ သူတွေ အတွက် ကိုယ်ကပါ ရောပြီး မဆုံးရှုံးပါစေနဲ့။
လိမ္မာပါးနပ်စွာနဲ့ မိမိကိုယ်ကိုယ်ချစ်ရင် ပြသနာကို ခေါင်းအေးအေး၊စိတ်အေးအေးထား
လောကကြီးကို စိတ်က ဦးဆောင်တယ်လို့ ဆိုသလို မိမိရဲ့ ကြီးမားလှသော စိတ်စွမ်းအားနဲ့ နေ့စဉ် ပြသနာများကိုအတတ်နိုင်ဆုံး အေးအေးလူလူ ဖြတ်သန်းခြင်းက မမြတ်ရင်တောင် အရှုံးမပေါ်တဲ့နေ့တစ်နေ့ ပါဘဲ။
ဘာလိုဘဲဖြစ်ဖြစ်လေ...လူ့ဘ၀ေ
အေးချမ်းသောနေ့လေးတစ်နေ့ ဖြစ်ပါစေ။
မေတ္တာဖြင့်ရေးသားသူ
မနန်းမွန်း( အနှိုင်းမဲ့ အရိပ်)
http://www.infinitydhamma.com/မှတဆင့်ခံစားတင်ပြသည်။
No comments:
Post a Comment