ဗိုလ်ကြီးထွန်းလင်းကျော် (ကထိက)
ပြင်ဦးလွင်မြို့၊ စစ်မှုတက္ကသိုလ်
(အဖြေ) ဒေ၀ဒတ်အလောင်းဟာ ရှည်လျားလှတဲ့သံသရာမှာကျင်လည်စဉ်
တစ်ခုသောဘ၀ ရွဲကုန်သည် ဘ၀က စပြီးအလောင်းတော်အပေါ်မှာ စတင်ရန်ငြိုးဖွဲ့ခဲ့တယ်လို့
ဆိုပါတယ်၊ လူတစ်ယောက်အပေါ်မှာ ရန်ငြိုးဖွဲ့မိပြီ၊ အာဃာတထား မိပြီဆိုရင်
ကျေအေးနိုင်ဖို့ တော်တော်ခဲယဉ်းတာကို လူတိုင်းသိကြပါလိမ့်မယ်၊ ထိုအချိန်က စပြီး ဒေ၀ဒတ်အလောင်းဟာ
ဘုရားအလောင်းတော်အပေါ်မှာ ဘ၀ပေါင်းများစွာ နှောက်ယှက် နေခဲ့တာလို့ သိရပါတယ်၊ နှောက်ယှက်ဖို့ စိတ်က အားသန်နေတဲ့အတွက်
နောက်ဘ၀တွေမှာလဲ အတူတူပဲ ဖြစ်ကြရပါတယ်၊
နောက်တချက်အနေနဲ့လေ့လာလျင်
ဘုရားအလောင်းတော်ပါရမီများဖြည့်ဖို့အတွက် ဒေ၀ဒတ်က အနစ်နာ ခံပေးခဲ့ရတယ်လို့လဲ ယူဆနိုင်ပါတယ်၊
“ သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည်း ”
ဆိုတဲ့စကားအတိုင်း ရေသစ်တွေစီးဆင်းလာလျင် ရေဟောင်းများက ဖယ်ပေးရမှာပါပဲ၊ သို့သော်
ဒေ၀ဒတ်မရှိခဲ့ရင် ဘုရားဖြစ်နိုင်ပါ့မလား လို့ မေးစရာ ရှိတယ်၊ ဗျာဒိတ်ရပြီးသား
ဘုရားအလောင်းတော်ဖြစ်တဲ့အတွက် သူကတော့ သူ့လမ်းကြောင်း အတိုင်း ပါရမီ တွေ
ဆက်လက်ဖြည့် ဆည်းပြီး အချိန်တန်လျင် ဘုရားတစ်ဆူ ဧကန်ဖြစ်လာမှာပါပဲ၊ ဒေ၀ဒတ်မဟုတ်ခဲ့လျင်လည်း
သူ့လိုလူ နောက်တစ်ယောက် ပေါ်လာစရာ ရှိပါတယ်။
သို့သော် လောကကြီးမှာ ကောင်းတာတွေ
ဘယ်လောက်လုပ်နေသည်ဖြစ်စေ၊ ကန့်လန့်တိုက်သူ၊
Against လုပ်သူ ဆိုတာ အနည်းအကျဉ်း ရှိစမြဲပဲ၊ ဒါကိုပဲ လောကဓံလို့
သုံးနှုန်းလေ့ရှိကြ တယ်၊ လောကမှာ Foolish & Wise လူဆိုးရှိလျင် လူကောင်း(ပညာရှိ)လဲ
ရှိမယ်၊ Black & White အမည်းရှိလျင်အဖြူလဲ ရှိမယ်၊ Evil or Demerit &
Merit အကုသိုလ်ရှိလျင် ကုသိုလ်လဲရှိမယ် စသဖြင့် ဒွယံဒွယသဘောတရားနဲ့ ကင်းကွာလို့
မရပါဘူး၊ ဘုရားအလောင်းတော်လည်း ထိုနည်း၎င်းပါပဲ၊ ကိုယ်ကပါရမီတွေ ဘယ်လောက်ဖြည့်နေ
သည်ဖြစ်စေ အဖျက်သမားကတော့ တွေ့ကြုံရတာပါ၊ အံ့သြစရာကောင်းတာက
ဗုဒ္ဓဒေသနာတွေထဲမှာ ရန်ငြိုးဖွဲ့တာဟာ သံယောဇဉ် ဆယ်ပါးထဲမှာ ပါဝင်ပါသတဲ့၊ ပဋိဃသံယောဇဉ်လို့ခေါ်ဆိုပါတယ်၊ လူတစ်ယောက်ကို
မုန်းတီးနာ ကြည်းနေတာဟာလဲ သံယောဇဉ်တစ်မျိုးပါပဲ တဲ့။ ဒါကိုလဲ ဘ၀ပေါင်းများစွာ
ဆုံစည်းနိုင်ခြင်း အကြောင်း တစ်မျိုးလို့ သတ်မှတ်နိုင်ပါတယ်၊
နောက်တစ်ချက်က လူတစ်ယောက်ဟာ
သေခါနီးမှာ တခုခုကိုစွဲလမ်းသေသွားခဲ့လျင် နောက်ဘ၀ လူပြန်ဖြစ်ခဲ့လျင်
ထိုအစွဲအလမ်းကြောင့် ပြန်ဆုံစည်းနိုင်တယ်၊ ဒီဘက်ဘ၀က အကျိုးဆက်တွေကို နောက်ဘ၀အထိ
ခံစားရတယ် လို့ ဆိုတယ်၊ ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ ဖြစ်ရပ်မှန်စာအုပ်တအုပ်မှာ ဓားပြဗိုလ်
တယောက်ကို ဖမ်းမိလို့အပြစ်ပေးတော့ လက်နှစ်ဖက်ဖြတ်၊ ခြေ ထောက်နှစ် ဖက်ဖြတ်ပြီး
ကားစင်မှာ သေစေခဲ့တယ်၊
နောက်မကြာခင်မှာ ကလေးတစ်ယောက်မွေးဖွား
လာတော့ မွေးရာပါ လက်နှစ်ချောင်း၊ ခြေနှစ်ချောင်းပါ မလာခဲ့ဘူး၊ မွေးလာတဲ့ကလေးလေးက လူဝင်စားအနေ
နဲ့ပြောပြမှ အရင်ဘ၀က သူဟာ ဓားပြဗိုလ်ဖြစ်ခဲ့ တယ်၊ လက်ခြေလေးချောင်းလုံး အဖြတ်ခံရပြီး
သွေးထွက်လွန် ကာ သေဆုံးခဲ့ရတယ် လို့ ပြောပြပါသတဲ့၊ ဒါဟာ ဘာကိုညွှန်ပြနေသလဲဆို တော့ ဒီဘက်ဘ၀က စိတ်၊ စေတသိက်တွေက
နောက်ဘ၀ အထိ ဥပနိဿယအနေနဲ့ ပဋ္ဌာန်းနည်းဖြင့် ကျေးဇူးပြုနေတယ်ဆိုတာကိုပါ။
ဗုဒ္ဓဘာသာမှာကောင်းတာလုပ်ရင်
ကောင်းကျိုးရမယ်၊ ဆိုးတာလုပ်ရင် ဆိုးကျိုးခံစားရမယ် လို့ ဟောထား တဲ့အတိုင်း
အရှင်အာနန္ဒာ တို့ကတော့ ဘ၀တော်တော်များများမှာ ကောင်းတာတွေ လုပ်ခဲ့ကြတာကြောင့်
ဘုရားအလောင်းနှင့်သာ ဆုံစည်းခဲ့ကြ တယ်၊ မျှော်လင့်ချက်အနေနဲ့ ဒီဘက်ဘ၀မှာ ကောင်းရင်
နောက်ဘ၀ မှာလဲ ကောင်းဖို့မျှော်လင့်နိုင်မယ်၊ ဒီဘ၀မှာ ဆိုးနေ ရင် နောက်တမလွန်မှာ
ဘ၀ကောင်းရဖို့ မမျှော်လင့် နိုင်ဘူး၊ ရှားရှားပါးပါးအနည်းစုသာ မျှော်လင့်ခွင့်ရှိပါတယ်၊
ဒါကြောင့်သူတော်ကောင်းတွေဟာ
သူတော်ကောင်းအချင်းချင်းတွဲမိတာဖြစ်ပါတယ်၊ အခုမျက်မှောက်ကိုယ့် ပတ်ဝန်းကျင်မှာ လဲ
လေ့လာနိုင်ပါတယ်၊ အရက်သမား၊ လောင်းကစားသမားတွေကလဲ သူတို့အချင်းချင်း ပဲ၊ဘုရားတရားကိုင်းရှိုင်းသူ
တွေကလဲ သူတို့အချင်းချင်းသာ တသက်တာ မိတ်ဆွေများအဖြစ် ပေါင်းသင်းနိုင် ကြပါတယ်၊
ဒါကြောင့် ဒီလူတွေပဲဘ၀တိုင်း ဆုံရတာဖြစ်တယ်။
၅၅၀ ဇာတ်တော်များဘုရားဟော
ဟုတ်/မဟုတ်ကို ရှေးဦးစွာဥပမာလေးနဲ့ ရှင်းပြချင်ပါတယ်၊ ဆိုပါစို့.. မိခင်တစ်ယောက်က
မီးဖွားလာတယ်၊ ကလေးမွေးပြီးမကြာခင်မှာ မိခင်က သေဆုံးသွားပြီ၊ ကလေးကတော့
အသက်ရှင်ကျန်ရစ်ခဲ့ တယ်ပေါ့၊ နောင်တချိန်ကလေးငယ်ကြီးပြင်းလာတဲ့အချိန်မှာ မင်းအမေဟာ
ဒေါ်ဘယ် သူ၊ အသက် ဘယ်လောက် စသည်ဖြင့် ပတ်ဝန်းကျင်က ၀ိုင်းဝန်းပြောပြကြတယ်၊ အဖေကလဲ
ထောက်ခံ တယ်၊ ဆွေမျိုးအားလုံးကလဲ ထောက်ခံတယ်ပေါ့၊
အဆိုပါကလေးဟာ
လက်ခံသည့်အတိုင်းလဲအကြောင်းအရာ၊အချက်အလက်၊ သက်သေအထောက်အထား ခိုင်လုံနေ တာကိုလည်း
တွေ့ရတယ်၊ အဲဒါကြောင့် ဘယ်သူမှလည်း သူ့ရဲ့ မိခင်ရင်းမဟုတ်ပါဘူး ဆိုတာ စောဒကမတက်ခဲ့ကြဘူး၊
တကယ်လို့သာ မိခင်အစစ် မဟုတ်ခဲ့ဘူးဆိုလျင်… အကြောင်းအရာ၊ အချက် အလက်မခိုင်လုံခဲ့ဘူးဆိုလျင်
ပတ်ဝန်းကျင်က လက်ခံနိုင်မှာ မဟုတ်ပါဘူး.. ၀ိုင်းပြီးငြင်းခုံကြပါလိမ့်မယ်.. ဒီဥပမာအတိုင်းဘဲ..
၅၅၀ ဇာတ်တော်ထဲမှာပါတဲ့ ဘုရားရှင်ရဲ့စကားတော်တွေကို
ရဟန္တာမထေရ်မြတ်ကြီးများက လက်ဆင့်ကမ်း ကျက်မှတ်သယ်ဆောင် ခဲ့ကြတယ်၊ မူရင်းပါဠိဘာသာ၊
သက္ကဋ၊ဆန်စကရစ်၊ သီဟဠ ( သီဟိုရ်) မှ ရဟန္တာ မထေရ်ကြီး အရှင်မဟာဗုဒ္ဓဃောသ ကနေတဆင့်
သီဟိုရ်ဘာသာမှ ပါဠိဘာသာကို ပြန်ပြောင်းရေးသားခဲ့ တယ် လို့ သမိုင်းများအရ သိရပါတယ်၊
အကယ်၍သာ ထိုဒေသနာတော်များ
မမှန်ကန်ဘူး၊ ဘုရားစကားတော်၊ အာဘော်နှင့် မညီညွတ်ဘူးဆိုလျင် သမိုင်းအဆက်ဆက်
အရှေ့တိုင်း၊ အနောက်တိုင်းမှ ပညာရှင်များ၊ ထေရ၀ါဒနိုင်ငံများမှ ပညာတတ်အကျော် အမော်ဆရာတော်ကြီးများတို့က
ကန့်ကွက်ကြလိမ့်မယ်၊ ပယ်မြစ်ကြလိမ့်မယ်၊ ထိုသို့သော ဆန့်ကျင်မှုမျိုး
သမိုင်းအဆက်ဆက် ကျမ်းစာတစ်စောင်၊ စကားတစ်ခွန်းမျှ မကြားခဲ့မိဘူး၊ မှတ်တမ်းမရှိခဲ့ဘူး၊
အခုခေတ်အနေဖြင့် နှိုင်းယှဉ်ပြရလျင်
ဒီပနီကျမ်းပြုအကျော် လယ်တီဆရာတော်ကြီး၏ ဒီပနီစာအုပ်များ၊ မဟာစည်ဆရာတော်ကြီး ၏
ဝိပဿနာဆိုင်ရာ စာအုပ်များဟာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ
ဆန့်ကျင်တာ မတွေ့ခဲ့ရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဘုရားရှင်၏ နှုတ်တော်ထွက် စကားများ၊
ဒေသနာတော်များနှင့် အကြောင်းရောအကျိုးပါ အားလုံးကိုက်ညီနေတဲ့အတွက် ကြောင့်
ဖြစ်ပါတယ်။
ဇာတ်တော်ငါးရာ့ငါးဆယ်ဇာတ်တော်များသည်တလုံးမကျန်ဘုရားဟောဒေသနာဟုကားမဆိုနိုင်ပါ၊
“စာတစ်လုံး၊ ဘုရားတစ်ဆူ” ဆိုသည့်အတိုင်းဘုရားရှင်၏နှုတ်ထွက်စကားတော်များပါဝင်နေသော
ပါဠိတော် များ ကို နောက်လူအများအသေးစိတ်လေ့လာ နိုင်ရန် တန်ဆာဆင်ကာ အကျယ်ချဲ့ဟော ကြား
ထားခြင်း ဖြစ်ပါကြောင်း ဖြေကြားလိုက်ရပါသည်။
အရှင်သုနန္ဒာလင်္ကာရ M.A (ပန်းကမ္ဘာ)
ဖြေကြားသည်၊
http://www.dhammayaungchi.com မှတဆင့်ခံစားတင်ပြသည်။
No comments:
Post a Comment