ဆုတောင်းလို့ ဆယ့်တစ်မီးငြိမ်း မှာသေချာလား ?
ကလျာဏ နွယိဝင်သူတော်ကောင်းအပေါင်းတို့ သူတော်ကောင်းတို့ နေ့စဉ်ဘုရားရှစ်ခိုး ၀တ်ပြုကြတဲ့အခါ အမြဲဆုတောင်းတဲ့ စကားစုလေး တစုမပါမဖြစ် အမြဲထည့် ဆိုဆုတောင်း တာသူတော်ကောင်းတို့ သတိထားမိကြရဲ့လား သတိမထားဖြစ် ရင်လည်းပြန်ပြော ပြပါ့မယ်
“ဆယ့်တစ်ပါးသောမီး ငြိမ်းအေးရပါလို၏ ”
ဟုထည့်ဆိုဆုတောင်း ကြတာသိကြမှာပါ၊
ဒီနေရာမှာ သူတော်ကောင်းတို့နဲ့ ဆွေးနွေးစရာလေး နဲနဲရှိလာပြီပေါ့ အထက်ကခေါင်းစဉ် လေးအကြောင်းပါဘဲ ဆုတောင်းလို့ဆယ့်တစ်မီး ငြိမ်းမှာသေချာပြီလား ဆိုတာလေးဆွေးနွေး ချင်ပါတယ် ဘုရားရှစ်ခိုးတဲ့ အခါထည့်ရွတ် တာလည်း ရွတ်တာပေါ့ ဒါပေမယ့်ဆရာတော်ကြီး များနဲ့ တရားဟောဆရာ များပြောတာတော့ ဆုတောင်းရုံနဲ့တော့ ဆယ့်တစ်မီးမငြိမ်းနိင်ပါဘူး၊ သစ္စာလေးပါးတရား၊ ခန္ဓာငါးပါး၊ မဂ္ဂင်ရှစ်ပါး၊ ဓါတ် တစ်ဆယ့်ရှစ်ပါး၊
ပဋိစ္စသမုပါဒ်၊ တရားတော်များ ကိုဦးစွာ သင်ယူ၊ ကျက်မှတ်၊ လေ့လာ၊ ပြီးသုတမယ ဥာဏ်ဖြင့်အားဖြင့်စတင်ရမှာဖြစ်ပါတယ် ထိုမှတဆင့် စိန္တာမယ ဥာဏ်အားဖြင့်
စဉ်းစား၊ ဆင်ခြင်၊ သုံးသပ်၊ ဆုံးဖြတ်၍ ဒိဋ္ဌိကို အသိဉာဏ်အားဖြင့် အလျင်ခွာရမှာဖြစ်ပါတယ် ဒီနောက် ဘာဝနာမယဉာဏ်၇အောင် ပွားများအားထုတ် ဒိဋ္ဌိဖြုတ်ဖို့
ကျိုးစားရင် ဆယ့်တစ်ပါးမီး ငြိမ်းအေးရာ လမ်းပေါ်လျှောက်လှမ်း နေပြီလို့ဆိုနိင်ပါပြီ၊ ဒီနေရာမှာ တခုလေးထပ်ဖြည့် ပေးချင်တာကတော့ သစ္စာလေးပါး ပေါ်မြင်တဲ့ အမြင်လေး တခုတင်ပြချင်ပါတယ် ၀ိပဿနာအားထုတ်သူ တော်တော်များများ သိပြီးဖြစ်မှာပါ၊ မသိသေးသူများအတွက် တင်ပြရခြင်း ဖြစ်ပါတယ်
သိ၊ ပါယ်၊ ဆိုက်၊ ပွား၊ ဆိုတာလေးပါ..
သိရမည်က----------ဒုက္ခသစ္စာ(ဒုက္ခ၊ ၀ိပရိဏာမဒုက္ခ၊ သင်္ခါရဒုက္ခ၊ )
ပါယ်ရမည်က--------သမုဒယ သစ္စာ(ကာမတဏှာ၊ ဘ၀တဏှာ၊ ၀ိဘ၀တဏှာ၊ )
ဆိုက်ဆိုသည်က-----နိရောဓ သစ္စာ(နိဗ္ဗာန်) ဆိုက်ရောက် ခြင်းကိုဆိုလိုသည်၊
ပွားများရသည်က----မဂ္ဂသစ္စာ(သီလ၊သမာဓိ၊ပညာ၊ မဂ္ဂင်(၈)ပါး၊ )ဤသို့ သစ္စာလေးပါးကို ရှုမြင်ပွားများ ကြရပါမယ်၊ အဓိကတော့ ဒုက္ခသစ္စာ ကိုဦးစွာပိုင်ပိုင်
နိင်နိင် သိမြင်နိင်ဖို့အရေးကြီး ပါတယ်၊ မြတ်ဗုဒ္ဓက “ ဒုက္ခဆင်းရဲကို မြင်သောသူသည် ဆင်းရဲဖြစ်ပေါ်ကြောင်း ကိုလည်းမြင်၏ ဆင်းရဲချုပ်ရာ(နိဗ္ဗာန်)ကိုလည်း
မြင်၏၊ ဆင်းရဲချုပ်ရာ(နိဗ္ဗာန်) သွားရာလမ်းကြောင်း ရောက်ကြောင်း အကျင့်ကိုလည်းမြင်၏ ” ဟု သံယုတ်(၅) စာမျက်နှာ ၄၅၇ တွင် သစ္စာလေးပါး တပါးပါးကို
မြင်သောသူသည် ကျန်သစ္စာ(၃)ပါးကိုလည်း မြင်တော့သည်ဟု ဟောကြားတော်မူထားပါသည်၊ တဆက်တည်း သူတော်ကောင်းတို့ကိုတင်ပြချင်တာကတော့
အပေါ်ကခေါင်းစဉ် လေးကိုပါဘဲ ဆယ့်တစ်ပါးသောမီးဟုသာ ပြောဆိုသုံးနှုန်း နေကြသော်လည်း တကယ်တွင် ဘယ်ဟာလည်း မသိသူများအတွက် ဆယ့်တစ်မီး
ကိုအခါအခွင့်သင့်လို့ တင်ပြပေးလိုက်ပါတယ်..။
ရာဂ- တပ်မက်မှု
ဒေါသ- ကြမ်းတမ်းပြစ်မှားမှု
မောဟ- မသိမမြင်မိုက်မဲတွေဝေမှု
ဇာတိ-ပဋိသန္ဓေနေရမှု
ဇရာ-အိုမင်းမှု
မရဏ-သေရမှု
သောက-စိုးရိမ်ကြောင့်ကြမှု
ပရိဒေဝ-ငိုကြွေးရမှု
ဒုက္ခ-ကိုယ်ဆင်းရဲမှု
ဒေါမနဿ-စိတ်ဆင်းရဲမှု
ဥပါယာသ-ချို့တဲ့မေ့မျှောမိန့်မောရမှု
မီး(၁၁)ပါးတို့ဖြစ်ပါတယ်၊ နောက်တခု သူတော်ကောင်းတို့ ကိုပေးချင်တာလေးတခုက ဆယ့်တစ်ပါးသော မီးကိုလွတ်အောင် ဆုတောင်း၍ မရကျင့်ကြံကျိုးကုတ်
အားထုတ်မှ ရသည်ကတော့ သိပါပြီ၊ ဒါဆို အပါယ်လေးဘုံ ကကောဘယ်သူမှ ဆုမတောင်းဘဲ ရောက်နေကြသနည်း ? ဗုဒ္ဓဘာသာဝင်တို့ ဆုတောင်းဖို့နေနေသာသာ အပါယ်ဟူသော အသံကိုပင် ကြားချင်လိမ်မည် မထင်ပါ သို့သော် ဘာကြောင့်အပါယ်ကျနေကြသနည်း မိမိတို့ကိုယ်တိုင် အ၀ိဇ္ဇာ၊တဏှာ၊ နှစ်ပင်ပူးပြီး အားထုတ်ခဲ့၍ သာအပါယ်ကိုလားနေကြခြင်း ဖြစ်ကြောင်း သူတော်ကောင်းတို့ကို တင်ပြလိုက်ရပါသည်။ ဆယ့်တစ်မီးငြိမ်းကြပါစေ ။
(ဓမ္မမိတ်ဆွေ၏ အချက်အလက်များနှင့်ကိုတိုင်ရေးသည်)
(၀ိဇ္ဇာစရဏသမ္ပတော)

No comments:
Post a Comment