ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ တရားထူးတရားမြတ်ရဖို့ ရည်သန်လျက် တရားကျင့်
ကြံအားထုတ် ကြပါတယ်။ ဗုဒ္ဓမြတ်စွာ လက်ထက်တော် အခါကာလတုန်းက မြတ်စွာဘုရား ဟော
ကြားတဲ့ တရားဓမ္မကို နာယူရင်း တရားထူးရသွားကြတဲ့ ပုဂ္ဂိုလ်တွေ မြောက်များစွာ ရှိပါတယ်။
ဂါထာလေးတစ်ပုဒ် ကြားနာလိုက်ရတာနဲ့ တရားထူးရရှိသွားကြတဲ့ ပုဂ္ဂိုလ်တွေ ရှိသလို ဂါထာတစ်
ပုဒ် မဆုံးခင်ဘဲ တရားထူး ရသွားကြတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြပါတယ်။
ထိုပုဂ္ဂိုလ်တွေဟာ ဘယ်လိုအခြေအနေကောင်းတွေရှိလို့ တရားထူးရကြသလဲ၊ ဒို့တစ်
တွေမှာရော အဲဒီလို အခြေအနေကောင်းတွေ ရှိကြရဲ့လား၊ ရှိလာအောင် ဘယ်လိုလုပ်ကြရမှာလဲ၊
ရှိရင် ဒို့တစ်တွေလည်း တရားထူးတွေ ရနိုင်တယ်လို့ သိထားကြပါ။
တရားထူးလို့ မြန်မာစာပေမှာ ဆိုထားတဲ့ တရားဟာ ဘာကိုရည်ညွှန်းတာတုန်းဆိုရင် မဂ်
တရား၊ ဖိုလ်တရားကို ရည်ညွှန်းတာပါ။ ထို မဂ်တရား၊ ဖိုလ်တရား ရသွားလို့ရှိရင် မဂ်ဖိုလ်ရဲ့အာရုံ
ဖြစ်တဲ့ နိဗ္ဗာန်ကိုလည်း မျက်မှောက်ပြုနိုင်သွားတာပါ။ အဲဒါကို အဓိကထားပြီး တရားထူးလို့ ခေါ်
တာ ဖြစ်ပါတယ်။
{သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်၊
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ လသာလမ်း၌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်နန္ဒမာ
လာဘိဝံသ ဆရာတော်ဟောကြားတော်မူသော တရားထူးရနိုင်သူ တရားတော်မှ ကောက်နုတ်
ရေးသားပါသည်။ }
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment