မဂ်ဉာဏ်၏ အသင်းအပင်းတွင် ပါဝင်သော တရားစု သို့မဟုတ် မဂ်ဉာဏ်ဘက်၌ ပါဝင်၍
မဂ်ဉာဏ်၏ အကျိုးကို သယ်ပိုးဆောင်ရွက်တတ်သော တရားစုကို ဗောဓိပက္ခိယဟု ခေါ်ပါသည်။
( ဗောဓိ = မဂ်ဉာဏ်၊ ပက္ခိယ = အဖို့ အစု )
ဗောဓိပက္ခိယတရား ၃၇ ပါးမှာ =
က။ သတိပဌာန် ၄ ပါး။
ခ။ သမ္မပ္ပဓာန် ၄ ပါး။
ဂ။ ဣဒ္ဓိပါဒ် ၄ ပါး။
ဃ။ ဣနြေ္ဒ ၅ ပါး။
င။ ဗိုလ် ၅ ပါး။
စ။ ဗောဇ္ဈင် ၇ ပါး။
ဆ။ မဂ္ဂင် ၈ ပါး( စုစုပေါင်း ၃၇ ပါး) တို့ ဖြစ်ပါတယ်။ ။
{ သာသနာရေးဝန်ကြီးဌာန၏ ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှ တစ်ဆင့်ရေးသားပါသည်။ }
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment