ဗုဒ္ဓဘာသာဝင် တစ်ယောက်သည် ဗုဒ္ဓရတနာ၊ ဓမ္မရတနာ၊ သံဃာရတနာတည်းဟူသော
ရတနာသုံးပါးကို ကိုးကွယ်ရမည် ဖြစ်ပေသည်။ သတ္တ၀ါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီး
တတ်သောကြောင့် ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာတည်းဟူသော ရတနာသုံးပါးကို သရဏ ဟူ၍လည်း ခေါ်
ဝေါ်ကြပါသည်။
ဗုဒ္ဓရတနာ = မြတ်ဗုဒ္ဓကို ကိုးကွယ်ပူဇော်ရခြင်းမှာ ဗုဒ္ဓရှင်တော်ဘုရားသည် သတ္တ၀ါတို့
ကို ကြီးပွားချမ်းသာကြောင်း နည်းလမ်း၌ ဖြစ်စေခြင်း၊ မကြီးပွား မချမ်းသာကြောင်း မကောင်း
သော နည်းလမ်းမှ ဆုတ်နစ်စေခြင်းနှင့် အပြစ်ဒေါသ အလုံးစုံ ကင်းစင်၍ ဂုဏ်ကျေးဇူး အလုံးစုံ
နှင့် ပြည့်စုံစေခြင်းတို့ကြောင်းပင် ရတနာဖြစ်၏။
ဓမ္မရတနာ = ဓမ္မရတနာတည်းဟူသော ဘုရား၏ တရားတော်ကို ကိုးကွယ်ရခြင်းမှာ တ
ရားတော်ကို ကျင့်ကြံလိုက်နာသူတို့အား ဘ၀သံသရာခရီးကြမ်းမှ ထုတ်ဆွဲကယ်တင်ခြင်း၊ တရား
ကျင့်တုန်းအခိုက်နှင့် ကျင့်ပြီး နောက်ကာလတို့၌လည်း သက်သာမှုကို ပေးစေခြင်းဖြင့် သတ္တ၀ါ
တို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီး စေနိုင်ခြင်းကြောင်း ဖြစ်ပါသည်။
သံဃာရတနာ = သံဃာတော်ကို ကိုးကွယ်ရခြင်းမှာ အနည်းငယ်မျှသော ကောင်းမှုကု
သိုလ်တို့ကို ကြီးကျယ်ဖွံ့ဖြိုး အကျိုးများစေရန် ပြုခြင်းဖြင့် သံဃာတော်များသည် သတ္တ၀ါတို့၏
ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီး နိုင်ခြင်းကြောင့် ဖြစ်ပါသည်။
ထို ရတနာသုံးပါးအား ကြည်ညိုလေးစား ကိုးကွယ်ဆည်းကပ်သောသူကို သရဏဂုံ
တည်သူဟု ခေါ်ပါသည်။ ထိုသူသည် ကောင်းမြတ်သော ဘ၀သို့ ရောက်ရမည် ဖြစ်သည့်ပြင် အ
သက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြွေအရံ ပေါများခြင်း စသော အကျိုးများကို ရရှိမည်
ဖြစ်သည်။
{သာသနာရေးဝန်ကြီးဌာန သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၏
ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှ ကောက်နုတ်ရေးသားပါတယ်။}
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
-----------------------------------------------------
မြင့်မြတ်တဲ့ ပုဂ္ဂိုလ်က သာလျှင်
မြင့်မြတ်တာကို သိနိုင်သည်။
မြင့်မြတ်တာကို သိတဲ့သူတွေကသာလျှင်
မြင့်မြတ်တာကို ပြန်ပေးနိုင်သည်။
မြင့်မြတ်တာကို ပေးနိုင်သူတွေက သာလျှင်
ပေးတိုင်းမကုန်ဘဲ မြင့်မြတ်တာတွေအမြဲ ဆောင်ထားနိုင်သည်။
(ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ)
No comments:
Post a Comment