Tuesday, November 19, 2013

ပကတိဥစ္စာနဲ့ ရန်သူမျိုး ၅ ပါး။

        ပကတိဥစ္စာလို့ခေါ်တဲ့ လောကလူသားတွေ ရှာဖွေနေကြတဲ့ ပစ္စည်းဥစ္စာတွေက အဖျက်
အမျိုးမျိုးနဲ့ ဆက်နွယ်နေတယ်။ “အဂ္ဂိသာဓာရဏာ ဘောဂါ” တဲ့၊ မီးဖျက်ရင်လည်း ပျက်သွား
နိုင်တယ်။ “ဥဒကသာဓာရဏာ ဘောဂါ” ရေဖျက်ရင်လည်း ပျက်သွားနိုင်တယ်။ “ရာဇသာဓာရ
ဏာ ဘောဂါ” တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေ သိမ်းသွားရင်လည်း ပါသွားနိုင်တယ်။ “စောရသာ
ဓာရဏာ ဘောဂါ” တိုက်ခိုက် ခိုးယူသွားရင်လည်း ပစ္စည်းတွေ ပါသွားနိုင်တယ်။ “အပ္ပိယဒါယာ
ဒသာဓာရဏာ ဘောဂါ” မချစ်မနှစ်သက်တဲ့သူ၊ သားဆိုး သမီးဆိုးတွေကြောင့်လည်းပဲ ထို
ပစ္စည်းတွေ ကုန်သွားနိုင်တယ်။ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ရှာရှာထားထား ထိုပစ္စည်းတွေ ဟာ တနည်းနည်းနဲ့ ကုန်ဆုံးသွားမှာ ဖြစ်တဲ့အတွက်ကြောင့် ခိုင်မာမှုဆိုတာ အလွန်တရာ  နည်းတယ်လို့ ဆိုလိုတာ ဖြစ်တယ်။
         ထို့အတူပဲ ထိုပစ္စည်းကို သုံးစွဲခွင့်ရတဲ့၊ ထိုပစ္စည်းရဲ့ အကျိုးကို ခံစားခွင့်ရတဲ့ အချိန်ပိုင်း
ကလေးကလည်း အင်မတန်မှ တိုတောင်းတယ်။ သက်တမ်းနဲ့တွက်ကြည့်မယ်ဆိုရင် အင်မတန်
မှ တိုတောင်းတဲ့အတွက် ထိုအချိန်ပိုင်းကလေးမှသာ သုံးရတာပါ၊ ပစ္စည်းဥစ္စာဆိုတာဟာ မရှိ
လည်းမဖြစ်ဘူး၊ ရှိလည်း ထိုအချိန်ပိုင်းကလေးအတွင်းမှသာ ထိုပစ္စည်းဥစ္စာကို သုံးစွဲကြရတာပါ၊
အားလုံး တစ်နေ့ကျတော့ မိမိတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ အကုန်လုံးထားပြီးသွားကြရတာပါပဲ။
         သူတော်ကောင်းအပေါင်းတို့ရဲ့ ဘိုးဘွားတွေဟာ အဆောက်အဦးတွေ ပစ္စည်းဥစ္စာတွေ
ကို ထားခဲ့ကြရတာပါပဲ၊ အဲဒီတော့ ပစ္စည်းဥစ္စာဟာ ခိုင်မာမှု မရှိသလို ရှည်ကြာမှုလည်းမရှိဘူး။
ပစ္စည်းဥစ္စာကို အကြောင်းပြုပြီးတော့ သုခခံစားရတာရှိသလို၊ ထိုပစ္စည်းကို အကြောင်းပြုပြီး
ဒုက္ခရောက်ရတာတွေလည်း ရှိပါတယ်။ “မရှိတောင့်တ ရှိကြောင့်ကျ” ဆိုတဲ့အတိုင်း ရှိထားတဲ့
ပစ္စည်းဥစ္စာပေါ်မှာ စိုးရိမ်မှုဆိုတာတွေလည်း ရှိသေးတယ်၊ အေး ဒါကြောင့်မို့ ရထားတဲ့ ပစ္စည်း ဥစ္စာတွေကို ရန်သူမျိုး ၅ ပါးနဲ့ ဆက်နွယ်နေတဲ့ပကတိဥစ္စာလို့ ခေါ်ပါတယ်။ ။
{၁၃၆၉ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် (၁၁) ရက်နေ့ည မန္တလေးမြို့ ဗုဒ္ဓဂယာဓမ္မာရုံကြီးအတွင်း
 အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(PhD) ဟောကြားသော မြတ်သောဥစ္စာ စုဆောင်းပါ
 တရားတော်မှ ကောက်နုတ်ရေးသားပါသည်။}
   “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.facebook.com/damanady.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment